Print

လက်မ စုပ်ခြင်း

  28-Feb-2017
Preview Image

 

ကလေးငယ်များတွင် လက်မစုပ်သည့် အကျင့်ရှိကြသည်။ လက်မသာမဟုတ်လက်ညိုး၊ လက်သီး၊ ကစားစရာ စသည်များကို စုပ်တတ်ကြသည်။ တစ်ခုခုအား ပါးစပ်ဖြင့် စုပ်သည့်အပြုအမူကို မွေးကတည်းက တတ်မြောက်လာကြသည်။ လက်မစုပ်လျက် မွေးလာကြသည့် ကလေးများပင်ရှိသာ်ကို တွေ့ရသည်။ လက်မစုပ်ခြင်းသည် ကျေနပ်အောင်နို့မစို့ရမှု၊ သို့မဟုတ် ရုတ်တရက် နို့ဖြတ်မှုကြောင့် ဖြစ်နိုင်သည်။ ထိုအခါတွင် ကျေနပ်အောင်နို့စို့စေခြင်း သို့မဟုတ် တဖြည်းဖြည်း နို့ဖြတ်ခြင်း ပြုလုပ်ပါက လက်မစုပ်သည့်အကျင့်ပျောက်သွားနိုင်သည်။ မည်သို့မျှ မလုပ်လျှင်လည်း အသက်သုံးနှစလောက် ရှိလာလျှင် သူ့အလိုလို ထိုအကျင့်ပျောက်သွားတတ်တယ်။ 

 

တကယ်၍ ကျောင်ကြိုအရွယ် (သို့) ကျောင်းသွားသည့် အရွယ်တိုင် လက်မစုပ်နေပါက ထိုကလေးတွင် စိတ်နှင့်ဆိုင်သော အကြောင်းရပ်များရှိပေသည်။ အစာမဝမှုနှင့်သက်ဆိုင်တော့မည့် မဟုတ်ပေ။ လက်မစုပ်ခြင်း အားဖြင့် စိတ်မလုံခြုံမှုကြောင့်ဖြစ်သောစိတ်တင်းကျပ်မှုကို လျော့ပါးစေပေသည်။ တစ်ခါတစ်ရံ မိဘများ၏ အရေးပေးမှု၊ ဂရုစိုက်မှုကို ရရန်ပြုလုပ်တတ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ကလေးငယ်သည် မိဘများထံမှ လုံလောက်သောအရေးပေါ်မှု၊ ဂရုစိုက်မှုကိုရရန် ပြုလုပ်တတ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ကလေးငယ်သည် မိဘများထံမှ လုံလောက်သော အရေးပေးမှု၊ ဂရုစိုက်မှုမရကြောင်းပြနေပေသည်။

 

အချို့ကလေးငယ်တို့မှာမူ ၎င်းတို့၏ မသိစိတ်တွင် ရှိနေသည့် ရန်လိုမှုကို ဖော်ပြနေသည့်အနေဖြင့် လက်မစုပ်ကြသည်။ ထိုအပြုအမူကြောင့် မိဘများ ဒေါသထွက်မှုကိုကြည့်ပြီး ကျေနပ်မှုရကြသည်။ ထိုအပြုအမှုကြောင့် မိဘများ ဒေါသထွက်မှုကိုကြည့်ပြီး ကျေနပ်မှုရကြသည်။ တစ်ခါတစ်ရံ ဖျားသည့်အခါ၊ ဆာလောင်မွတ်သိပ်သည့်အခါနှင့် ပင်ပန်းသည့်အခါတို့တွင် ကလေးငယ်တို့သည်။ လက်မစုပ်ကြသည်။ ဤသို့ လက်မစုပ်ခြင်းသည် ရုပ်ပိုင်းအဆင်မပြေမှုကြောင့် ဖြစ်ပေါ်လာသော ယာယီအပြုအမူတစ်ရပ်သာ ဖြစ်ပေသည်။ကြာမြင့်စွာ လက်မစုပ်သည့် အလေ့အကျင့် စွဲကပ်နေပါက ကလေးငယ်တွင် မလုံခြုံစိတ်၊ အပြစ်စွဲစိတ်များ ရှိနေတတ်သည်။ ထိုအခါ အထူးသတိထား၍ ပြုပြင်ရသည်။လက်မစုပ်သည့် အကျင့်ကို တိုက်ရိုက်ဖျောက်ဘဲ၊ ၎င်းကိုဖြစ်စေသည့် အခြေခံစိတ်အနှောင့်အယှက်ကို ရှာဖွေဖြေရှင်းပေးသင့်ပါသည်။ ပြောင်လှောင်ခြင်း၊ အပြစ်တင်ခြင်း၊
ခြိမ်းခြောက်ခြင်း၊ ရို်က်နှက်ခြင်းဖြင့် လက်ရှိအခြေအနေအား ပို၍ပင် ဆိုးရွားသွားနိုင်သည်။ 

 

လက်သည်းကိုက်ခြင်း
လက်မစုပ်ခြင်းကဲ့သို့ပင် လက်သည်းကို သွားဖြင့်ကိုက်ခြင်းသည်ကို စိတ်တင်းကျပ်မှုကို လျော့ပါးအောင် ပြုလုပ်သည့် အပြုအမှုတစ်ခုဖြစ်၏။ အများအားဖြင့် ထိုအပြုအမှုကိုကျောင်းနေချိန်တွင်သာ တွေ့ရတတ်ပြီး အသက်နှစ်နှစ်အရွယ် မတိုင်မီတွင် တွေ့ရခဲသည်။ တစ်ခါတစ်ရံ လက်သည်းကိုက်ခြင်းမှာ ယာယီစိတ်လှုပ်ရှားမှု အခြေအနေကြောင့်သာဖြစ်သော်လည်း ကြာမြင့်စွာ စွဲကပ်နေပါက စိတ်အနှောင့်အယှက်၏ လက္ခဏာတစ်ရပ်
ဖြစ်နိုင်သည်။ မိဘများ မသင့်မြတ်ခြင်း၊ မိဘများက လွဲမှားသော စည်းကမ်းများထားရှိခြင်း၊ မိဘများ၏ မလိုလားအပ်သော အပြုအမှု စသည်တို့ကြောင့် ကလေးငယ်တွင် စိတ်တင်းကျပ်မှုများ ဖြစ်ပေါ်လာတတ်သည်။ ထိုစိတ်တင်းကျပ်မှုကို လျော့ပါးစေရန် လက်သည်းကိုက်သည့် အလေ့အထပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။ လက်မစုပ်သည့် အလေ့အထ ပျောက်ကွယ်ရန် ဆောင်ရွက်သကဲ့သို့ပင် အခြေခံစိတ်အနှောင့်အယှက် ဖြစ်နေမှုကို ဖယ်ရှားပေးခြင်းဖြင့် ထိုအလေ့အထ ပျောက်ကွယ်အောင် ပြုလုပ်နိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမှုများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18