Print

နှလုံးတိုက်ခိုက်မခံရမီ တစ်လအလိုတွင် ခန္ဓာကိုယ်မှ သတိပေးလက္ခဏာများ

  21-May-2020
Preview Image

                      နှလုံးတိုက်ခိုက်ခံရတာက သေဆုံးရတာရဲ့ အဓိကအကြောင်းရင်းကြီး တစ်ခုဖြစ်နေတဲ့အတွက် လူတိုင်းလူတိုင်း နှလုံးတိုက်ခိုက်ခံရတော့မယ့် လက္ခဏာတွေကို သိရှိထားဖို လိုအပ်ပါတယ်။ စိတ်ဖိစီမှုများတာက ရောင်ရမ်းဖြစ်စဉ်ကို မြင့်မားနိုင်ရုံသာမက နှလုံးတိုက်ခိုက်ခံရဖို အတွက်ကိုပါ လှုံ့ဆော်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုနည်းတဲ့ ကျန်းမားရေးနဲ့ ညီညွှတ်တဲ့ ဘဝနေထိုင်မှုပုံစံကို နေထိုင်တာက ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အောက်ပါတို့ဟာ နှလုံးတိုက်ခိုက်မခံရမီတစ်လအလိုမှာ ခန္ဓာကိုယ်က သတိပေးနေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။


မောပန်းနွမ်းနယ်ခြင်း

    မောပန်းနွမ်းနယ်နေတာက နှလုံးတိုက်ခိုက်ခံရတော့မယ့် လက္ခဏာတစ်ခုပါပဲ။ နှလုံးထဲကို သွေးရောက်ရှိမှုနည်းနေတာကြောင့်ပါ။ သွေးကြောတွေ ကျဉ်းနေတာကြောင့် နှလုံးထဲသွေးရောက်ရှိမှု နည်းနေတဲ့အတွက် နှလုံးက ပုံမှန်ထက်ပို အလုပ်လုပ်နေရတာပါ။


အားနည်းနေခြင်း

     သွေးကြောတွေကျဉ်းမြောင်းနေတဲ့အတွက် သွေးလှည့်ပတ်မှုအဖွဲ့အစည်းမှာ သွေးအရောက်နည်းတာကြောင့် ခန္ဓာကိုယ်အားနည်းနေရတာဖြစ်ပါတယ်။ ကြွက်သားတွေ အားနည်းလာတဲ့ အတွက် အလွယ်တကူ လိမ့်ကျနိုင်ပါတယ်။


ရင်ဘတ်လေးလံနေခြင်း

     သင့်ရင်ဘတ်ပေါ်မှာ တစ်ခုခုနဲ့ ဖိထားသလို လေးလံနေတာ ဒါမှမဟုတ် ရင်ဘတ်အောင့်နေတာက  နှလုံးတိုက်ခိုက်ခံရတော့မယ့် လက္ခဏာ တစ်ခုပါပဲ။ လေးလံနေတာ၊ နာကျင်နေတာကလက်မောင်း၊ ပခုံးနဲ့ နောက်ကျောလိုမျိုးခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ပြောင်းရွှေ့သွားတတ်ပါတယ်။


ခေါင်းမှုးခြင်းနှင့် ချွေးစေထွက်ခြင်း

      ခေါင်းမှုးတာနဲ့ ချွေးစေးထွက်တာက နှလုံးတိုက်ခိုက်ခံရတော့မယ့်  တခြားလက္ခဏာတစ်ခုပါ။ ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှု နည်းနေတဲ့ အတွက် ဦးနှောက်ထဲကိုလည်း သွေးရောက်ရှိမှု နည်းသွားတာကြောင့်ပါ။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေကို သေချာစီမံ နိုင်ဖို့အတွက် သွေးလုံလုံလောက်လောက် ရရှိဖို့ လိုအပ်တာကြောင့်ပါ။


အအေးမိခြင်း သို့မဟုတ် တုပ်ကွေးဖြစ်ခြင်း

    သင်ဟာ အအေးမိတုပ်ကွေးလိုမျိုး ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နေခဲ့ရင် နှလုံးတိုက်ခိုက်ခံရနိုင်ခြေလည်းများနေပါပြီ။ လူအများစုက နှလုံးတိုက်ခိုက်မခံရခင်မှာ အအေးမိ ဒါမှမဟုတ် တုပ်ကွေးလိုမျိုး လက္ခဏာတွေဖြစ်တတ်တာကြောင့်ပါ။


Credit:ဒေါက်တာခင်မိုးမိုး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18