Print

သွေးလွန်တုပ်ကွေးဖြစ်သော ကလေးများ

  28-Feb-2017
Preview Image

 

သွေးလွန်တုပ်ကွေး ဖြစ်တဲ့အခါ ကလေးရဲ့ သွေးရည်ကြည်တွေဟာ သွေးကြောထဲ ကနေ ပြင်ပကို စိမ့်ထွက်သွားတာကြောင့် သွေးလန့်ခြင်းဆိုတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေ ထိ ဖြစ်စေနိုင်ပါတယ်။ သွေးလန့်တဲ့အခါ ကလေးရဲ့ သွေးတိုးနှုန်းကို စမ်းလို့ မရတော့ဘဲ ခြေသလုံး လက်မောင်းတွေပါ အေးစက်ပြီး သတိလစ်သွားနိုင်ပါတယ်။ ကယောင်ကတမ်းတွေ ပြောလာနိုင်ပါတယ်။ အဲဒီအခါ ကလေးကို ဘယ်လို ကုသမှာလဲ၊ မိဘတွေဘက်က ဘာတွေလုပ်ပေးဖို့လိုသလဲဆိုတာ မိဘတွေ သိရဲ့လား စိစစ်ကြည့်ရမှာ ဖြစ်ပါတယ်။

 

သွေးလန့်နေတဲ့ ကလေးကို မကြာခဏသွေးပေါင်ချိန် တိုင်းပေးတဲ့နည်းနဲ့ ကလေးရဲ့ အခြေအနေမှန် သိရှိနိုင်ပါတယ်။ လက်ထိပ်က သွေးစက်အနည်းငယ်ကိုထုတ်ပြီး သွေးပျစ်မှု အနေအထား တိုင်းတာရပါတယ်။ ဒီလိုလုပ်တဲ့အခါ မိဘတွေက ကူညီဖျောင်းဖျပေးရမှာ ဖြစ်ပါတယ်။ ရောဂါ ဆိုးဝါးဖွယ်ရာ အခြေအနေအမှန်ကို မိဘကို ချက်ချင်း အသိပေးဖို့ လိုတယ်ဆိုရင် သွေးအမျိုးအစားရဖို့နဲ့ သွေးရည်ကြည်ကို အချိန်မှီ သွင်းနိုင်ဖို့က အလွန် အရေးကြီးပါတယ်။ သွေးအလှူရှင်အမြန်ဆုံးရဖို့၊ ရောဂါပိုးကင်းတဲ့ သွေးရည်ကြည်ကို တစ်နာရီ- နှစ်နာရီအတွင်း အမြန်ဆုံး ဖြည့်တင်းပေးဖို့လည်း အရေးကြီးပါတယ်။ 

 

ဒီလိုအရေးကြီးတဲ့အချက်ကို မိဘနဲ့ ပြုစုကုသသူတွေ သဘောပေါက်ပြီး ဝိုင်းဝန်းကူညီကြမှ သာ ကလေးကို အကောင်းဆုံး ကုသမှုပေးနိုင်ပြီး အသက်အန္တရာယ် မစိုးရိမ်ရမှာ ဖြစ် ပါတယ်။ ဒါကို သဘောပေါက်နားလည်ဖို့ ကုသသူတစ်ဦးဦးက အချိန်ပေးပြီး သေသေ ချာချာ နှစ်သိမ့်ဆွေးနွေး ပညာပေးရပါမယ်။ မိဘတွေအနေနဲ့ ဓာတ်ဆားရည် လုံလုံလောက်လောက် ကြိုတင်တိုက်ဖို့နဲ့ ခြင်လုံးဝ အကိုက်မခံရအောင် ကြိုတင်ကာကွယ်ဖို့တွေကို လက်ခံသဘောပေါက်ဖို့ အရေးကြီးတဲ့ အတွက် သေချာရှင်းပြထားရပါမယ်။

 

ဖော်ပြခဲ့တဲ့အချက်တွေဟာ အဖျားကြီးတာ၊ ဝမ်းပျက်ဝမ်းလျှောတာနဲ့ သွေးလွန် တုပ်ကွေးဖြစ်တာ စတဲ့ ရောဂါတွေနဲ့ သက်ဆိုင်တဲ့ သတိပြုရမယ့်အချက်တွေ ဖြစ်ပြီး၊ အဲဒီ ဝေဒနာရှင် ကလေးတွေရဲ့ မိဘတွေရော ပြုစုသုူတွေပါ သတိပြုလိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒီယာယု ကျန်းမာရေးမဂ္ဂဇင်း
အတွဲ (၅)၊ အမှတ် (၈)၊ စက်တင်ဘာလ၊ ၂၀၀၅။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18