Print

အကာအကွယ်ပေးသော မိဘနှင့် ကလေးငယ်

  28-Feb-2017
Preview Image

 

အချို့သော မိဘတို့သည် ၎င်းတို့၏ ကလေးငယ်များအား အလွန်အကျွံ ဂရုစိုက်ခြင်း၊ အကာအကွယ်ပေးလွန်းခြင်း ပြုလုပ်တတ်ကြသည်။ ကလေးငယ်အဖို့ မိမိဘာသာ ဘာမျှလုပ်စရာ မလိုတော့အောင် ဂရုစိုက် အလေးပေးတတ်ကြ၏။ မိဘ၏ အလွန်အကျွံ ဂရုစိုက်မှု လောင်းရိပ်တွင် ကြီးပြင်းလာရသော ကလေးများမှာ မိမိကိုယ်မိမိ အားကိုးလိုစိတ်၊ တာဝန်ယူလိုစိတ်တို့ နည်းပါးလာတတ်သည်။  မိမိအတွက် အရာရာပြုလုပ်ဖြေရှင်းပေးသူ မိဘများကြောင့် ကြီးပြင်းလာသော အခါ လူ့လောကတွင် မလွဲမသွေ ကြုံတွေ့ကြရသော ပြဿနာအဝဝကို ရင်ဆိုင်ဖြေရှင်းနိုင်သော သတ္တိလည်း နည်းပါးနေတတ်သည်။

 

မိမိအိမ်မှာကဲ့သို့ လိုတရတော့မည် မဟုတ်သဖြင့် အပြင်လောကမှာ လူအများနှင့် ဆက်ဆံရသောအခါ စိတ်ပဋိပက္ခများနှင့် ကြုံတွေ့ကြ ရတော့သည်။ ထိုအခါတွင် မိမိကိုယ်မိမိ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း၊ ဆုံးရှုံးသည့် စိတ်ခံစားရခြင်း၊ အခြားသူများမှ ကင်းဝေးရာ အရပ်တွင် တစ်ကိုယ်တည်းနေလိုခြင်းစသည့် စိတ်ကျန်းမာမှု မရှိသည့် လက္ခဏာရပ်များ ပေါ်ပေါက်လာတတ်သည်။ မိဘတိုင်း သားငယ်သမီးငယ်တို့အား ချစ်ကြသည်။ ဤကဲ့သို့ ချစ်ခင်ခြင်းသည် သာမန်စံကိုက် အပြုအမူတစ်ခုပင် ဖြင်၏။ သို့သော် သားသမီးတို့အား အလွန်အမင်းချစ်ခင်မြတ်နိုးခြင်း၊ အလွန်အမင်း ဂရုစိုက်ခြင်း၊ အကာအကွယ်ပေးခြင်းတို့မှ စံကိုက်အပြုအမူများ မဟုတ်ဘဲ မိဘများ၏ညှိယူလွဲသည့် အပြုအမူများ ဖြစ်ကြသည်။

 

၁။ မိဘနှစ်ဦးစလုံး (သို့) တစ်ဦးဦး ငယ်စဉ်က ၎င်းတို့၏ မိဘများထံမှ ချစ်ခင်ကြင်နာမှု ရသင့်သလောက် မရခဲ့ခြင်း။
၂။ ဇနီးနှင့်ခင်ပွန်း သဘောချင်း မတိုက်ဆိုင်သော အိမ်ထောင်ဖြစ်နေခြင်း။
၃။ အလုပ်အကိုင်တွင် မျှော်မှန်းသည့်အတိုင်း အောင်မြင်မှု မရသဖြင့် စိတ်လိုဘ မပြည့်ဝဘဲ ဖြစ်နေခြင်း။
၄။ ဇနီး (သို့) ခင်ပွန်းဆုံးသွားခြင်း၊ သို့မဟုတ် ကလေးတစ်ဦးဦး သေဆုံးခြင်း။

 

မိဘများ၏ အလွန်အမင်း ဂရုစိုက်မှုကြောင့် ကလေးတိုင်း ညှိယူလွဲသူများ ဖြစ်လာမည်ဟု မဆိုလိုပါ။ သာမန်စံကိုက် ပုဂ္ဂိုလ်များအဖြစ် ကြီးထွားဖွံ့ဖြိုးလာသူများလည်းအမြောက်အမြားပင် ရှိကြသည်။ ကြီးပြင်းလာသည့်အခါ စံကိုက်ပုဂ္ဂိုလ်များဖြစ်လာမှု၊ မလာမှုတွင် ကလေးငယ်ဘဝက ကြုံတွေ့ခံစားခဲ့ရသမျှသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ငယ်စဉ်ကလေးဘဝတွင် ကြီးမားသည့် ဖိစီးမှုများနှင့် ကြုံတွေ့ကြရသည့် ဖိစီးမှုများကို ကြံ ့ကြံ ့ခိုင်နိုင်သူ ဖြစ်လာတော့မည် မဟုတ်ပေ။ ထိုနည်းတူ အကာအကွယ်ပေးလွန်းသော မိဘများကြောင့် ငယ်စဉ်က အတွေ့အကြုံနည်းခဲ့သူ တို့တွင်လည်း ကြီးမားလာသောအခါ ကလေးဆန်သော (သို့) မရင့်ကျက်သော လောက အမြင်ရှိတတ်သည်။ လိုဘမပြည့်ဝမှု ဒဏ်ကိုလည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ စံကိုက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်မှာ ငယ်စဉ်က မိဘများထံမှ မယုတ်မလွန်သော ချစ်ခင်ယုယမှုနှင့် အကာအကွယ်ရရှိခဲ့ရန် လိုအပ်သလို အသက်ကြီးလာသည်နှင့် အမျှ တာဝန်ယူတတ်ခြင်းနှင့် ပြဿနာဖြေရှင်းနိုင်ခြင်းတို့လည်း လိုအပ်ပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18