Print

လေထိုးလေအောင့်ခြင်း

  28-Feb-2017
Preview Image

 

ကလေးသူငယ်များ လေထိုးလေအောင့်ခြင်းသည် ကလေးငယ်အား မကြည့်ရက်စရာ သနားဖွယ်ဖြစ်သလို မိဘတို့မှာလည်း အလွန်စိတ်မကောင်းစရာဖြစ်သည်။ အထူးသဖြင့် ညရေးညတာဆိုလျှင် ပိုပြီး စိတ်ရှုပ်ရဖွယ်ဖြစ်သည်။ မွေးကင်းစကလေးများနှင့် လသား အရွယ်ကလေးများတွင် လေထိုးလေအောင့် ဖြစ်ခြင်းသည်ပိုမိုဆိုးဝါး၏။ လေထိုး လေအောင့်ခြင်းမှာ ရုတ်တရက်ဖြစ်လာသလို ရုတ်တရက်လည်း ပျောက်ကင်းနိုင်ပါတယ်။ ကလေးများနှင့် မိဘများပါ အဆင်ပြေစေနိုင်သော လေထိုးလေအောင့်ဖြစ်ခြင်း အတွက် ပြုစုရန်၊ ကုသရန်၊ ကာကွယ်ရန် နည်းလမ်းများဖြစ်သည်။

 

ကလေးကို ဝမ်းလျားမှောက်ပွေ့ချီနည်း

ကလေး လေထိုးလေအောင့်ဖြစ်လျှင် မိမိ၏လက်တစ်ဖက်က ရှေ့သို့ဆန့်ထုတ်၍ ကလေးကိုမှောက်လျက် ကျန်လက်တစ်ဖက်က ထိန်းပေးပြီး ကလေး၏ခြေထောက်နှစ်ဖက် ကို တံတောင်ဆစ်အနီးတွင် မှေး၍ပွေ့လျက် ထိုအနေအထားတွင် အခန်းထဲ၌လှည့်ပတ်၍ လမ်းလျှောက်ပေးပါက လေအောင့်လေနာ ပျောက်သော ပွဲတွေ့နည်းဖြစ်သည်။ 

 

ကလေးကို လေတက်ပါစေ

လေထိုးလေအောင့်ဖြစ်သော ကလေးများသည် သာမန်အချိန်ထက် ဝမ်းဗိုက်ထဲတွင် လေ များ များနေသဖြင့် လေမတက်နိုင်ရှိတတ်သဖြင့် ကလေးကို အစာကျွေးလျှင် တည့်တည့် မတ်မတ်ထိုင်သော အနေအထားဖြင့် ထောင်လျက် ရှိစေခြင်းဖြင့် လေတက်စေနိုင် သည်။ နို့ဘူးတိုက်လျှင်လည်းတစ်ကြိမ်သောက်ပြီးတိုင်း လေတက်အောင်ပြုလုပ်သင့်သည်။

 

မိခင်ကနွားနို့ထွက်ပစ္စည်းရှောင်ရန်

ကလေးနို့တိုက်မိခင်၏ အစားအသောက်ထဲတွင် နို့ထွက်ပစ္စည်းများ ပါဝင်ပါက ကလေးလေအောင့်တတ်သည်ဟူသော အယူအဆတစ်ခုရှိသည်။ နို့ထွက်ပစ္စည်းများ ကို ရှောင်လျှင် လေထိုးလေအောင့်သက်သာခြင်း ရှိမရှိ စမ်းသပ်ကြည့်သင့်သည် ။ လေမအောင့်တော့လျှင် ထိုနည်းနှင့် သင့်လျော်သည်။ လေအောင့်မြဲ အောင့်နေလျှင် ဤအကြောင်းကြောင့် မဟုတ်သဖြင့် အခြားနည်း စမ်းသပ်ဖို့ ဖြစ်သည်။ 

 

မိခင်၏ အစားအသောက်နှင့် ညှိနှိုင်းစစ်ဖို့
မိခင်နေ့စဉ်စားသောက်သော အစားအစာများတွင် ကလေးကို လေထိုးလေအောင့် အစာမကြေဖြစ်စေသော ကက်ဖိန်းပါသည့်အစာ၊ ချောကလက်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဘယ်ရီသီးနှင့် ဟင်းခတ်အမွှေးအကြိုင်များ ပါမပါ စိစစ်ကြည့်သင့်သည်။ မိခင်၏ အစားအသောက်ကြောင့်လည်း တစ်ခါတစ်ရံ ကလေးငယ် လေထိုးလေအောင့် ဖြစ်ရသည်။

 

ကလေးကို အနှီးဖြင့် လုံခြုံစွာပတ်ခြင်း
ကလေးကို ချီပိုးသယ်ဆောင်၍ လွယ်စေပြီး တောင့်တင်းသော အနေအထားဖြင့် နွေးထွေးစေသောအနှီး (သို့) စောင်ဖြင့်ထုပ်နည်းကိုလည်း ကျွမ်းကျင်သူများက အကြံပြုသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မောင်ဆုရှင် မြန်မာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18