Print

ပြည်သူလူထုသို့ အသိပေးကြေငြာချက်

  08-Feb-2022
Preview Image

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ခံစားရခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း တို့ရှိပါက   အချိန်နှင့်တစ်ပြေးညီ (၂၄) နာရီပတ်လုံး သတင်းပေးပို့ဆက်သွယ်စုံစမ်းနိုင်ရေး အတွက်  ခရိုင်အလိုက် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (RRT) များ ဖွဲ့စည်းထားရှိပြီး ဖြစ်ရာ အဆိုပါ အဖွဲ့များ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ သက်ဆိုင်ရာခရိုင်အလိုက် ဆက်သွယ်နိုင်ပါသည်။  

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးလိုသူများအနေဖြင့်လည်း အဆိုပါ ခရိုင်အလိုက် ဆက်သွယ်ရမည့် ဖုန်းနံပတ်များသို့ ဆက်သွယ်၍ သက်ဆိုင်ရာ  အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ များမှ ချိတ်ဆက်ပေးသည့် ဓာတ်ခွဲစစ်ဆေးသည့်နေရာများတွင် နေ့စဉ် နံနက် (၉)နာရီ မှ ညနေ (၄) နာရီအထိ ပိတ်ရက်မရှိ COVID-19 Rapid Antigen Test (RDT) နည်းဖြင့် ဓာတ်ခွဲ စစ်ဆေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ဓာတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအနက် ဆေးရုံ/ကိုဗစ်-၁၉ ကုသရေးဌာနများတွင် ကုသမှုခံယူရန် လိုအပ်သောလူနာများအတွက်လည်း ခရိုင်အလိုက် လူနာခုတင်စီမံခန့်ခွဲမှုကော်မတီ (Bed Management Committee) များက ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

တောင်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ

၀၉ ၈၈ ၂၅၅၅၀၆၇

၀၉ ၈၈ ၂၅၅၅၀၆၈

၀၉ ၈၈ ၂၅၅၅၀၆၉

မြောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ

၀၉ ၈၈ ၂၅၅၅၀၇၁

၀၉ ၈၈ ၂၅၅၆၃၃၈

၀၉ ၈၈ ၂၅၅၆၃၄၀

အနောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉အရေးပေါ်တုန့်ပြန်ရေးအဖွဲ့(RRT) သို့ (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ

၀၉ ၈၈ ၂၅၅၅၀၆၃

၀၉ ၈၈ ၂၅၅၅၀၆၄

၀၉ ၈၈ ၂၅၅၅၀၆၅

အရှေ့ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ

၀၉ ၈၈ ၂၅၅၅၀၄၉

၀၉ ၈၈ ၂၅၅၅၀၆၁

၀၉ ၈၈ ၂၅၅၅၀၆၂

Credit : ကျန်းမာရေးဝန်ကြီးဌာန




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18