Print

ကီဝီသီးအစွမ်း

  01-Mar-2017
Preview Image

 

ကီဝီသီးသည် အေးသောဓာတ်ရှ်ိ၏ အရသာမှာ ချိုချဉ်ဖြစ်၏ သရက်ရွက်နှင့် အစာအိမ်အတွက် ကောင်းကျိုးများစွာပေး၏။

 

စားသုံးသူများ
ကီဝီသီးကို အသက်ကြီးငယ်မရွေး စားပေးနိုင်ပါသည်။ အထူးသဖြင့် သွေးတိုးရောဂါရှိသူ၊ နှလုံးသွေးကြောရောဂါရှိသူ၊ နှလုံးအဆို့ရှင်ရောဂါဖြစ်နေသူ၊ ဆီးလမ်းကြောင်းကျောက်တည်နေသူ၊ ဝမ်းချုပ်သူ၊ ကင်ဆာရောဂါရှိသူ၊ အဆစ်ရောင်တက်သူတို့ စားပေးသင့်ပါသည်။

 

မစားသုံးသူများ
ကီဝီသီးကို ဝမ်းသွားလွယ်တတ်သူ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်သူ၊ ဓမ္မတာလာချိန်တွင် သွေးပမာဏများများ ဆင်းတတ်သည့် မိန်းကလေးများ မစားသင့်ပါ။

 

ပါဝင်သောဓာတ်များ
ကီဝီသီးထဲတွင် ကာဗွန်ဟိုက်ဒရိတ်၊ ဆယ်လူလို့စ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် E ၊ ဗီတာမင် K၊ ခယ်လီယမ်၊ ကယ်လ်ဆီယမ်၊ မီးစုန်းဓာတ်၊ မဂ္ဂနှီဆီယမ်၊ မီးစုန်းဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။

 

ကောင်းကျိုး
ကီဝီသီးထဲတွင် ဆယ်လူလို့စ်ဓာတ် ပါဝင်သောကြောင့် ကိုလက်စထရောကို ကျဆင်းစေသည်။ နှလုံးကို ကျန်းမာစေသည်။ ဝမ်းချုပ်ခြင်းကို ရပ်တန့်စေနိုင်သည်။ ဝမ်းသွားလွယ်စေနိုင်မည်။ အစာကြေစေရန် ပြုလုပ်ပေးနိုင်သည်။ နှလုံးသွေးကြောရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ နှလုံးသွေးကြောရောဂါကို ကြိုတင် ကာကွယ်ပေးနိုင်သည်။ အကင်များစားခြင်းသည် ကင်ဆာရောဂါကို ဖြစ်စေနိုင်သဖြင့် အကင်စားပြီးနောက် ကီဝီသီးကို စားပေးပါ။ ကီဝီသီးသည် ကင်ဆာရောဂါကို ကာကွယ်၍ ခုခံပေးနိုင်သည်။

 

ကီဝီသီးထဲတွင် ဗီတာမင် A ၊ ဗီတာမင် C ပါဝင်သောကြောင့် ရောဂါပြီးဓာတ်ကို တိုးပွားစေမည်။ အရေပြားအတွင်းရှိ ဆဲလ်များကို ကျန်းမာစေမည်။ အအေးမိခြင်းကို ကာကွယ်ပေးနိုင်သည်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကို ဖယ်ရှားပေးသည်။ကီဝီသီးထဲတွင် ဗီတာမင် E နှင့် ဗီတာမင် K ပါဝင်သောကြောင့် အဆီကျလှပစေသည်။ အလှအပအတွက် အလွန်အင်မတန် ကောင်းကျိုးပေးနိုင်သည်။ ကီဝီသီးထဲတွင် ဖောလစ်အက်ဆစ်ဓာတ်ပါသောကြောင့် ဆဲလ်များ၊ နာ ့ဗ်ကြောများကို ကျန်းမာသန်စွမ်းစေနိုင်ပါသည်။ ကီဝီသီးထဲတွင် ခယ်လီဓာတ် ပါသောကြောင့် သွေးဖိအားကို ထိန်းပေးပါသည်။ သွေးတိုးရောဂါရှိသူများ စားသုံးပါက ကောင်းကျိုးများစွာ ရရှိစေပါသည်။ 

