Print

ရင်သွေးငယ်များအတွက် တစ်နေ့တာတွင် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ

  28-Feb-2017
Preview Image

 

ကလေးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို နားလည်ထားဖို့ လိုပါသည်။ သို့မှသာ လိုအပ်မှုလည်း မရှိနိုင်သလို ပိုလျှံမှုကိုလည်း တားဆီးနိုင်တော့မှာ ဖြစ်ပါတယ်။

 

ကယ်လ်စီယမ်
ကယ်လ်စီယမ်လုံလောက်မှုရှိစေဖို့အတွက် ကလေးငယ်တွေမှာ အဓိကလိုအပ်ပါတယ်။ အကြောင်းကတော့ ကလေးငယ်ရဲ့ သွားနဲ့ အရိုးတွေကို ကောင်းကောင်းဖွံ့ဖြိုးလာစေဖို့အတွက်ပါ။ ကယ်လ်စီယမ်လုံလောက်မှုမရှိဘူးဆိုရင် နောက်ပိုင်းမှာ သင့်ကလေးငယ်ဟာ အရိုးအဆစ်ဖွံ့ဖြိုးမှုမရှိတာကြောင့် ခန္ဓာကိုယ်အချိုးအဆစ်လှပမှုမရှိဘဲဖြစ်စေနိုင်ပါတယ်။

 

ဘယ်လောက်ပမာဏ လိုအပ်ပါသလဲ
• အသက်တစ်နှစ်မှ သုံးနှစ်အတွင်း တစ်နေ့တာအတွက် ကယ်လ်စီယမ် ၇၀၀ မီလီဂရမ် (700mg) လိုအပ်ပါတယ်။
• အသက်လေးနှစ်မှ ရှစ်နှစ်အတွင်း တစ်နေ့တာအတွက် ကယ်လ်စီယမ် ၁၀၀၀ မီလီဂရမ် (1000mg) လိုအပ်ပါတယ်။ 
• အသက်ကိုးနှစ်မှ ၁၈နှစ်အထက်ပိုင်းအထိ တစ်နေ့တာအတွက် ကယ်လ်စီယမ် ၁၃၀၀ မီလီဂရမ် (1300mg) လိုအပ်ပါတယ်။

 

ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများ
ကယ်လ်စီယမ်ကို အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ဆယ်လ်မွန်ငါးတွေနဲ့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနယ်နဲ့ ပန်းဂေါ်ဖီစိမ်းတို့မှလည်း ရရှိနိုင်ပါတယ်။အမျှင်ဓာတ်ကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်မဟုတ်ပေမယ့် ခန္ဓာကိုယ်အတွက် အမှန်တကယ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်က ခန္ဓကိုယ်လိုအပ်နေတဲ့ ဗီတာမင်အီး၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့လိုပဲ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အမျှင်ဓာတ်က သင့်အစာခြေစနစ်ကို အကောင်းဆုံးအထောက်အကူပြုပြီး ခန္ဓကိုယ်မှ ကယ်လိုရီကို လောင်ကျွမ်းစေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

 

ဘယ်လောက်ပမာဏ လိုအပ်ပါသလဲ
• အမျှင်ဓာတ်လိုအပ်မှုဆိုတာက သင်က ကယ်လိုရီဘယ်လောက် ပမာဏ သင်မှီဝဲသလဲတိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ သင်က ကယ်လိုရီ ၁ဝဝဝမှီဝဲတယ်ဆိုရင် အမျှင်ဓာတ် ၁၄ဂရမ် (14 g) လိုအပ်ပါတယ်။
• ငယ်လွန်းတဲ့ကလေးတွေမှာလည်း အစာခြေစနစ်ကောင်းမွန်စေဖို့အတွက် အမျှင်ဓာတ်က လိုအပ်နေပါတယ်။ ဒါပေမယ့် အာဟာရမျှတအောင်ကျွေးနေရင် လုံလောက်ပါတယ်။ အသက်လေးနှစ်နဲ့ ရှစ်နှစ်အရွယ်မှာ ကယ်လိုရီ ၁၅၀၀ စားတယ်ဆိုရင် အမျှင်ဓာတ် ၂၅ ဂရမ် လိုအပ်ပါတယ်။
• အသက် ၁၈ နှစ်အထက်ပိုင်းဆိုရင်တော့ တစ်နေ့ကို အမျှင်ဓာတ် ၁၈ ဂရမ် (18 g) လိုအပ်ပါတယ်။

