Print

ပုံမမှန်အဖြူဆင်းစေတဲ့ အကြောင်းရင်းများ

  24-Feb-2017
Preview Image

၁။ ပဋီဇီဝဆေးတွေ၊ စတီးရွိုက်ဆေးတွေ သုံးစွဲနေရခြင်း။

 

၂။ ယောနိအတွင်း ဗက်တီးရီးယားပိုး ဝင်ရောက်စွဲကပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါရရှိခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ အိမ်ထောင်ဖက်က အပျော်အပါး လိုက်စားခြင်း။

 

၃။ ပဋိသန္ဓေတားဆေးများ သုံးစွဲခြင်း။

 

၄။ သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်း။

 

၅။ ကလာမိုင်ဒီယား (သို့) ဂနိုဆီးပူညောင်းကျ ကာလသားရောဂါဖြစ်ခြင်း၊ လိင်ဆက်ဆံဖော်မှတစ်ဆင့် ကူးစက်ရောဂါများ ကူးစက်ခံရခြင်း။

 

၆။ ဆီးချိုသွေးချိုရောဂါရှိခြင်းကြောင့် ရောဂါပိုးဝင်ရောက်ရန် လွယ်ကူခြင်း။

 

၇။ အနံ့မွှေးတဲ့ ဆပ်ပြာ၊ လိုးရှင်း (Lotion) လိမ်းဆေးနဲ့ ဆပ်ပြာပူဖောင်းများပါ တဲ့ ရေစိမ်ကန်မှာ ရေစိမ်ချိုးခြင်း၊ မွေးလမ်းကြောင်းအတွင်းထဲအထိ ဆပ်ပြာရည် နဲ့ ဆေးကြောခြင်း။

 

၈။ ခွဲစိတ်မှု (သို့) သားပျက်သားလျှောအပြီး၊ ဝမ်းဗိုက်အတွင်း ချက်အောက်ဘက် ဆီးခုံအတွင်းရှိ အင်္ဂါများ ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်း။

 

၉။ မျိုးပွားအင်္ဂါများရှိရာ ဝမ်းဗိုက်အတွင်း ရောဂါပိုးဝင်ရောင်ရမ်းခြင်း (Pelvic Inflammatory Disease)။

 

၁၀။ ထရိုင်ခိုမိုနပ်စ်ရောဂါပိုး (Trichomoniasis) ဝင်ရောက်စွဲကပ်ခြင်း၊ ရောဂါရှိသူ လိင်ဆက်ဆံဖော်မှတစ်ဆင့် ကူးစက်ခံရခြင်း။

 

၁၁။ မီးယပ်သွေးဆုံးစဉ်နှင့် သွေးဆုံးပြီးကာလတွေမှာ ဟော်မုန်းတွေ ကျဆင်းသွားလို့ ယောနိကြုံလှီလာပြီး နံရံတွေ ခြောက်သွေ့ပါးလွှာလာခြင်း။

 

၁၂။ ယောနိရောင်ရမ်းခြင်း (Vaginitis) မှာ ယောနိအတွင်းထဲနဲ့ အပြင်ဘက်မှာ နာကျင်ယားယံလာခြင်း။

 

၁၃။ ယိစ် ခေါ် မှိုရောဂါစွဲကပ်ခြင်း။

 

အထက်ပါအချက်တွေ ဖြစ်ပေါ်ခံစားရတဲ့အခါ အဖြူရောင်ဆင်းတာတွေ များလာပြီး အနံ့၊ အရောင်အဆင်းတွေပါ ပြောင်းလဲကာ လူကိုမသက်မသာ ခံစားလာရစေ တယ်။ အောက်ပါပြောင်းလဲမှုတွေက အမျိုးသမီးတိုင်း သတိထားသင့်တဲ့ အဖြူဆင်း တာတွေဖြစ်လို့ လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမြချယ်ရီ
Ziwaka magazine, August 2015, Pg.72



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18