Print

အလှအပနဲ့ ပြီးပြည့်စုံစေတဲ့ အစားအစာမာျး

  01-Mar-2017
Preview Image

 

ငယ်ရွယ်ပြီး လှပဖို့ဆိုရင် အလှကုန် ပစ္စည်းများ ဝယ်တာ ထက် မှန်ကန်သော အစား အစာများကို စားဖို့က ပိုအရေးကြီး ပါတယ်။ ဒါကြောင့် အရေပြားကို နုပျို စေပြီး ဆံပင်ကို သန်စွမ်း စေတဲ့ အစား အစာ(၁၀)မျိုးကို မိတ်ဆက်ပေးလိုက်ပါ တယ်။

 

၁။ ပန်းသီး

ပန်းသီမှာ အရေပြားကို စိုပြေစေ၊ ဆံပင်ကို သန်မာစေသော ဗီတာမင် အေ၊ ဘီ၊ စီတို့ ပါဝင်သည့်အပြင် ကျန်းမာ သောသွားများ၊ လက်သည်းခြေသည်းများ ဖြစ်ဖို့ လိုအပ်တဲ့ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ မက်ဂ်နီစီယမ် တို့လည်း ပါဝင် ပါတယ်။

 

၂။ ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကယ်လ်စီယမ်နှင့် ပိုတက်စီယမ် အများအပြားပါဝင်သော ကျန်းမာရေးနှင့် ညီညွတ်သည့် မုန့်ပဲသ ရေစာတစ်ခုပါ။ ကယ်လ်စီယမ်သည် သွား နှင့် အရိုးများကို သန်မာစေသည်။ ပိုတက် ဆီယမ်သည် ခန္ဓာကိုယ်၏ အဆိပ်အ တောက်များကို ပြေစေသောကြောင့် အ သားအရေကို ကြည်လင်လှပစေသည်။

 

၃။ စတော်ဘယ်ရီ

စတော်ဘယ်ရီတွင် အိုမင်းခြင်းကို နှောင့်နှေးစေသော antioxidant များပါ ဝင်ပါတယ်။ စတော်ဘယ်ရီသီးကို လက်တဆုပ်စာလောက် စားမယ်ဆိုရင် ဗီတာမင်စီအတွက် တစ်နေ့တာ လိုအပ် မှုပြည့်မှီစေပါတယ်။ ဒါ့ပြင်စတော်ဘယ် ရီသီးမှာ သွားများကို ဖြူစေတဲ့ အာနိသင် လည်း ရှိပါသေးတယ်။

 

၄။ ချိစ်

အနံ့အရသာရှိတဲ့ ချိစ်ဟာ ကယ်လ် စီယမ်အတွက် ကောင်းတဲ့ပင်ရင်းတစ်ခု ပါ။ ပြောခဲ့ပြီးတဲ့အတိုင်း ကယ်လ်စီယမ် ဟာ သွားနှင့် အရိုးကိုု သန်မာစေတဲ့အ ပြင် အရေပြား၏ ဆန့်နိုင်ကျုံ့နိုင်စွမ်း ကို ထိန်းပေးတဲ့အတွက် အသားအရေကို တင်းတင်းရင်းရင်းနဲ့ ငယ်ရွယ်နုပျိုစေ ပါတယ်။

 

၅။ ခရမ်းချဉ်သီး

နုပျိုစိုပြေတဲ့ အသားအရေအတွက် နောက်သော့ချက်တစ်ခုက ခရမ်းချဉ်သီး ပါ။ သူ့မှာ antioxidant တွေအများကြီး ပါဝင်လို့ ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ ူပခသစနညန ဓာတ်ဟာ အစာစားချင်စိတ် ကို လျော့နည်းစေတာကြောင့် ကိုယ်အ လေးချိန် ချချင်တယ်ဆိုရင်လည်း ခရမ်း ချဉ်သီးကို စားပေးရပါမယ်။

 

၆။ မုန်လာဥနီ

Beta Carotene ဟာ အသားအရေ ကို နုပျိုစေသော၊ ကင်ဆာကို ကာကွယ် ပေးသော အစွမ်းထက် antioxidant တစ် မျိုးပါ။ ဒီ Beta Carotene မြင့်မားစွာပါ ဝင်တဲ့သီးနှံဟာ မုန်လာဥနီဖြစ်ပါတယ်။ ဒါကြောင့် အသားအရေစိုပြေဖို့၊ ဆံပင် တွေသန်စွမ်းဖို့၊ လက်သည်းတွေကျန်းမာ ဖို့ မုန်လာဥနီကို နေ့စဉ်စားပေးပါ။

 

၇။ သခွားသီး

သခွားသီးမှာလည်း ဗီတာမင်အား ဖြင့် အေနှင့် စီပါဝင်သလို၊ သတ္တုဓာတ် အားဖြင့် ပိုတက်ဆီယမ်နှင့် မက်ဂ်နီဆီ ယမ်ပါဝင်ပါတယ်။ ဒီဗီတာမင်နဲ့ သတ္တု ဓာတ်တွေဟာ သွားနှင့် သွားဖုံးကျန်းမာ ရေးအတွက် အရေးကြီးပါတယ်။ အသား အရေကိုလည်း ကောင်းမွန်စေပါတယ်။

 

၈။ သီဟိုဋ်သီး

သီဟိုဋ္ဌ်သီးတွင် ပါဝင်သည့် ကော့ပါး ဟာ အရေပြားကို အိုမင်းစေသော၊ ရော၈ါ ဘယများကို ဖြစ်စေသော ် fre radical များကို တိုက်ထုတ်တဲ့ antioxidant အ ဖြစ်လုပ်ဆောင်ပေးပါတယ်။ မက်ဂ်နီဆီ ယမ်ကတော့ ဦးနှောက်အဖွဲ့အစည်းအပေါ် ကောင်းမွန်သော အကျိုးအာနိသင်ရှိပြီး ခေါင်းတခြင်းကိုက်ခြင်းကို ကာကွယ်ပေး ပါတယ်။

 

၉။ ဘလူးဘယ်ရီသီး

ဒီသေးငယ်ပြီး အရသာရှိတဲ့ အသီး တွေနဲ့ ဗီတာမင်ကနဲ့ သတ္တုဓာတ်တွေ ဟာ အိုမင်းခြင်းကို ကာကွယ်ပေးပြီး မှတ် ဉာဏ်ကိုတိုးပွားစေပါတယ်။ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်ကတော့ ခန္ဓာ ကိုယ်ရှိ အဆိပ်အတောက်များကို ပြယ်စေ ပါတယ်။ ၁၀။ သံလွင်ဆီ ကျန်းမာရေးနှင့် ညီညွတ်ပြီး ကယ်လိုရီနိမ့်သော သံလွင်ဆီ၏ ဗီတာ မင်အီးဟာ အရေပြားနုပျိုစေဖို့ပါ။ သံဓာတ် ကတော့ အရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေဖို့ပါ။ ဖော့စ်ဖရပ်စ်ကတော့ လှပ ပြီး ကျန်းမာတဲ့ သွားတွေဖြစ်ဖို့ အတွက် ပါ။ ကျွန်မတို့ အလှအပရော၊ ကျန်းမာ ရေးပါပြည့်စုံစေသော ဒီအစားအစာ(၁၀) ခုကို များများစားပေးရပါမယ်၊ နေ့စဉ် စားပေးရပါမယ်။


Credit: လပ်ကီးမြို့တော်
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18