Print

လည်ပင်း၊ ပခုံးနှင့် နောက်ကျော်ဘက် နာကျင်မှုများ

  17-Oct-2020
Preview Image

         အမျိုးသမီးများသည် အမျိုးသားများထက် ခါးနာရောဂါ ပို၍ဖြစ်လွယ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်အနေအထား မှားယွင်းစွာဖြင့် လေးလံသော ပစ္စည်းများကို သယ်ဆောင်ခြင်း၊ မယူခြင်းတို့ကြောင့် ဖြစ်သည်။ အခြား အချက်တစ်ချက်မှာ ထိုင်သည့်ပုံသဏ္ဍာန် မမှန်ကန်ခြင်းကြောင့်လည်း ခါးနာရောဂါကို အလွယ်တကူ ခံစားမိစေနိုင်သည်။ ကွန်ပျူတာကို အသုံးပြု၍ စာစီစာရိုက်ရာတွင်လည်း ပခုံးကို စင်တီမီတာ အနည်းငယ်မျှ မြှင့်၍ ထားပေးပါက ဟန့်တားပေးစေနိုင်ပါသည်။ သင့်ခန္ဓာကိုယ်ကို ငွေကုန်ကြေးကျမရှိဘဲနှင့် ခန္ဓာကိုယ်အနေအထား မှန်ကန်စွာ ထားပေးခြင်းက နောက်ကျောဘက်ရှိ ကျောရိုးမကြီးကို ထိန်းသိမ်းပေးရာရောက်ပါသည်။

ထိုင်ခြင်း

          ထိုင်ရာတွင်လည်း ထိုင်ခုံ၏ နောက်မှီနှင့် ဝေးသည့် ရှေ့ဖျားအစွန်းတွင် ထိုင်ခြင်းမှ ရောင်ကြဉ်ပါ။ ထိုင်ခုံနောက်မှီသည် ခန္ဓာကိုယ်၏ နောက်ကျောဘက် အနေအထားကို ထိန်းပေးနိုင်သောကြောင့် ထိုင်နေစဉ်အတွင်း မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်သည်။ ခြေထောက်ချင်း ချိတ်၍ ထိုင်ခြင်းကလည်း ခါးကို ဒုက္ခပေးစေပါသည်။ သင့်လျော်သော ထိုင်ခြင်းသည် ခြေဖဝါးများမှ စတင်သည်ဟု အချို့က ဆိုကြသည်။ ခြေထောက်များကို တစ်ချောင်းနှင့်တစ်ချောင်း ခွာကာ ကြမ်းပြင်ပေါ်တွင်၍ သက်သောင့်သက်သာ ထိုင်ပေးပါ။ ထိုသို့ ထိုင်ခြင်းက ခန္ဓာကိုယ်အပေါ်ပိုင်းကို သဘာဝကျကျ ထိန်းသိမ်းပေးရာရောက်ပါသည်။ ခန္ဓာကိုယ်ကို တောင့်တောင့်မတ်မတ်ထားလျက် အချိန်တော်တော်ကြာကြာ ထိုင်ခြင်းမှလည်း ရှောင်ကြဉ်ပါ။

တီဗီကြည့်ခြင်း

          နိမ့်လွန်းသော sofa ဖြင့်ထိုင်ပါက ထိုင်သည့်အချိန်နှင့် ထိုင်ခုံမှ ပြန်၍ ထသည့်အချိန်၌ အခက်အခဲဖြစ်စေပါသည်။ ခေါင်းကိုငဲ့စောင်း၍လည်း တီဗီကြည့်ခြင်းမှ ရှောင်ကြဉ်ပါ။ Message chair ဖြင့်ထိုင်၍ တီဗီကြည့်ခြင်းမှလည်း ရှောင်ကြဉ်ပါ။ Message chair များဖြင့် အချိန်ကြာကြာထိုင်ခြင်းက ခန္ဓာကိုယ်ကို သက်သောင့်သက်သာ မဖြစ်စေခြင်းနှင့် ခန္ဓာကိုယ်အနေအထားမမှန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

