Print

မီးဖွားပြီးစမိခင်ဖြစ်လျက် နို့ဘာကြောင့်မထွက်တယ်

  24-Feb-2017
Preview Image

ပုံမှန်အားဖြင့် ကလေးမီးဖွားပြီးတဲ့ မိခင်တိုင်းဟာ နို့ထွက်လာမှာဖြစ်ပါ တယ်။ နို့တိုက်သတ္တဝါတိုင်းဟာ မီးဖွားပြီးရင် နို့ထွက်တာ ဓမ္မတာမဟုတ်လား။ ဒါကြောင့် နို့တိုက်သတ္တဝါလို့ သတ်မှတ်ထားကြတာပါ။ မီးဖွားပြီးလျက်မှ နို့မထွက် တဲ့မိခင်ဟာ ဘာကြောင့်များလဲ လေ့လာရအောင်နော်။

 

၁။ ကိုယ်ဝန်ဆောင်ချိန်တလျောက်လုံး ရင်သားကို ကျပ်ကျပ်တည်းတည်း စည်းနှောင် ထားတတ်သော မိခင်လောင်းများဟာ ကလေးမွေးပြီးရင် နို့မထွက်တဲ့အခက်အခဲ ကြုံရတတ်ပါတယ်။

 

၂။ နို့သီးခေါင်းအထဲဝင်နေတဲ့ မိခင်လောင်းဟာ ကိုယ်ဝန်ဆောင်စဉ်ကတည်း က နို့သီးခေါင်းအပြင်ကို ဆွဲမထုတ်ခဲ့ရင် ကလေးဟာ မိခင်နို့သောက်စို့ခွင့်ရရှိနိုင်မှာ မဟုတ်ပါဘူး။

 

၃။ ဘယ်လိုနို့တိုက်ရမှန်းမသိလို့ မိခင်ကစိတ်ရှုပ်ပြီး စိတ်ဖိစီးမှု ဖြစ်နေရင်လည်း နို့မထွက် တတ်ပါဘူး။

 

၄။ ပထမဆုံးနို့တိုက်ရမယ့် သားဦးမိခင်တွေဟာ နို့တိုက်ဖို့ အစိုးရိမ်လွန် ၊ အကြောက်လွန်နေခဲ့ရင်လည်း နို့ထွက်ရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။

 

၅။ မိမိကလေးအား နို့တိုက်ချင်စိတ်မရှိသော မိခင်တွင် မိခင်နို့ကောင်းစွာ မထွက်ပါ။

 

နို့ထွက်များအောင် ဘာလုပ်မလဲ
ပထမဆုံး မိခင်ဟာ ကလေးကို နို့တိုက်ချင်တဲ့ဆန္ဒရှိရပါမယ်။ နို့တိုက်မိခင်ဟာ အာဟာရပြည့်ဝစွာ စားသုံးရမှာမို့ အစားရှောင်တာတွေကို မပြုဘဲ ကျန်းမာစေတဲ့ အစာမှန်သမျှကို စားသုံးရမှာပါ။ ဘယ်လိုပဲ လက်ရှိအခြေအနေတွေက ရှုပ်ထွေးလို့ စိတ်ဖိစီးစရာ ၊ စိတ်ဆင်းရဲစရာတွေ ရှိနေနေ သားသမီးနို့ဝဝ သောက်စို့ခွင့်ရဖို့ စိတ်မချမ်းသာစရာတွေကို မတွေးဘဲ စိတ်ကို အေးအေးထားပြီး နို့တိုက်ရ မှာဖြစ်ပါ တယ်။ နို့တိုက်ပြီးလို့ ဆာလာတိုင်း စားရမှာဖြစ်ပြီး ရတဲ့အချိန်လေး ကို ကောင်းကောင်း အနားယူ အိပ်စက်ရမှာဖြစ်ပါတယ်။

 

