Print

ကိုယ်ဝန်ဆိပ်တက်ခြင်းက မိခင်လောင်းများ အသက်အန္တရာယ်ထိခိုက်စေနိုင်၍ ဂရုစ...

  30-Oct-2016
Preview Image

 

ကိုယ်ဝန်ဆောင်မိခင်လောင်းများ၏ သေဆုံးမှုတွင် ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် သေဆုံးခြင်းသည်လည်း ပါဝင်နေသည့်အတွက် ဂရုစိုက်ရန်လိုကြောင်း သိရသည်။မိခင်လောင်းများတွင် ကိုယ်ဝန်ဆိပ်တက်ခြင်းရောဂါ ခံစားရရန် အလားအလာ များရှိတတ်ပြီး ကိုယ်ဝန်ဆိပ်တက်ခြင်းသည် သွေးပေါင် များတက်ခြင်း၊ ခြေထောက်များ ဖောရောင်လွန်းခြင်း၊ ဆီးအတွင်းပရိုတိန်းဓာတ်ရှိနေခြင်း တို့ကြောင့်ဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ကိုယ်ဝန်ဆိပ်တက်ခြင်း သည် ကြောက်စရာကောင်းကြောင်း သိရသည်။ ''ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာက သိပ်ကြောက်စရာကောင်းတယ်။ မတ်တတ် ရပ်နေရာကနေ ပစ်လဲပြီး ချက်ချင်း အသက်ဆုံးရှုံးသွားနိုင်တယ်။ အဲဒါကြောင့် ကိုယ်ဝန်ကို မှန်မှန်ပြပြီး သွေးပေါင်ချိန်ဖို့ လို အပ်ပါတယ်။ ခြေထောက်တွေ ဖောရောင်နေရင်လဲသတိထားပြီး သွေးပေါင် ချိန်ကြည့်သင့်တယ်''ဟု သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။

 

ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်ငါးလ (သို့မဟုတ်) မွေးခါနီးအချိန် များတွင် ဖြစ်တတ်ပြီး ရောဂါ လက္ခဏာများအနေဖြင့် ခေါင်းအဆက်မပြတ် ကိုက်ခြင်း၊ အမြင်မည်း မှောင်ပြီးမသဲကွဲခြင်း၊ ခြေထောက် ရုတ်တရက်ဖောရောင် လာခြင်း စသည့်တို့ဖြစ်တတ်ကြောင်း သိရသည်။ ''တစ်ခါတလေကျရင် ကိုယ် ဝန်ဆိပ်တက်ပြီးတော့ ခေါင်းတွေကိုက်လာတယ်၊ မျက်လုံးတွေကြည့်လို့မကောင်းဘူး။ အန်တယ်။ မျက်လုံးတွေက နှစ်ထပ် သုံးထပ်တွေ၊ အ ရောင်တွေမြင်နေတယ်ဆိုရင် သတိထားသင့်တယ်။ ခဏနေရင် ချက်ချင်း တစ်ခုခုဖြစ်သွားနိုင်တယ်''ဟုဆိုသည်။အဆိုပါရောဂါ လက္ခဏာများ ရှိပါက ဆရာဝန်နှင့်အမြန်ဆုံး ပြသသင့်ပြီး ကိုယ်ဝန် ဆိပ်တက်ခြင်း ဟုတ် မဟုတ် စစ်ဆေးပြီး ဆရာဝန်မှ အတည်ပြုပေးမည်ဖြစ်ကာ ကိုယ်ဝန်ဆိပ်တက်ခြင်း လား၊ အရေပြားရောင် ရမ်းခြင်းလား၊ အခြားရောဂါ များကြောင့်လားဆိုသည်ကို ဆရာဝန်မှ စစ်ဆေးအတည်ပြုပေးမည်ဖြစ်သည်။ ကိုယ်ဝန်ဆိပ်တက် ရောဂါသည် သန္ဓေသားကို အာဟာရ ပေးနေသည့် အချင်းကို အကျိုးသက်ရောက်မှုရှိသကဲ့သို့ ခန္ဓာကိုယ်စနစ်ကိုလည်း မကောင်းသည့်အကျိုး သက်ရောက်မှု ဖြစ်စေနိုင်ကြောင်းသိရသည်။

 

Healthcare.com.mm

 

Ref:

KTM

Democracytoday



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18