Print

မိုးရာသီနှင့် အထက်လန်အောက်လျှော

  28-Feb-2017
Preview Image

 

အထက်လန်အောက်လျှောရောဂါလို့ ပြောလိုက်လျှင် အန်ပြီးဝမ်းသွားတယ်လို့ နားလည်ကြပါတယ်။ အန်လည်း အန်၊ ဝမ်းလည်းသွား အစာလည်း မဝင်တဲ့အတွက်ကြောင့်ဖြစ်ပွားပြီး ဝေဒနာခံစားရသူများတွင် ပင်ပန်းနွမ်းနယ်ပြီး၊ ရေဓာတ်ခန်းခြောက်ပြီး၊နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ပြီး အချိန်မီ ရေဓာတ်ပြန်လည် မဖြည့်ဆည်းနိုင်ပါကအသက်သေဆုံးသည် အထိဖြစ်နိုင်သည်။ 

 

မိုးရာသီနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ
ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသော အစာကို စားမိလျှင်သော်လည်းကောင်း၊ မသန့်ရှင်းသော ရေ၊ အရည်၊ အချိုရည် (ကြံရည်) အစရှိသည်တို့ကို သောက်မိလျှင်သော်လည်းကောင်း၊ အိမ်သာတက်ပြီးချိန်နှင့် အစာစားခါနီး အချိန်တွင် လက်ကိုဆပ်ပြာနှင့် စင်အောင်ဆေးခဲ့လျှင်သော် လည်းကောင်း၊ သောက်သုံးရေအဖြစ်သုံးမည့် ေရကန်၊ ရေတွင်းတို့သည် အိပ်ရာနှင့် နီးကပ်လွန်းလျှင် သော်လည်းကောင်း၊ ယင်လုံအိမ်သာမဟုတ်သဖြင့် မစင်မှ ပိုးမွှားများကို ယင်မှတစ်ဆင့် အစားအသောက်ပေါ် ရောက်သွားခြင်းဖြင့်လည်းကောင်း ကူးစက်နိုင်ပါသည်။

 

ရိုတာဗိုင်းရပ်စ် (Rota Virus)
အဆိုပါ အထက်လန်အောက်လျှော အန်၍ ဝမ်းသွားခြင်းကို ဖြစ်စေသော ရောဂါပိုးမှာ ရိုတာဗိုင်းရပ်စ် (Rota Virus) ပင်ဖြစ်ပါသည်။ ဗိုင်းရပ်စ်သည် ဗက်တီးရီးယားပိုးထက်သေးငယ်ပြီး ယင်းတွင် အခွံ (Cell Wall) မရှိချေ။ သို့အတွက် ပဋိဇီဝဆေး (Antibiotic) ကို ပေး၍မရပါ။ သို့အတွက် ဗိုင်းရပ်စ်ပိုးကို သေအောင်သတ်ရန် မဖြစ်နိုင်ချေ။ အဆိုပါဗိုင်းရပ်စ်ပိုး တိုက်ခိုက်နိုင်စေရန် ကိုယ်ခံအားစနစ်ကောင်းဖို့ လိုသည်။ 

 

ကုသခြင်း
ရိုတာဗိုင်းရပ်စ် ပိုးကြောင့် အထက်လန်အောက်လျှောရောဂါဖြစ်လျှင် အဓိကလုပ်ဆောင်ရမည်မှာ ကလေးငယ်များတွင် ရေဓာတ်ခန်းခြောက်နိုင်၍ ဓာတ်ဆားရည်ကို သန့်ရှင်းအောင်ဖြေရှင်း၍ တိုက်ကျွေးပေးရန် ဖြစ်သည်။ အထက်လန်အောက်လျှော ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပါက ရေဓာတ်ခန်းခြောက်အောင် ဓာတ်ဆားရည်သောက်ရမည်ကို မိခင်တိုင်း၊ လူတိုင်း သိပါသည်။ သို့ရာတွင် ရွေးချယ်သည့် ဓာတ်ဆားထုပ် မှန်ကန်ဖို့လိပါသည်။ MPF ကထုတ်သည့် ဓာတ်ဆား တိုက်နိုင်သည်။ တခြားထုတ်လုပ်သော ဓာတ်ဆားများလည်း ရှိပါသည်။ အားကစားသမားသောက်သုံးရန် ထုတ်လုပ်ထားသည့်ဓာတ်ဆားထုတ်ကိုတော့ မတိုက်မီ သတိထားဖို့ လိုသည်။ စနစ်တကျ ညွှန်ကြားချက်အတိုင်းဖျော်ပေးပါ။ ဓာတ်ဆားရည်တွင် သကြားနှင့် အချိုများ ထပ်မထည့်ရပါ။ကလေးသောက်အောင်တော့ မိခင်ဖြစ်သူက ဂရုတစိုက် တိုက်ကျွေးရပါမည်။ဓာတ်ဆားရည်သောက်နေလျှင် စိတ်ပူစရာမရှိပါဘူး။

