Print

သွားဖုံးသွေးယိုခြင်းကို အထိရောက်ဆုံး ကုသပေးနိုင်မယ့် နည်းလမ်း ၉ မျိုး

  28-May-2020
Preview Image

ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ ရံဖန်ရံခါတော့ သွားဖုံးသွေးယိုဖူးကြပါတယ်။ ဒါပေမယ့် တော်သေးတာကတော့ သွားဖုံးသွေးယိုတဲ့အခါ အများစုကို အိမ်တွင်းမှာပဲ ကုသလို့ရနိုင်တာပါပဲ။ ပြီးတော့ သွားဖုံးသွေးယိုခြင်းဆိုတာ သွားဖုံးရောင်ခြင်းနဲ့ ပြင်းထန်သွားဖုံးရောင်ခြင်းရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ သွားဖုံးခဏခဏရောင်ပြီး သွေးယိုတတ်တယ်ဆိုရင် သွားတိုက်တံ အမျှင်ပျော့ပျော့လေးတွေကိုပဲ ရွေးသုံးပေးဖို့လည်း အရေးကြီးပါတယ်။


၁။ ဂွမ်းနဲ့ သွေးတိတ်အောင်လုပ်ပါ

          တခြားနေရာတွေမှာ သွေးထွက်သလိုပဲ ဂွမ်းစလေးကို သွားဖုံးသွေးယိုတဲ့နေရာမှာ ဖိကိုက်ပေးထားမယ်ဆိုရင် ခဏအကြာမှာ သွေးတိတ်ပါလိမ့်မယ်။ ဒါပေမယ့် ခဏခဏ သွားဖုံးသွေးပြန်ယိုနေတယ်ဆိုရင်တော့ သွားဆေးခန်းသွားပါသင့်ပါတယ်။


၂။ ရေခဲဝတ်ကပ်မယ်၊ ကြပ်ပူထိုးမယ်

          သွားဖုံးရောင်ပြီး သွေးယိုနေမယ်ဆိုရင် သွေးတိတ်တဲ့အထိ ရေခဲဝတ်ကပ်ပေးတာ၊ ရေခဲတုံးငုံထားပေးတို့လုပ်ပေးလို့ရတယ်။ ဒါပေမယ့် အဲ့လိုလုပ်ပေးရင်း ၁၀ မိနစ်ခန့်ကြာလာတဲ့အထိ မတိတ်သေးဘူးဆိုရင်တော့ ဆေးခန်းသွားပြသင့်ပါတယ်။

          သွားဖုံးအရောင်ကျပြီးနောက်ပိုင်း နာနေသေးရင် အနာသက်သာအောင် ကြပ်ပူထိုးတာ၊ ရေနွေးအိတ်ကပ်တာတို့လုပ်ပေးပါ။


၃။ ဆားငံရည်နဲ့ ပလုပ်ကျင်းမယ်

          ရေတစ်ဖန်ခွက်မှာ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ဖျော်၍ ဆားငံရည်တစ်ငုံကို စက္ကန့် ၃၀ ခန့်ကြာငုံထားပြီး ပလုပ်ကျင်း ထွေးထုတ်ပါ။ တစ်နေ့ကို - ကြိမ်ခန့်နှင့် အိပ်ရာထတစ်ကြိမ်၊ အိပ်ရာဝင်တစ်ကြိမ် ပလုပ်ကျင်းပေးပါ။ ဆားငံရည်က သွားဖုံးသွေးယိုခြင်း၊ သွားဖုံးရောင်ခြင်းကို သက်သာစေတဲ့အပြင် ခံတွင်းထဲမှာ အယ်ကာလီဓာတ် ယာယီမြင့်နေစေခြင်းအားဖြင့် ဘတ်တီးရီးယားပေါက်ပွားခြင်းကိုလည်း ကာကွယ်ပေးတယ်။


