Print

မုန်လာဥနီ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ

  01-Mar-2017
Preview Image

 

- ဘီတာကယ်ရိုတင်း၊ ဖိုင်ဘာအမျှင်၊ Anti Oxidant ၊Vitamin A, C, K နှင့် Potassium(ပိုတက်ဆီယမ်) ကြွယ်ဝစွာ ပါဝင်သည်။

 

- တစ်ရက်လျှင် 1.7 to 2.7 mg ဘီတာကယ်ရိုတင်းကို စားပါက ကင်ဆာအများစု၊ အထူးသဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို ၄၀% လျော့ပါးစေသည်။ မုန်လာဥနီ၌ ပါသော ဖိုင်ဘာက အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို ၂၄% လျော့ကျစေသည်။ မုန်လာဥနီ အစိမ်းစားသူ မိန်းမများသည် မစားသော မိန်းမများထက် ရင်သားကင်ဆာဖြစ်ပွားမှုကို ၅ဆမှ ၈ ဆအထိ လျော့ပါးစေနိုင်သည်။

 

- တစ်ရက်လျှင် မုန်လာဥနီ (၇)အောင်စနှင့် (၃)ပတ်စားပါက Cholesterol ကို ၁၁%လျော့စေသည်။

 

- Heart Attack ရခြင်းမှ ကာကွယ်ပေးသည်။

 

- Macular degeneration မျက်စိ အမြင်အာရုံကို စုစည်းထားသော နေရာ ပျက်စီးမှုဖြစ်နိုင်ချေကို ၄၀% လျော့ပါး စေသည်။

 

- Vitamin A ချို့တဲ့ သူများတွင် အလင်းရောင် မှိန်သော အချိန်၊ မျက်စိအမြင် အားနည်းမှုကို လျော့ပါး စေသည်။ တစ်ရက်လျှင် မုန်လာဥနီ တစ်လုံး စားသုံးပါက Stroke (လေဖြတ်ခြင်း) ဖြစ်နိုင်ချေကို ၆၈% လျော့ပါးစေသည်။ ဦးနှောက်ကို ခွန်အားဖြစ်စေ၍ လေဖြတ် လူနာများ၏ အသက်ရှင်သန်မှုနှုန်းကို အကောင်းဆုံးဖြစ်စေသည်။

 

- Blood Sugar Level သွေးတွင်းရှိ သကြားဓါတ်ကို ကောင်းစေသည်။ အသည်းမှ ဘက်တီးရီးယားကို သေစေသည်။

 

- Carrot Oil သည် Dry Skin အတွက် ကောင်းစေသည်။ ချောမွေ့နူးညံပြီး တင်းရင်းစေသည်။


Credit : မြဝတီ
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18