Print

ကိုယ်ဝန်ဆောင်ချိန် အိမ်ထောင်ရေးသာယာစေရန်

  24-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်ချိန်မှာ သင်နဲ့အိမ်ထောင်ဖက်နှစ်ဦးကြား ဆက်ဆံရေး အဆင် ပြေမှုဟာ ကိုယ်ဝန်ဆောင်သည် အတွက် အင်အားဖြစ်စေပြီး ကိုယ်ဝန်ဆောင်စဉ် ကာလတစ်လျှောက် စိတ်ဖိစီးမှုတွေ ကင်းစေနိုင်ပါတယ်။

 

နားလည်မှု ပိုမိုတည်ဆောက်ပါ
နားလည်မှုတွေနဲ့ နှစ်ဦးကြားဆက်ဆံရေးဟာ ခံစားချက်ကောင်းတွေနဲ့ အတူမွေးဖွား မလာသေးတဲ့ သင့်ရင်သွေးငယ်အတွက် အကောင်းဆုံးတွေဖြစ် လာစေနိုင်ပါသည်။

 

နှစ်ဦးကြားဆက်ဆံရေးကိုမရပ်ပါနှင့်
ကိုယ်ဝန်ဆောင်ချိန်မှာ sex ကိုရပ်လိုက်ရတော့မယ်လို့မဆိုလိုပါဘူး။ လိင်ဆက်ဆံ နိုင်တဲ့အကြိမ်ရေကို မိသားစု ဆရာဝန်နဲ့ ပွင့်လင်းစွာ တိုင်ပင်နိုင်ပြီး သက်သောင့်သက်သာ ဖြစ်စေမယ့် အနေအထားမျိုးနဲ့ လုပ်ဆောင်ပါက အိမ်ထောင်ရေးသုခ အပြည့်အဝ ရရှိစေ နိုင်မှာပဲဖြစ်ပါတယ်။

 

နှစ််ယောက်အတူ အပြင်ထွက်ပါ
နှစ်ယောက်အတူ အပြင်ထွက် ညစာစားတာမျိုး၊ နှစ်ယောက်တည်း အချိန်ဖြုန်းတာ မျိုးတွေက်ို ကလေးမွေးဖွား ပြီးသည်အထိ ဆက်လက်လုပ်ဆောင်ပါ။

 

နှစ်ဦးစလုံး အားလပ်ချိန်ရှိပါစေ
ကိုယ်ဝန်ရပြီလို့ စတင်သိရှိပြီးတာနဲ့ နှစ်ယောက်အတူ အချိန်ယူပြီး ခရီးတိုလေး တစ်ခုလောက်ထွက်ပါ။

 

နားလည်တက်ကျွမ်းသူနှင့် တိုင်ပင်ရန်မရှက်ပါနှင့်
ခင်ပွန်းနဲ့ အတူနေချိန်မှာ သက်တောင့်သက်သာ မရှိစေတာမျိုးဖြစ်စေ၊ မိန်းမကိုယ် လမ်းကြောင်းက နာကျင်တာမျိုးဖြစ်စေ၊ ဆရာဝန်ကိုမေးမြန် တိုင်ပင်ဖို့ မရှက်ပါနဲ့။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: အာရောဂျံ ကျန်းမာရေးမဂ္ဂဇင်း
အမှတ်(၂၈၀) ၊နိုဝင်ဘာလ၊ ၂၀၁၅ခုနှစ်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18