 

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေအနေနဲ့ ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ထောပတ်သီးနဲ့ ဂျုံနဲ့ ပြုလုပ်ထားတဲ့ မုန့်တွေ၊ ပဲအမျိုးမျိုးစတာတွေမှာ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ဖော်ပြပါအစားအစာတွေ ပါဝင်အောင် ကျွေးရင် အမျှင်ဓာတ်ကို ရယူပါ။

 

ဗီတာမင်အီး

ဗီတာမင်အီးက ခန္ဓကိုယ်ခုခံအားစနစ်ကို ကောင်းစေပြီး သွေးလည်ပတ်စီးဆင်းမှုကို ကောင်းစေပါတယ်။ အရေပြားနဲ့ ဆံသားတွေကိုလည်း ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုပါတယ်။

 

ဗီတာမင်အီးကြွယ်ဝသော အစားအစာများ

ဟင်းရွက်ဆီ၊ နေကြာဆီ၊ နေကြာစေ့၊ မြေပဲဆီ၊ မြေပဲစေ့၊ ဗာဒံစေ့နဲ့ သံလွင်ဆီ စတာတွေမှာ ဗီတာမင်အီး လုံလောက်စွာ ပါဝင်နေပါတယ်။

 

ဗီတာမင်ဘီအုပ်စုများ
ဗီတာမင်ဘီကတော့ ခန္ဓာကိုယ်အတွက် ဇီဝဖြစ်စဉ်ကို ကောင်းစေနိုင်ပါတယ်။ဇီဝဖြစ်စဉ်ကောင်းမွန်တာက လူတစ်ယောက်ကို ကျန်းမာသန်စွမ်းစေပြီး တစ်နေ့တာ လုပ်ငန်းတွေကို အကောင်းဆုံးစွမ်းဆောင်နိုင်စွမ်းတွေ တိုးစေပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးကောင်းစေပြီး အာရုံကြောစနစ်တွေကိုလည်း ကောင်းစေနိုင်ပါတယ်။ ဒါပေမယ့် ပမာဏကတော့ မိုက်ခရိုဂရမ်လောက်သာ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

 

ဗီတာမင်ဘီကြွယ်ဝသော အစားအစာများ

အသားငါးတွေထဲမှာ ဗီတာမင်ဘီ ပါဝင်ပါတယ်။ အသားအမျိုးမျိုး၊ ငါးနဲ့ဥတွေကို မဖြစ်မနေပါဝင်အောင် စားပါ။

 

ဗီတာမင်ဒီ

ဗီတာမင်ဒီက ကယ်လ်စီယမ်လိုပဲ အရိုးအဆစ်အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် ဘဝသက်တမ်းတစ်လျှောက် နာတာရှည်ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

 

ဗီတာမင်ဒီကြွယ်ဝသော အစားအစာများ

ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအစာတွေအနေနဲ့ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ ဆာဒင်းငါးတွေကို ရွေးချယ်နိုင်ပါတယ်။ ဥအနှစ်၊ ဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင်ဒီ ပါဝင်ပါတယ်။

 

သံဓာတ်

သံဓာတ်ရဲ့ အသုံးဝင်ပုံက ခန္ဓကိုယ်တစ်ခုလုံးအတွက် မရှိမဖြစ်ပါပဲ။ သွေးကြောတွေကို အားဖြည့်ပေးနိုင်ပြီး သွေးကြောဆဲလ်တွေထဲကို အောက်ဆီဂျင်ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

 

သံဓာတ်ကြွယ်ဝသော အစားအစာများ

အသားငါးတွေနဲ့ အစိမ်းရင့်ရောင်ဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ အသည်းနဲ့ ပဲနို့တွေက သံဓာတ် ရရှိနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : သဲသဲ
AROGYAM – No. 278, September 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18