၄။ ခံတွင်းသန့်စင်စက် အသုံးပြုခြင်း

          သွားဖုံးတွေအထိပါ ရေနဲ့ပန်းပြီး သန့်စင်ပေးနိုင်တဲ့ ခံတွင်းသန့်စင်စက်ကို ခံတွင်းသန့်စင်ဆေးရည်နဲ့ တွဲအသုံးပြုမယ်ဆိုရင် သွားဖုံးတွေပါသန့်ရှင်းပြီး သွားဖုံးပိုးဝင်ခြင်း၊ သွားဖုံးရောင်ခြင်းမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။


၅။ အရက်ပြန်မပါတဲ့ ခံတွင်းသန့်ဆေးရည်

          အရက်ပြန်မပါတဲ့ ခံတွင်းသန့်ဆေးရည်တွေဟာ သွားဖုံးရောင်တာ၊ ခံတွင်းထဲပိုးဝင်တာအတွက် အထိရောက်ဆုံး ကုသပေးနိုင်ပါတယ်။


၆။ လက်ဖက်ရည်နှပ်ထားပြီးသား အထုပ်လေးတွေကပ်ခြင်း

          လက်ဖက်ရည်နှပ်ထားပြီးသား အထုပ်လေးတွေမှာ တန်းနစ်အက်စစ်ပါတဲ့အတွက် မိနစ်လောက် ကပ်ထားပေးမယ်ဆိုရင် သွားဖုံးသွေးယိုတာကို သက်သာစေမှာပါ။


၇။ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများစားခြင်း

          ဂျိုးဂျိူးဂျွတ်ဂျွတ်ဝါးစားရတဲ့ မုန်လာဥလို၊ တရုတ်နံနံလို ဟင်းသီးဟင်းရွက်တွေစားပေးတာက သွားကြိုသွားကြားက အစာဟောင်းတွေကိုပါ ရောပါသွားစေပြီး သွားဖုံးရောဂါတွေကို ကာကွယ်ပေးတယ်။ တံတွေးများများလည်း ထွက်စေတဲ့အတွက် အာခံတွင်းကိုလည်း သန့်စင်စေတယ်။ ဗီတာမင်ကေဓာတ် ချို့တဲ့ခြင်းကလည်း သွေးထွက်ချိန်ကြာစေတတ်တာကြောင့် ဟင်းနုနွယ်၊ ဆလပ်ရွက်၊ မုန်ညင်းရွက်တို့လို ဗီတာမင်ကေဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များး စားပေးခြင်းကလည်း သွားဖုံးသွေးယိုခြင်းကို သက်သာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဟင်းသီးဟင်းရွက်တွေဟာ သကြားနဲ့ ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်မှုနှုန်းနည်းတဲ့အတွက် သွားပိုးစားခြင်းကိုလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။


၈။ ချာမိုမိုင်းလက်ဖက်ရည်

          ချာမိုမိုင်း (chamomile) လက်ဖက်ရည်မှာ အရောင်ကျစေပြီး ကြွက်သားတွေကိုပြေလျော့စေတဲ့ အာနိသင်ရှိတဲ့အတွက် သွားဖုံးရောင်ခြင်း၊ ခံတွင်းအနာဖြစ်ခြင်းတို့ကို သက်သာစေတဲ့အပြင် ခံတွင်းချဉ်ခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။


၉။ ပျားရည်

          ပျားရည်က အရောင်ကျစေပြီး ပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက် ပျားရည်ကို ရေနွေးနဲ့ရောပြီး ပလုပ်ကျင်းပေးတာ၊ ပျားရည်နဲ့ သွားဖုံးကို မနက်တိုင်း ၁၀ မိနစ်ခန့် နှိပ်ပေးတာကလည်း သွားဖုံးရောင်ခြင်းကို သက်သာစေမှာပါ။ ဒါပေမယ့် သွားပိုးစားတဲ့နေရာတွေ ရှိနေမယ်ဆိုရင်တော့ ပျားရည်ကို သွားနဲ့ မထိစေဖို့ အထူးသတိပြုပါ။

Dr. KZT

Ref: Brightside



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18