Print

ကလေးလမ်းလျှောက်နောက်ကျခြင်း

  28-Feb-2017
Preview Image

 

ပျှမ်းမျှအားဖြင့် ကလေးများ အသက် တစ်နှစ်နှင့် နှစ်လအရွယ်ခန့်တွင် လမ်းလျှောက်လေ့ ရှိကြသည်။ ၁၀ လနှင့် လျှောက်သူလည်း ရှိချင်ရှိမည်။ တစ်နှစ်ခွဲမှ လျှောက်သူလည်း ထုနဲ့ဒေး။ စောလျှောက်တာနှင့် နောက်ကျလျှောက်တာ ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘာမှမကွာ။ ပုံမှန်အားဖြင့်တော့ ယောကျ်ားလေးများက အနည်းငယ်စော၍ လျှောက် တတ်ကြသည်။ အသက်တစ်နှစ်ခွဲကျော်အထိ မလျှောက်သေးသည့် ကလေးများကိုတော့ လမ်းလျှောက်နောက်ကျသည်ဟု သတ်မှတ်သည်။ သို့သော် လမ်းလျှောက်နောက်ကျတိုင်း စိုးရိမ်စရာမဟုတ်ပါ။

 

ဖင်တရွတ်တိုက်သွားခြင်း၊ လေးဘက်တွားသွားခြင်း၊ ဝမ်းလျားထိုးသွားခြင်း စသဖြင့် သူလှည့်ပတ်သွားစရာ နည်းလမ်းတစ်ခုခု တတ်မြောက်သွားသော ကလေးများ ထ၍ လမ်းလျှောက်ရန် ပျင်းလေ့ရှိသည်။ ထို့ထက်နည်းနည်းပို၍ နောက်ကျတတ်သည်။ ဘာမှလုပ်ပေးစရာမလို။ အချိန်တန်လျှင် လျှောက်ကြမည်သာ။ Walker ခေါ် ဘီးတပ်ခွေထဲတွင် ထည့်ပေးထားသော ကလေးများက သာ၍ပင် နောက်ကျ တတ်သေးသည်။ သူတို့ခြေထောက်ကို သူတို့ငုံ့ကြည့်လျှင် မမြင်ရသောအခါ လမ်းလျှောက်စလေ့ကျင့်ရာတွင် ခက်ခဲတတ်ပါသည်။ ဘီးတပ်ခွေကို ဘယ်တုန်းကမှ ကျွန်တော်အားမပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18