Print

ကလေးများတွင် နွားနို့နှင့် ဓာတ်မတည့်ခြင်း

  28-Feb-2017
Preview Image

 

ကလေးငယ်များအား မိခင်နို့တိုက်ကျွေးရန် အခက်အခဲရှိသောအခါ အစားထိုးတိုက်ကျွေး တတ်ကြသည်မှာ နွားနို့ပင်ဖြစ်သည်။ နွားနို့မှာ မိခင်နို့နှင့် ပါဝင်မှု မတူညီပေ။ တစ်ချို့သော အာဟာရဓာတ်ပစ္စည်းများ ပိုမိုပါဝင်ပြီး တစ်ချို့မှာ လျော့နည်းနေသည်။ နွားနို့ သို့မဟုတ် နွားနို့ဖြင့် ပြုလုပ်ထားသော ဖော်မြူလာများ တိုက်ကျွေးသောအခါ ဓာတ်မတည့်မှု ပြဿနာ ကြုံတွေ့ရတတ်သည်။နွားနို့ဓာတ်မတည့်မှုကြောင့် ကလေးငယ်များတွင် အဓိက ဖြစ်ပေါ်လေ့ရှိသော လက္ခဏာ မှာ ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်သည်။ တချို့ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောခြင်းမှာ ဆိုးဝါးပြင်းထန်လွန်းသဖြင့် ကုသရန်ခက်ခဲတတ်ပြီး သေဆုံးသည်အထိပင် အန္တရာယ် ရှိကြောင်းတွေ့ရသည်။ နွားနို့နှင့် ဓာတ်မတည့်မှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း အပြင် အောက်ဖော်ပြပါ လက္ခဏာများလည်း ဖြစ်ပေါ်နို်င်သည်။

 

၁။ အန်ခြင်း

ကလေးငယ်များသည် နွားနို့နှင့် ဓာတ်မတည့်မှုကြောင့် အန်တတ်သဖြင့် စားသမျှ အာဟာရမဖြစ်တော့ဘဲ ကိုယ်အလေးချိန် ကောင်းစွာ မတက်နိုင်ဘဲ ဖြစ်တတ်သည်။

 

၂။ ဗိုက်နာခြင်း

ကလေးငယ်အား နို့တိုက်ကျွေးမွေးပြီးတိုင်း ငိုတတ်ကြောင်း သတိပြုမိနိုင်သည်။ နွားနို့အ စား ပဲနို့ကို ပြောင်းလဲတိုက်ကျွေးခြငး်ဖြင့် ဗိုက်နာပပျောက်၍ အငိုသက်သာနိုင်သည်။

 

၃။ အူလမ်းကြောင်းမှ သွေးယိုစီးခြင်း

နွားနို့တိုက်ကျွေးသော ကလေးငယ်များ ဝမ်းသွားသောအခါ သွေးများ ပါတတ်ကြသည်။ တစ်ခါတစ်ရံ သာမန်မျက်စိနှင့် မမြင်တွေ့နိုင်သော သွေးပါနိုင်သည်။ သွေးဆုံးရှုံးမှုကြောင့် သွေးအားနည်းစေနိုင်သည်။

 

၄။ အဆုတ်၌ သွေးယိုစီးခြင်း

နွားနို့နှင့် ဓာတ်မတည့်မှုကြောင့် အဆုတ်၌ သံဓာတ်များစုပုံခြင်း ရောဂါဖြစ်တတ်သည်။ နာတာရှည်ချောင်းဆိုးပြီး ချောင်းဆိုးရာတွင် သွေးပါတတ်သည်။ အဆုတ်အား ဓာတ်မှန်ရိုက် စစ်ဆေးနိုင်သည်။

 

၅။ ပရိုတင်းများ ဆုံးရှုံးခြင်း

အစာလမ်းကြောင်းမှ ပရိုတင်းဓာတ်များဆုံးရှုံးပြီး ခန္ဓာကိုယ်၌ ပရိုတင်းဓာတ်ချို့တဲ့ကာ အာဟာရချို့တဲ့ခြင်းနှင့် ဖောရောင်ခြင်း ဖြစ်နိုင်သည်။

 

၆။ နှာရည်ယိုခြင်း

နှာရည်ယိုခြင်းသည် နွားနို့ဓာတ်မတည့်မှု၏ လက္ခဏာတစ်ခုဖြစ်သည်။

 

၇။ အရေပြား အဖုအပိမ့်ထွက်ခြင်း

ဓာတ်မတည့်မှု အများအပြားတွင် အရေပြား၌ အဖုအပိမ့်အကွက်များ ထွက်လေ့ရှိသကဲ့သို့ နွားနို့နှင့် ဓာတ်မတည့်ခြင်းကြောင့် အရေပြားပြဿနာ ဖြစ်လေ့ရှိသည်။

 

၈။ သွေးလန့်ခြင်း

ဆိုးဝါးသော ဓာတ်မတည့်မှုကြောင့် သွေးလန့်ခြင်း ဖြစ်တတ်ပါတယ်။ သွေးဖိအားကျပြီး သတိလစ်မေ့မျောသွားခြင်း ဖြစ်နို်င်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ကျန်းမာရေးဆိုင်ရာသတင်းနှင့် ဗဟုသုတများ (အမှတ်- ၁)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18