ကလေးချီခြင်း

          အမျိုးသမီးများသည် သားသမီးမွေးဖွားခဲ့ရခြင်းကြောင့် ဝမ်းဗိုက်ပိုင်းရှိ ကြွက်သားများ အားနည်းနေနိုင်ပါသည်။ ထို့ကြောင့် ကလေးမီးဖွားပြီးကာစ မိခင်များသည် ဒေါက်မြင့်ဖိနပ်စီးခြင်းကို အထူးဂရုပြု၍ ရှောင်ရှားရမည်ဖြစ်သည်။ ကလေးကို ချီရာတွင်လည်း ကလေးခေါင်းလန်ကျမှာ စိုးရိမ်၍ နောက်ကျောကို အားပြုလေ့ရှိပါသည်။ ထိုအခါ ခါးကိုဝန်ပိသလိုဖြစ်စေပြီး ခါးနာခြင်းကို ဖြစ်ပေါ်စေပါသည်။

လေ့ကျင့်ခန်းလုပ်ခြင်း

          လေ့ကျင့်ခန်းပြုလုပ်ရာ၌ အလွန်လေးလံသောအားကစားပစ္စည်းများကို မခြင်းမှ ရှောင်ကြဉ်ပါ။ ထို့ပြင် ခက်ခဲသောလေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ရန်မသင့်ပါ။ အကယ်၍ လေ့ကျင့်ခန်းပြုလုပ်လိုပါကလည်း ဝမ်းဗိုက်ပိုင်း သန်မာစေဖို့ရန်အတွက် လိုအပ်သော ပမာဏရှိသည့် လေ့ကျင့်ခန်းမျိုးကိုသာ ရွေးချယ်ပြုလုပ်ရန်သင့်ပါသည်။

အိတ်လွယ်ခြင်း

          အသေးငယ်၊ အပေါ့ပါးဆုံး handbag အိတ်ကပင် အခန့်မသင့်ပါက ခါးနာဝေဒနာကို ခံစားရစေနိုင်ပါသည်။ ၅ မီလီဂရမ်ထက်ပို၍ အလေးအပင် မမသင့်ပါ။ ပေါ့သောအရာပင်ဖြစ်စေ အချိန်သုံးနာရီထက် ကျော်လွန်၍ သယ်ဆောင်ထားရပါက ခန္ဓာကိုယ် ဝန်ပိခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အိတ်ထဲသို့ မလိုအပ်သည်များကို ထည့်ထားခြင်းမှ ရှောင်ကြဉ်ပါ။ အိတ်ကို လွယ်ရာတွင်လည်း ဘေးစောင်းလွယ်ရန် ပို၍ သင့်လျော်ပါသည်။ သို့မှသာ အိတ်၏ အလေးချိန်အလုံးစုံပခုံးပေါ်သို့ ကျရောက်ခြင်းမှ ဟန့်တားပေးနိုင်မည ဖြစ်သည်။

ကားမောင်းခြင်း

          ကားထိုင်ခုံမှာ ရွှေ့ပြောင်းမရသောခုံဖြစ်ပါက ကျော၏ နောက်ဘက်အောက်ပိုင်း၌ cushion ခံ၍ ထိုင်ပါ။ ခါးအမြင့်ထက် ဒူးခေါင်းကို အနည်းငယ်မြှင့်၍ထိုင်ပြီး steering wheel နှင့် ကပ်ထိုင်ပါ။ ဘောင်းဘီနောက်ဘက်ရှိ အိတ်၌ ပိုက်ဆံအိတ်စသည်များ ထည့်ထားခြင်းမှ ရှောင်ကြဉ်ပါ။ အချိန်ကြာမြင့်စွာ မောင်းရပါက ကားနားရပ်၍ အနားယူပါ။

အိပ်စက်များ

          လူများသည် အိပ်ရာခန်းဝင်ပစ္စည်းများ ဝယ်ယူရာတွင် ရွေးချယ်မှုမှားယွင်းနေတတ်သည်။ ပျော့လွန်းသော မွေ့ရာကို ရွေးချယ်မိတတ်သည်။ အကယ်၍ မွေ့ရာသည် ပျော့လွန်းပါက ခန္ဓာကိုယ်သည် မွေ့ရာထဲသို့ မြုပ်ဝင်သွားပြီး ကျောရိုးမကြီး ဖြောင့်တန်းစွာ နေနိုင်မှုကို ဟန့်တားစေနိုင်သည်။ ခါးအောက်၌ ခေါင်းအုံးခုထားခြင်းဖြင့်လည်း ခါးရိုးလိမ်ထားမိခြင်းကို ကာကွယ်စေပါသည်။

Credit : မေသူခင်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18