Print

ကိုယ်ဝန်ဆောင်ကာလတွင် ဖြစ်တတ်သောပြောင်းလဲမှုများ

  24-Feb-2017
Preview Image

ဆံကေသာ
တချို့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလတွေ မှာ ဟော်မုန်းဓာတ်ပြောင်း လဲတာမျိုးကြောင့် ဆံပင်သားတွေ ကောင်းမွန်လာတတ်ပါတယ်။ ဒါပေမယ့် ကျန်တချို့ ကတော့ ဦးရေပြားအဆီပြန်တာ ပိုများလာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ဆံပင်အရောင်ဆိုးတာမျိုး ပြုလုပ်ဖို့မသင့်ပါဘူး အထက်ပါ အမျိုးသမီးတွေအပြင် နောက် ထပ် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ဆံပင်ဟာ ပိုထူထဲလာတတ်ပါသေးတယ်။ ဒါဟာလည်း ကလေးမွေးဖွားပြီး လပိုင်းမှာပဲ နဂိုအတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။ 


ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်တွေမှာ ဆံပင်ဖြီးသင်ရ လွယ်ကူရအောင် ရိုးရှင်းတဲ့ ဆံပင်ပုံစံသာ ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ဆံပင်အတိုညှပ်ထားပေး သင့်ပါတယ်။ ဒါမှသာ ချွေးထွက်လွန်တာမျိုးကနေ သက်သာနိုင်မှာပါ။ ဒါ့အပြင် ဒီကာလတွေမှ ဆံပင်အခြေအနေပေါ် မူတည်ပြီး ခေါင်းလျှော်ရည်အမျိုးအစား ပြောင်းသုံးရပါလိမ့်မယ်။

 

ရင်သားများ
ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ရင်သားတွေဟာလည်း အရွယ်ပိုမိုကြီးလာပါလိမ့် မယ်။ ဒီလိုအချိန်မျိုးမှာ ရင်သားကို ကောင်းစွာအထောက်အပ့ံပေးနိုင်တဲ့ အတွင်းခံမျိုး ကိုသာ ရွေးပြီးဝတ်ဆင်ရပါလိမ့်မယ်။

 

သွားနဲ့သွားဖုံး
ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တတ်တဲ့ နောက်ထပ်အကြောင်းတစ်ခုကတော့ သွားဖုံးနေရာမှာ ရောင်ရမ်းပြီး သွေးထွက်တာမျိုးပါ။ ဒါဟာလည်း ဟော်မုန်း ဓာတ်ပြောင်းလဲမှုကြောင့် ဖြစ်လာရတာမျိုးပါ။ အဲဒီလို ပြောင်းလဲမှုကြောင့် သွားဖုံး သွားတွေဟာ ပျော့ပျောင်းလာပြီး စားတဲ့အစားတွေဟာ သွားဖုံးမှာ ကပ်နေနိုင်ပြီး၊ အဲဒီကတစ်ဆင့် ဗက်တီးရီးယားပိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို မဖြစ်ရအောင် အစာစားပြီးတိုင်း ဂရုတစိုက်နဲ့ သွားတိုက်ပေးရပါလိမ့်မယ်။ 

 

ခြေထောက်များ
သန္ဓေသားကြီးထွားလာတာနဲ့အမျှ ၎င်းရဲ့ အလေးချိန်ကြောင့် သွေးကြောတွေပေါ် ဖိမိသလိုဖြစ်ပြီး တစ်ခါတစ်ရံ ခြေထောက်တွေ ရောင်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ စီးနေကျအရွယ်ထက် နံပါတ်တစ်ခုကြီးတဲ့ အရွယ်အစားကို ရွေးချယ်ဝယ်ယူပြီး စီးရပါလိမ့်မယ်။ ဒါ့အပြင် ဒေါက်မြင့်လွန်းတဲ့ ဖိနပ်မျိုးကို ရှောင်ကြဉ်ရပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ ခြေထောက်ရောင်တာကို အထိုက်အလျောက်တော့ သက်သာစေနိုင် မှာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်ဝတ်မှုန်
Health for all magazine, No.104, September 2015, Pg. 25-26


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18