Print

မိန်းကလေးများတွင် ဖြစ်ပွားတတ်သော ပိုးကူးစက်ခြင်းကြောင့် မိန်းမကိုယ်ယား...

  24-Feb-2017
Preview Image

(၁) လိင်မှတစ်ဆင့် ပိုးကူးစက်ခြင်း
လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးမွှားဖြစ်တဲ့ ထရိုင်ကိုမိုးနပ် (Tricomonas)ကြောင့် မိန်းမကိုယ်ယားယံတာကို ခံစားရနိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ရဲ့ ထုတ်ပြန်မှုများမှာ အမျိုးသမီး အများစုဟာ ဒီပိုးကူးစက် ခံရနိုင်ပြီး ကူးစက်ခံရသူတွေရဲ့ ၃၀ ရာခိုင်နှုန်းမှာသာ ရောဂါလက္ခဏာတွေ ခံစားရတယ်လို့ ရေးသားခဲ့ပါတယ်။ ဒီပိုးကူးစက်မှုကြောင့် မိန်းမကိုယ်ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ အဖြူဆင်းတာစတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ 

 

လိုက်နာရန်
လိင်မှတစ်ဆင့် ကူးစက်တာဖြစ်တာကြောင့် ကုသမှုခံယူတဲ့အခါ သင့်အမျိုးသား ကိုလည်း ကုသဖို့ လိုအပ်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ပဋိဇီဝပိုးသတ်ဆေးတွေသောက်သုံးဖို့ လိုအပ်ပါတယ်။

 

(၂) ဘက်တီးရီးယားပိုးကူးစက်ခြင်း
မိန်းမကိုယ်မှာ ဘက်တီးရီးယားပိုးကူးစက်တာကြောင့် မိန်းမကိုယ် အနံ့ဆိုး ဖြစ်စေပြီး ယားယံတာကို ခံစားရနိုင်ပါတယ်။

 

လိုက်နာရန်
မိန်းမကိုယ်တစ်ဝိုက် ယားယံတာအပြင် ထူးခြားတဲ့ တခြားအပြောင်းအလဲတွေဖြစ်ပေါ်ပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

(၃) ရေယုန်ပိုး ကူးစက်ခြင်း
ရေယုန်ပိုးကူးစက်တာကြောင့် လိင်အင်္ဂါတွေမှာ မီးလောင်ဖုလို အရည်ကြည်ဖုပေါက်ပြီး အလွန်နာကျင်တာ၊ အနာဖြစ်တာ၊ ယားယံတာ၊ ဆီးသွားတဲ့အခါ နာကျင်မှု ခံစားရခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ တချို့တွေမှာ ဖျားနာတာ၊ တစ်ကိုယ်လုံး ကိုက်ခဲတာ၊ လင့်ဖ်အကျိတ်တွေ ရောင်ရမ်းတာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။

 

လိုက်နာရန်
ကံမကောင်းစွာဘဲ ရေယုန်ဗိုင်းရပ်စ်ပိုးကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ရောဂါလက္ခဏာတွေ သက်သာအောင်နဲ့ မကြာခဏပြန်မဖြစ်အောင်တော့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အလင်း (ဆေးဝါး)
Arogyam magazine, No.281, December 2015, Pg. 180



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18