 

ကလေးငယ်တွင် ဓာတ်ဆားရည်မဝင်လျှင် ရေဓာတ်ခန်းခြောက်မှု လက္ခဏာများဖြစ်သည့် အရေပြားတွန့်လာကာ အေးလာခြင်း၊ အရေပြားအရောင်အဆင်းပြောင်းလဲခြင်း၊ ဆီးသွားနည်းခြင်း၊ ငယ်ထိပ်နှင့် မျက်တွင်းချိုင့်ဝင်လာခြင်း ကလေးမှိန်းနေပြီး တုံ့ပြန်မှုမရှိခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ ရှိလာလျှင် ဆေးရုံသို့ တက်သင့်ပါသည်။ မိမိကလေးငယ်အတွက် မိခင်ဖြစ်သူသည် ဆေးရုံတက်ရန် မငြင်းဆန်သင့်ပါ။ ဆေးရုံတက်သည်နှင့် အကြောသွင်းဓာတ်ဆားရည်များကို အချိန်မှီပေးသင့်ပါသည်။ ကလေးငယ်ကို အစာရေစာဖြတ်ခြင်း မပြုလုပ်ရ။ အိမ်တွင်ပြုလုပ်သော စွပ်ပြုတ်၊ ဆန်ပြုတ်နဲ့ အာဟာရပြည့်ဝသော အစားအစာများကို ကျွေးပေးဖို့လည်းလိုပါသည်။ သို့မဟုတ်ပါက နောက်ဆက်တွဲပြဿနာအနေဖြင့် အာဟာရချို့
တဲ့ခြင်း ဖြစ်နိုင်သည်။ သို့ရာတွင် အသက်ငယ်သော ကလေးများကို သန့်ရှင်းအောင်ထားဖို့ဆို သည်မှာ မလွယ်ပါ။ တွေ့ကရာကိုင်ပြီး ပါးစပ်ထဲထည့်ကြသည်။ သို့အတွက်(၅) နှစ်အောက် ကလေးငယ်များတွင် ၉၅%သည် ရိုတာဗိုင်းရပ်စ်ဝင်ပြီး ဖြစ်သည်။

 

သို့အတွက် ကလေးငယ်များတွင် အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပြီး အသက် (၆) လနောက်ပိုင်းလည်း ဖြည့်စွက်အစာနှင့်အတူ မိခင်နို့ကိုပါ ဆက်တိုက်ပါ။ ကလေးကစားစရာ များနှင့် နေရာတစ်ဝိုက်တွင် သန့်ရှင်းပါစေ။ တွေ့ကရာပါးစပ်ထဲ မထည့်ပါစေနှင့်။ ကလေးငယ်၏ လက်ကိုလည်း မကြာခဏဆေးပေးပါ။ အစားအသောက်၊ ရေတို့သာမက အသုံးအဆောင်ပစ္စည်းများကို သန့်ရှင်းပါစေ။ ငွေကြေးတတ်နိုင်ပါက ကာကွယ်ဆေး (Rotarix) ကို ထိုးပေးပါ။ ကလေးငယ်များ ရိုတာဗိုင်းရပ်စ်ကြောင့် အထက်လန်အောက်လျှောများ ကင်းဝေးပါစေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမီမီကို (မိသားစုကျန်းမာရေးဆရာဝန်ကြီး)
Ziwaka magazine, July 2016, Pg. 61-65



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18