 

ကီဝီသီး စားသုံးနည်း
ကီဝီသီးကို ထမင်းမစားခင် စားပေးပါက ကိုယ်ခန္ဓာကိုယ်မှ ကီဝီသီးထဲရှိ အာဟာရဓာတ်များကို စုပ်ယူပေးနိုင်သည်။ ကီဝီသီးကို ထမင်းစားပြီးနောက် စားပါက အစာကြေစေနိုင်သည်။

 

တွဲဖက်စားသုံးရန်
၁။ ကီဝီသီး၊ ဒိန်ချဉ်

အာဟာရဓာတ် ပြည့်ဝ

စွာပါသော ဒိန်ချဉ်နှင့် ကီဝီသီး တွဲစားပါက အူမကြီးအတွင်းရှိ မကောင်းသည့် ပိုးမွှားများကို ရှင်းလင်းပေးနိုင်သည်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ကုသပေးနိုင်သည်။

 

၂။ ကီဝီသီး၊ အမဲသား

သံဓာတ်ပါသော အမဲသားနှင့် ကီဝီသီးကို တွဲစားပေးပါက လူ့ခန္ဓာကိုယ်က သံဓာတ်ကို ပိုမိုစုပ်ယူနိုင်သည်။ သွေးအားနည်းခြင်းကို ကြိုတင်ကာကွယ်ပေးသည်။ ကိုယ်ခန္ဓာကိုယ်အင်အားများ တိုးပွားစေသည်။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပေးနိုင်သည်။

 

ကီဝီသီးနှင့် တွဲဖက်မစားသင့်သော အစားအစာများ
၁။ ကီဝီသီး၊ နွားနို့

ကီဝီသီးနှင့် နွားနို့် တွဲမစားသင့်ပါ။ တွဲစားမိပါက ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တတ်သည်။

 

၂။ ကီဝီသီး၊ မုန်လာဥနီအစိမ်း 

ကီဝီသီးနှင့် မုန်လာဥနီအစိမ်း တွဲစားပါက ပါဝင်သော ဗီတာမင် C ချင်း ဓာတ်ပြုသောအခါ အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးသွားကြသည်။ ထို့ကြောင့် တွဲမစားသင့်ပါ။

 

၃။ သခွားသီးနှင့် ကီဝီသီး

ကီဝီသီးနှင့် သခွားသီး တွဲစားမိပါက ပါဝင်သော ဗီတာမင်များ ဓာတ်ပြုသောအခါ အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးသွားပါသည်။ ထို့ကြောင့် တပြိုင်တည်း တွဲမစားသင့်ပါ။

 

အဆီကျ ကီဝီသီးဓာတ်စာ
ပါဝင်ပစ္စည်း။ ။ ကီဝီသီး ၁ လုံး၊ သံပရိုသီး တစ်စိတ်၊ ပျားရည်ဇွန်းသေး ၁ဇွန်း၊ ရေအနည်းငယ်။

 

ပြုလုပ်နည်း
ကီဝီသီးတစ်လုံးကို ရေဆေး၍ အတုံးလေးများဖြစ်အောင် လှီးပါ။ ၎င်းနောက် ဖျော်ရည်စက်ထဲသို့ ရေသန့်နှင့် အတူတွဲထည့်ပါ။ သံပရိုသီးတစ်စိတ်လှီး၍ ညှစ်ထည့်ပါ။ ပျားရည်ဇွန်းသေး ၁ဇွန်းပါ ရောထည့်၍ ဖျော်ရည်စက်ဖြင့် ကြေအောင်ကြိတ်ပါ။

 

အကျိုး
ဤဓာတ်စာဖျော်ရည်သောက်ပေးပါက အဆီကျလှပစေပါသည်။


Credit : ယမုံအေး (စမ်းချောင်း)
Ref:China Magazine

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18