Print

အကြောက်လွန်သော ကလေး

  28-Feb-2017
Preview Image

 

ဆရာဝန်ဆီ သွားရမှာလည်း ကြောက် (ဒါကတော့ ဆရာဝန်ကြီးက မလိမ္မာရင် အပ်ကြီးနှင့် ထိုးမှာနော်ဟု ကြိုရန်တိုက်ထားသော မိဘများကြောင့်လည်း ပါသည်) ဆံပင်ညှပ်ဆရာဆီ သွားရမှာလည်း ကြောက်၊ အသံဆူဆူညံညံကိုလည်း ကြောက်၊ တိရစ္ဆာန်တွေကိုလည်း ကြောက် သည်လိုမျိုး ဖြစ်ပါသည်။ အဓိက ကတော့ ကလေးက သူသေသေချာချာ နားမလည်သောအရာကို ကြောက်တတ်တာပါ။ ကလေးကို ဆေးကုသသော ဆရာဝန်အများစုက သောက်ဆေးပဲ ပေးတာများပါတယ်။ သို့သော် အိမ်က လူကြီးတစ်ယောက်ယောက်က (တခါတလေ အိမ်နီချင်း လူကြီးပင် ပါသေးသည်) အပ်ကြီးနဲ့ ထိုးမှာနော်ဟု ဝင်ဝင်ခြောက်နေသည်။

 

အပ်ကြီးနှင့် ထိုးသည့်ကိစ္စကို ဘာရယ်လို့ ကလေးက သေသေချာချာ နားလည်ချင်မှ နားလည်မည်။ သို့သော်ကြောက်စရာကောင်းသော အရာတစ်ခုခု မလိမ္မာလျှင် ခံရသော ကိစ္စတစ်ခုခုဟု၊ ကလေးက သိသည်။ သည်တော့ ရမ်းသမ်းကြောက်သည့်အထဲ ဆရာဝန်ပါ ပါသွားတော့သည်။ ကလေးကြောက်တတ်လျှင် အပြစ်မတင်ပါနှင့်။ဘာမဟုတ်တာလေးနှင့် ကြောက်ရကောင်းလားဟု ကလေးကို အပြစ်တင်လိုက်လို့ ကလေးကြောက်စိတ် ပျောက်မသွား ပါနှင့်။ သင့်ကို ပြောမပြတော့ဘဲ ရင်ထဲမှာ ကြိတ်၍ ကြောက်နေပါလိမ့်မည်။ ဟိုခေါ်လည်းမလိုက်၊ ဒီခေါ်လည်း မလိုက်ဖြစ်လာပါလိမ့်မည်။ 

 

၁။ သူ့ကို ရှင်းပြလို့ရသည့် ကိစ္စတွေကို ရှင်းပြပါ။ ဥပမာ၊ မီးစက်ဖွင့်မလို့နော် သား၊ ဝုန်း ဝုန်း ဝုန်း နဲ့ မြည်လိမ့်မယ်။ ဒါမှ သားတို့ မီးထွန်းလို့ရမှာ ဆိုတာမျိုး (မလိမ္မာရင် ဆရာဝန်က အပ်ကြီးနဲ့ ထိုးလိမ့်မယ် ဆိုတာကတော့ ရှင်းပြရာ မရောက်သည့်အပြင် ကလေး၏ သိနားလည်မှု အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေသည့် အလွန်မိုက်မဲသော လုပ်ရပ်မျိုးဖြစ်ပါသည်။

 

၂။ သတ္တိကို မွေးမြူပေးပါ။ ဥပမာ - မေမေတို့အိမ်မှာ ဘုရားရှိတယ်နော်၊ ဘယ်သရဲမှ ဝင်လို့ မရဘူးဆိုတာမျိူး။ 

 

၃။ တိရစ္ဆာန်တွေကို ကြောက်စရာဟု မထင်အောင် တိရိစ္ဆာန်ဥယာဉ်ကို ခေါ်သွားပြီး ရှင်းပြတာမျိုး ဒါမျိုးလေးတွေက အထောက်အကူဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာရဲ (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18