Print

ဆောင်းရာသီနှင့် နာနတ်သီး

  01-Mar-2017
Preview Image

 

ဆောင်းရာသီမှာ နာနတ်သီးပေါတာကြောင့် စာဖတ်သူတို့ အားလုံး နာနတ်သီးစားဖြစ် ကြမည်လို့ ထင်ပါတယ်။ ဒါကြောင့် နာနတ်သီးရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။

 

၁။ ဓာတ်တိုးပစ္စည်းတွေရဲ့ ဖျက်ဆီးမှုမှ တားဆီးပေးတယ်

နာနတ်သီးမှာ အင်တီအောက်ဆီဒင့်တွေ ကြွယ်ဝလို့ ခနွာကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်တိုက်ထုတ်ပေးပြီး ဆဲလ်တွေ ပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။ အင်တီအောက်ဆီးဒင့်တွေက သွေးကြောနံရံမှာ အဆီဖတ်တွေ ကပ်ငြိနေတာ၊ နှလုံးရောဂါ၊ အဆစ်အမျစ်ရောင်ရမ်းနာနဲ့ ကင်ဆာရောဂါတစ်ချို့ကို မဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။

 

၂။ အအေးမိတာ မဖြစ်အောင် ကာကွယ်ပေးတယ်

နာနတ်သီးမှာ ဗီတာမင် C ကြွယ်ဝတာကြောင့် ပိုးမွှားတွေ ကူးစက်မှုမှ တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ ဆေးဝါးတွေကို သောက်သုံးနေစဉ်မှာ နာနတ်သီးကို စားသုံးပေးပါက အအေးမိဝေဒနာတွေ သက်သာစေပြီး တုပ်ကွေးဖြစ်ပြီးနောက် ချောင်းဆိုးတာ မကျန်ခဲ့အောင် ကူညီပေးပါတယ်။ 

 

၃။ အရိုးတွေ သန်မာစေတယ်

နာနတ်သီးမှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်လို့ အရိုးနဲ့တွယ်ဆက်တစ်သျှူးတွေကို သန်မာစေပါတယ်။ နာနတ်သီးဖျော်ရည်တစ်ခွက်က နေ့တစ်နေ့တာ လိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏရဲ့ ၇၃ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်။

 

၄။ သွားဖုံးတွေ ကျန်းမာစေတယ်

နာနတ်သီးက သွားဖုံးတွေကို ကျန်းမာစေပြီး သွားဖုံးရောဂါတွေ ဖြစ်ပွားမှုမှ ကာကွယ်ပေးပါတယ်။ သွားဖုံးတွေ ကျန်းမာတာကြောင့် သွားတွေ ပျက်စီးဆုံးရှုံးမှု ဖြစ်နိုင်ခြေ နည်းသွားစေပါတယ်။

 

၅။ မျက်စိမြင်လွှာ ပျက်စီးမှုမှ ကာကွယ်ပေးတယ်

မျက်စိမြင်လွှာ ပျက်စီးတာကြောင့် အမြင်အာရုံဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နာနတ်သီးထဲမှာ ဘီတာကယ်ရိုတင်း ပါဝင်လို့ အမြင်အာရုံကောင်းမွန်စေတဲ့အပြင် မျက်စိကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

 

၆။ ရောင်ရမ်းမှုတွေကို လျော့နည်းစေတယ်

နာနတ်သီးမှာ ရောင်ရမ်းမှုတွေ လျော့နည်းစေတဲ့ အာနိသင်ရှိလို့ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်မှု မဖြစ်အောင် တားဆီးပေးပါတယ်။

 

၇။ နှာခေါင်းတွင်း လေအိတ်ရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ဂေါက်ရောဂါတွေ
မဖြစ်အောင် တားဆီးပေးတယ်။နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလင်အင်ဇိုင်းက နှာခေါင်းတွင်း လေအိတ်ရောင်ရမ်းတာ မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် လည်ချောင်းနာတာ၊ ဂေါက်ရောဂါနဲ့ တခြားရောင်ရမ်းတွေ မဖြစ်အောင်လည်း တားဆီးပေးပါတယ်။

 

၈။ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်

နာနတ်သီးထဲမှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်တိုက်ထုတ်ပေးပါတယ်။ဆဲလ်တွေပျက်စီးမှုမှ ကာကွယ်ပေးပြီး ကင်ဆာရောဂါတွေ ဖြစ်ပွားမှုမှ တားဆီးပေးပါတယ်။

 

၉။ သွေးကြောနံရံမှာ အဆီဖတ်တွေ ကပ်ငြိမှုမှ ကာကွယ်ပေးတယ်

ဓာတ်တိုးပစ္စည်းတွေက သွေးကြောနံရံမှာ သွေးခဲဖတ်တွေ ကပ်ငြိမှုကို အားပေးပါတယ်။ နာနတ်သီးကို နေ့စဉ်စားသုံးပေးပါက သွေးကြောနံရံမှာ သွေးခဲဖတ်တွေ ကပ်ငြိမှုမှ ကာကွယ်နိုင်ပါတယ်။

 

၁၀။ နှလုံး ကျန်းမာစေတယ်

နာနတ်သီးထဲက အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေက ဓာတ်တိုးပစ္စည်းတွေနဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆီတွေကို ဖယ်ရှားပေးလို့ နှလုံးရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

 

၁၁။ ခုခံစွမ်းအား မြင့်မားစေတယ်

နာနတ်သီးထဲမှာ အင်တီအောက်ဆီဒင့်ဖြစ်တဲ့ ဗီတာမင် C ပါဝင်လို့ ခုခံစွမ်းအားမြင့်မားစေပါတယ်။

 

၁၂။ အစာချေဖျက်မှု ကောင်းမွန်စေတယ်

နာနတ်သီးထဲမှာ ဘရိုမီလင်အင်ဇိုင်း၊ ဗီတာမင် C နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင် တာကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ 

 

၁၃။ အူလမ်းကြောင်းထဲရှိ သန်ကောင်၊ တုတ်ကောင်တွေကို ဖယ်ရှားပေးတယ်

နာနတ်သီးထဲမှာ အစာခြေအင်ဇိုင်းဖြစ်တဲ့ ဘရိုမီလင် ပါဝင်ပါတယ်။ နာနတ်သီးကို ပုံမှန်စားသုံးပေးက အူလမ်းကြောင်းထဲရှိ သန်ကောင်၊တုတ်ကောင်တွေကို ဖယ်ရှားနိုင်ပါတယ်။

 

၁၄။ ပျို့အန်တာကို သက်သာစေတယ်

နာနတ်သီးဖျော်ရည်ကို ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ပျို့အန်တာနဲ့ ခရီးသွားလို့ မူးမော်ပြီး ပျို့အန်တာတွေအတွက် သောက်သုံးနိုင်ပါတယ်။


Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, September 2015, Pg. 278



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18