Print

သင့်ခန္ဓာကိုယ် အနံ ့အသက်ကောင်းစေမည့် အဓိကအစားအစာများ

  01-Mar-2017
Preview Image

(၁) သံပရိုသီး

သံပရိုသီး၏ လတ်ဆတ်သော အနံ ့သည် ခန္ဓာကိုယ်အနံ ့အသက်ကောင်းအောင်ပြုလုပ်သည့်နေရာတွင် အဓိကနေရာမှ ပါဝင်ပါသည်။ သံပရိုသီးတွင် ခန္ဓာကိုယ်မှ အနံ ့ဆိုးထွက်စေသော ဘက်တီးရီးယားများကိုသေစေသည့်ဓာတ် များစွာပါဝင်ပါသည်။သံပရိုသီးတွင် ပါဝင်သော အက်ဆစ်ဓာတ်သည် အရေပြားတွင် ဘက်တီးရီးယားများအသက်မရှင်နို်င်သော pH အဆင့်ကိုဖြစ်စေသည်။ ခုခံအားစနစ်ကိုကောင်းမွန်စေသော 
ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခန္ဓာရှိအဆိပ်အတောက်များကို ဖယ်ရှားပေးသည်။

 

အသုံးပြုပုံ
မနက်ပိုင်းတွင် သံပရိုသီးကို ရေနွေးနွေးထဲတွင် ညှစ်၍ တစ်ခွက်သောက်ပေးပါ။ချိုင်းချွေးနံ ့နံခြင်းနှင့် ခြေထောက်နံ ့နံခြင်းများအတွက် သံပရိုခြမ်းကို ချိုင်းနှင့် ခြေထောက်ကို ပွတ်ပေးပါ။ ပြီးလျှင်ခြောက်အောင် ခဏထားပါ။ ပြီးနောက် ရေဆေးချပါ။ ထိုသို့ တစ်ရက်လျှင် တစ်ကြိမ် အနံ ့ပျောက်သည် အထိပြုလုပ်ပေးပါ။

 

(၂) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွင် အနံ ့ဆိုးထွက်ခြင်းကိုဖြစ်စေသော ဘက်တီးရီးယားများကို တိုက်ထုတ်ပေးသော ဓာတ်များစွာပါဝင်ပါသည်။ ထို့ပြင် ခရမ်းချဉ်သီးသည် ချွေးပေါက်များကိုု ကျဉ်းစေပြီး ချွေးဂလင်းလမ်းကြောင်းများကို ပိတ်ပေးပါသည်။

 

အသုံးပြုပုံ
ခရမ်းချဉ်သီးဖျော်ရည် တစ်ခွက် သို့မဟုတ် ခရမ်းချဉ်သီးသုတ်စားခြင်းကို နေ ့စဉ်ပြုလုပ်ပေးပါ။ ခရမ်းချဉ်သီးဖျော်ရည်ကို ချွေးထွက်သည့်နေရာများတွင် လိမ်းပြီး ၁၀-၁၅ မိနစ်ခန် ့ထားပါ။ ပြီးလျှင် ရေချိုးလိုက်ပါ။

 

(၃) လက်ဖက်စိမ်း

ဓာတ်တိုးဆန် ့ကျင်ပစ္စည်းများ များစွာပါဝင်သော လက်ဖက်စိမ်းသည် ကိုယ်ခန္ဓာအနံ ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးပါသည်။
လက်ဖက်စိမ်းသည် Glutathione ဟုခေါ်သော ဓာတ်တိုးဆန် ့ကျင်ပစ္စည်းကို ထုတ်ပေးသည်။ အဆိုပါဓာတ်သည် ကိုယ်ခန္ဓာကို အဆိပ်အတောက်ဖြစ်စေသောဓာတ်များကို ဖယ်ရှားပေးပါသည်။

 

အသုံးပြုပုံ
ရေနွေးခွက်ထဲသို့ လက်ဖက်စိမ်း လက်ဖက်ခြောက်မှုန် ့ကို လက်ဖက်ရည်ဇွန်း ၁-၂ ခန် ့ထည့်ပါ။ ၂-၃မိနစ်ခန် နှပ်ထားပါ။ ပြီးလျှင် ပျားရည် အနည်းငယ်ထည့်၍ သောက်သုံးနိုင်ပါသည်။တစ်ရက်ကို ၃-၄ခွက်ထိ သောက်သုံးနိုင်ပါသည်။

 

(၄) အုန်းဆီ
အုန်းဆီတွင်ပါဝင်သော ဖက်တီးအက်စစ်သည် အနံ ့ဆိုးထွက်စေသော ဘက်တီးရီးယားပေါက်ပွားမှုကို ထိန်းချုပ်ရာတွင် ကူညီပေးပါသည်။

 

အသုံးပြုပုံ
အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန် ့ကို ပါးစပ်ထဲသို့ထည့်ပါ။၁၅-၂ဝမိနစ်ခန် ့ ပါးစပ်ထဲကို မွှေပေးပါ။ ပြီးလျှင်သွားတိုက်သကဲ့သို့ ပြုလုပ်ပေးပါ။ ထိုသို့အိပ်ယာထထချင်း မနက်တိုင်းပြုလုပ်ပေးပါ။

 

(၅) သစ်ချပိုးခေါက်

ခံတွင်းသန် ့စင်ပစ္စည်းဟု လူသိများသော သစ်ချပိုးခေါက်သည် ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို သေစေနိုင်ပါသည်။

 


သစ်ချပိုးခေါက်ကို အရွယ်အသုံးပြုပုံတော်ဖြတ်၍ ရေနွေးပူထဲတွင် ၁ဝမိနစ်ခန် ့စိမ်ထားပေးပါ။ထိုအရည်ကို သောက်၍လည်း ရသည်။ ပလုပ်ကျင်း၍လည်း ရပါသည်။ နေ ့စဉ်ပြုလုပ်ပေးနိုင်ပါသည်။

 

(၆) တရုတ်နံနံပင်

တရုတ်နံနံပင်တွင် ပါဝင်သော Chlorophyll ဟုခေါ်သော အစိမ်းရောင်ခြယ်ပစ္စည်းများသည် အယ်ကာလီအာနိသင်ရှိပါသည်။ အဆိုပါဓာတ်သည် ခန္ဓာကိုယ်ရှိသွေးများကို သန် ့စင်ပေးပါသည်။ တရုတ်နံနံပင်သည် ကိုယ်ခန္ဓာရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပါသည်။

 

အသုံးပြုပုံ
တရုတ်နံနံပင် ကျိတ်ချေပြီးသားအရည် လက်ဖက်ရည် ၁ဇွန်းခန် ့ကို ရေနွေးပူပူထဲတွင် ၅မိနစ်ခန် ့နှပ်ထားပေးပါ။ ပြီးလျှင်အအေးခံ၍ သောက်သုံးနိုင်ပါသည်။ တစ်နေ ့တစ်ခွက် သောက်သုံးနိုင်ပါသည်။ အဆိုပါအရည်ဖြင့် အာလုပ်ကျင်းခြင်းမျိုးလည်း ပြုလုပ်နိုင်ပါသည်။

 

Ref : Top 10 Home Remedies

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18