Print

အစာစားပြီးရှောင်သင့်တာရှောင်

  01-Mar-2017
Preview Image

 

လူတွေအနေနဲ့ အစာစားပြီးတဲ့အခါ ရှောင်သင့်သည့်အရာတွေကို မရှောင်တဲ့အခါ ဘေးဒုက္ခများစွာ ရတတ်ပါတယ်။ ဒါကြောင့် ထမင်းစားပြီးဖြစ်စေ၊ အစာစားပြီးဖြစ်စေ ရှောင်ကြဉ်သင့်တဲ့အချက်တွေကို ရေးသားပေးလိုက်ပါတယ်။ 

 

၁။ အစာစားပြီးပြီချင်းရေမချိုးပါနှင့်

အချို့သော လူတွေဟာ အစာစားပြီးပြီး သို့မဟုတ် ထမင်းစားပြီးပြီးချင်းမှာ ရေကိုချက်ချင်း ချိုးတတ်ကြပါတယ်။ တကယ်တော့ ထမင်းစားပြီး ရေကိုချက်ချင်းချိုးခြင်းခြင်းဟာ လက်တွေ ခြေထောက်တွေနဲ့ လူခန္ဓာကိုယ်ကိုသွားတဲ့ သွေးပမာဏကိုလျော့ကျ သွားစေပါတယ်။ ဒီတော့ အစာအိမ်မှာရှိတဲ့ အစာခြေစနစ် Digestion ကို အားနည်းသွားပြီး အစာမကြေတာဖြစ်တတ်ပါတယ်။ 

 

၂။ လက်ဖက်ရည်ကို ချက်ချင်းမသောက်ပါနဲ့

အအီပြေချင်လို့ ခံတွင်းချဉ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ လူတွေဟာ အစာစားပြီးတဲ့အခါ လက်ဖက်ရည်လေး သောက်တတ်ကြပါတယ်။ လက်ဖက်ရွက်မှာ အက်ဆစ်ပါဝင်မှုနှုန်း မြင့်တဲ့အတွက် လူတွေစားသုံးလိုက်တဲ့ အစာတွေဟာ အစာအိမ်ထဲမှာ ပရိုတိန်းလို့ခေါ်တဲ့ ဓာတ်တွေကို အခက်အခဲကို ဖြစ်စေပါတယ်။

 

၃။ ခါးပတ်ကို ချက်ချင်းမဖြေပါနဲ့

ဗိုက်တင်းလို့ဆိုပြီး ထမင်းစားပြီးတဲ့အခါ ခါးပတ်ကို ချက်ချင်းဖြေလိုက်တဲ့သူတွေ ရှိပါတယ်။ တချို့က ခါးပတ်ကြိုးကို လျော့လိုက်တာတွေရှိပါတယ်။ အဲဒီလိုချက်ချင်း လျော့လိုက်ခြင်းဟာ ဝမ်းဗိုက်အတွင်းက အူတွေကို ခေါက်စေတဲ့အတွက် အန္တရာယ်များစေပါတယ်။ 

 

၄။ ချက်ချင်းလမ်းမလျှောက်ပါနဲ့

အစာကြေအောင်ဆိုပြီး အစာစားပြီးချက်ချင်း လမ်းထလျှောက်တဲ့သူတွေရှိပါတယ်။ အချို့ကလည်း အစာစားပြီး လမ်းချက်ချင်းလျှောက်ခြင်းဟာ အသက်ကိုရှည်စေတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ကို ကောင်းစေတယ်လို့ ပြောပါတယ်။ တကယ်တော့ အစာစားပြီးချက်ချင်း လမ်းလျှောက်လိုက်တဲ့အခါ စားလိုက်တဲ့ အစာအာဟာရတွေကို စုပ်ယူဖို့ Absorption လုပ်လို့ ခက်ခဲသွားစေတတ်ပါတယ်။

 

၅။ မအိပ်ပါနဲ့

စားပြီးတော့ ငိုပ်မြည်းလာပြီး ချက်ချင်းအိပ်ရာပေါ်မှာ အိပ်တတ်တဲ့အကျင့်ရှိသူတွေ ရှိပါတယ်။ အစာစားပြီး ချက်ချင်းအိပ်တဲ့အခါ အစာမကြေခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

၆။ ဆေးလိပ်သောက်တာရှောင်ပါ

ခံတွင်းချဉ်လို့ ထမင်းစားပြီးတိုင်း ဆေးလိပ်သောက်တတ်တဲ့ smokers တွေ ဒုနှင့်ဒေးရှိပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ ထမင်းစားပြီး ဆေးလိပ်တစ်လိပ် သောက်သုံးခြင်းဟာ သာမန်အချိန် ဆေးလိပ် ၁၀ လိပ်သောက်ခြင်းနှင့် ညီမျှပြီး ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းအများဆုံး ဖြစ်ကြောင်းသိရပါတယ်။ ဒါကြောင့် ထမင်းစားပြီး ဆေးလိပ်သောက်ခြင်းကို အထူးရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

 

၇။ သစ်သီးတွေ ချက်ချင်းမစားနဲ့

အဆီအဆိမ့်ပြေစေဖို့ သစ်သီးတွေကို ထမင်းစားပြီးပြီး ချင်းချက်ခြင်းစားတဲ့အခါ အစာအိမ်ကို လေခံစေတတ်ပါတယ်။ ဒါကြောင့် သစ်သီးစားမယ်ဆိုလည်း အစာနဲ့ဝေးဝေး ထမင်းစားပြီး တစ်နာရီ ဒါမှမဟုတ် ထမင်းမစားခင် တစ်နာရီအလိုလောက်မှာသာ စားသုံးသင့်ပါတယ်။


Credit:
နေခြည်
Health for all magazine, May 2016, Pg. 76



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18