Print

ကိုယ်ဝန်ဆောင်စဉ် ဆီးလမ်းကြောင်းပိုးမဝင်အောင်

  30-Oct-2016
Preview Image

 

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနှင့် တွေ့ကြံုရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ကလည်း အဖြစ်များတဲ့ ပြဿနာတစ်ရပ်ပါ။ အသက် ၂ဝ နဲ့ ၅ဝ ကြား အမျိုးသမီးတွေမှာ ကိုယ်ဝန်လနုစဉ်ကာလအတွင်း ပိုအဖြစ်များပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ဘယ်လိုစောင့်ရှောက်ရမယ်၊ မဖြစ်လာအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ကျန်းမာရေး ဗဟုသုတ ကြွယ်ဝစေဖို့ ဝေမျှချင်ပါတယ်။

 

ကိုယ်ဝန်ဆောင်စဉ် UTI မဝင်အောင်

၁။ ရေများများသောက်ပေးပါ။

၂။ ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ Vitamin C and Zine တို့ကိုသောက်ပေးပါ။ ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးပြီး ပိုးဝင်ကူးစက်မှုကို ကာကွယ်ပေးပါတယ်။

၃။ ချိုလွန်းတဲ့၊ သကြားများစွာပါဝင်တဲ့ အစားအစာတွေ၊ ပြုပြင်ထုတ်ပိုးထားတဲ့ အစားအစာတွေကို စားသောက်ခြင်း မပြုသင့်ပါဘူး။

၄။ ခရီးသွားရင်ဖြစ်စေ၊ အလုပ်သွားရင်ဖြစ်စေ ဆီမအောင့်ထားပါနဲ့။ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ဆီးသွားချင်လာရင် ချက်ချင်းသွားပါ။ ဆီးအောင့်ထားတာက ဆီးအိမ်နှင့် ဆီးလမ်းကြောင်းထဲမှာ ပိုးမွှားတွေပေါက်ဖွားဖို့ အခွင့်အလမ်းပေးလိုက်တာပါပဲ။ ဒါ့အပြင် ဆီးသွားပြီးရင်ဖြစ်စေ၊ အိမ်သာတက်ပြီးရင်ဖြစ်စေ၊ သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့ (ဆီးလမ်းကြောင်း) မှ အနောက် (စအိုပေါက်) သို့ ဦးတည်ပြီး သန့်စင်ပေးပါ။

၅။ မျိုးပွားအင်္ဂါတစ်ဝိုက်ကို ရေများများသုံးပြီး နေ့စဉ် သန့်ရှင်းရေးလုပ်ပေးပါ။ ဆပ်ပြာ၊ ခရင်မ်၊ စပရေး စတာတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ UTI ပိုဖြစ်စေပါတယ်။ ဒါကြောင့် ရေနဲ့သာ သန့်စင်ပေးပါ။ ရေချိုးကန်နဲ့ ရေချိုးတာထက် ရေပန်း(သို့) ရေခွက်နဲ့ လောင်းတာမျိုး လုပ်ပေးပါ။ တစ်နေ့ (၂) ကြိမ်ချိုးပေးပါ။

၆။ အောက်ခံဘောင်းဘီနဲ့ ဘောင်းဘီတိုတွေကို သန့်ရှင်းအောင်လဲလှယ်ပေးပါ။ သေချာလျှော်ဖွတ်ထားပြီး မီးပူတိုက်ထားတဲ့ တွင်းခံကိုသာ ဝတ်ဆင်ပါ။ အရမ်းကျပ်လွန်းတဲ့ ပူတဲ့အဝတ်သားကို ရှောင်ပြီး ပေါ့ပါးသက်သာတဲ့ ချည်သားအတွင်းခံကိုသာ ရွေးချယ်

ဝတ်ဆင်ပါ။

၇။ အမျိုးသားနဲ့ အတူမနေမီနဲ့ အတူနေပြီးတိုင်း ဆီးသွားပါ။ သန့်ရှင်းရေးလုပ်ပါ။ UTI ကို ကုသမှုခံယူနေစဉ်အတွင်းမှာတော့ အမျိုးသားနဲ့ အတူနေခြင်းမပြုသင့်ပါဘူး။

Healthcare.com.mm

 

Ref:

Sheri (U.O.N,Ygn)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18