နို့တစ်ကြိမ်တိုက်တိုင်းမှာ ဘယ်ဘက်ကော ညာဘက်ကော ပြောင်းပြီး မျှတိုက် ရမှာဖြစ်ပါတယ်။ နို့ကျန်တွေကိုတော့ ညှစ်ထုတ်ပစ်ရမှာဖြစ်ပါတယ်။ နို့ကျန်တွေ ညှစ်ထုတ် တာက နို့ကို ပိုထွက်စေပါတယ်။ နို့ကျန်တွေ မညှစ်ထုတ်မိရင် နို့တင်းလာပြီး နို့နာ တတ်ပါတယ်။ နို့နာဖြစ်လာလို့ နို့မတိုက်နိုင်ရင် နို့ခမ်းလာနိုင်ပါတယ်။

 

ကလေးနို့ဝပြီး နို့မချွတ်ဘဲ အိပ်ပျော်သွားတဲ့အခါ မိမိရဲ့ သန့်စင်တဲ့လက်နဲ့ (အထူးသဖြင့် လက်သန်းလေးဖြင့်) ကလေးရဲ့ ပါးစပ်စွန်းထဲ ထိုးထည့်ပြီး နို့ချွတ်တဲ့အခါ အလွယ်တကူ ကျွတ်သွားတဲ့အတွက် ကလေးလဲ မနိုးသလို နို့သီးခေါင်းလည်း မနာပါ။

 

နို့ဆာလို့ အငမ်းမရစို့တဲ့ ကလေးဝမ်းထဲကို လေတွေ ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် မို့လို့ နို့တိုက်ပြီးတဲ့အခါ ကလေးကို ခဏထောင်ပြီး လေထုတ်ပေးနိုင်ပါ တယ်။ လေ မထုတ်မိတဲ့အခါ ကလေးလေထပြီး ဗိုက်နာတတ်ပါတယ်။ မပြောတတ်သေးတဲ့ကလေး ငိုနေရင် နို့ဆာလို့ ၊ ဒါမှမဟုတ်ရင် ဗိုက်နာလို့ ၊ ဆီးဝမ်းသွားထားလို့ ၊ (ခြင် ၊ ပုရွတ်ဆိတ် စသဖြင့်) အကောင်တစ်ခုခု အကိုက်ခံရလို့ ၊ တခုခု မသက်မသာ ခံစားနေရ လို့ ဖြစ်ပါတယ်။ မွေးကင်းစကလေးဟာ ပုံမှန်အားဖြင့် နို့ဝရင် အိပ်တတ်တာပါ။

 

ကလေးအတွက် နို့လုံလောက်စွာ ထွက်မထွက်
၁။ ကလေးဟာ မိခင်နို့စို့ပြီး (၂)နာရီ သို့မဟုတ် (၃)နာရီ အိပ်ပျော်သွားပါက ကလေးဟာ မိခင်နို့ ဝဝလင်လင် စို့ခဲ့ရလို့ ဖြစ်ပါတယ်။ ဒါဆိုရင် မိခင်ဟာ နို့လုံလောက်စွာ ထွက် လို့ဖြစ်ပါတယ်။

၂။ မိခင်နို့မှန်မှန်စို့နေတဲ့ ကျန်းမာတဲ့ကလေးရဲ့့ အလေးချိန်ဟာ မှန်မှန်တိုးတက်နေ တယ်ဆိုရင် မိခင်နို့လုံလောက်စွာ ထွက်လို့ဖြစ်ပါတယ်။

၃။ နို့တစ်ဖက်က ကလေးနို့တိုက်နေချိန် ကျန်တဲ့နောက်တဖက်က နို့သက်နေမယ်ဆိုရင် မိခင်ဟာ နို့လုံလောက်စွာ ထွက်ပါတယ်။

၄။ ကျန်းမာရေးကောင်းပြီး ငယ်ရွယ်တဲ့မိခင်ဟာ နို့လုံလောက်စွာထွက်ပါတယ်။ (သွေးဆုံးခါနီး အသက်အရွယ်ရှိသော မိခင်များ မပါဝင်ပါ။)

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit;ရတု (Burmesehearts.com)


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18