Print

ကိုယ်ဝန်ဆောင်နှင့်ခြေထောက်သွေးကြောထုံးပြသနာ

  30-Oct-2016
Preview Image

သွေးကြောထုံးတယ်ဆိုတာ အခြေခံအကြောင်း အရာရာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာလည်းခြေထောက်သွေးကြောထုံးတတ်ပါတယ်။ အများအားဖြင့်ကိုယ်အလေးချိန်များသော ကိုယ်ဝန်ဆောင်စဉ် သန္ဓေသား ကြီးထွားနှုန်းမြန်သော မိခင်များမှာ ခြေထောက်သွေးကြောထုံးပြဿနာကို ရင်ဆိုင်ရလေ့ ရှိတယ်။ ကြီးထွားဖွံ့ဖြိုးလွန်းတဲ့ ကိုယ်ဝန်ကြောင့် ခန္ဓာကိုယ်အောက်ပိုင်း ဖိအားသက်ရောက်မှု များပြီးပေါင်ခြံ၊ တံကောက်ကွေးနှင့် ခြေသလုံးသွေးကြောများ ဖောင်းကာလာကာ သွေးကြောထုံးပြဿနာကို ရင်ဆိုင်ရတတိ်ပါတယ်။ ရံဖန်ရံခါမှာ ခြေထောက်သွေးကြောထုံးတဲ့ ပြဿနာက ပြင်းထန ဆိုးရွားလာတတ်ပြီး အန္တရာယ်ပေးတတ်

ပါတယ်။

ဘာကြောင့်ခြေထောက်သွေးကြောထုံးသလဲ

ကိုယ်ဝန်ဆောင်တွေမှာတော့ ခြေထောက်သွေးကြောထုံး ပြသနာ ခန္ဓာကိုယ် အပေါ်ပိုင်း အလေးချိန်မြင့်တတ်လာခြင်းကြောင့်၊ တစ်နေ့တစ်ခြားကြီးထွားလာတဲ့ ကိုယ်ဝန်ကြောင့် ခန္ဓာကိုယ် အောက်ပိုင်း သွေးကြောကြီးတွေအပေါ် ဖိအား သက်ရောက်မှုများပြီး သွေးကြောနံရံ ဖောင်ကားမာကြောလာကာ တဖြည်းဖြည်း သွေးကြောများကွေးကောက်လာပြီး အထုံးငယ်များဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ် သွေးကြောထုံးတဲ့အခါ နာကျင်ခံစားမှုအနည်းငယ်မှ အလယ်အလတ်ထိခံစားရပြီး အမြင်ဆိုးကာ မသက်မသာခံစားမှုကို ရရှိနိုင်ပါတယ်။ခြေထောက်ရွေ့လျားလှုပ်ရှားမှု လေးလံကာ တစ်ခါတစ်ရံ ကိုက်ခဲ့တတ်ပါတယ်။ ခြေထောက်သွေးကြောထုံးရှိတဲ့ အရေပြားတစ်ဝိုက်မှာလည်း ယားယံမှုကိုခံစားရကာ ညပိုင်းရောက်လေ ရောဂါလက္ခဏာတွေ ပိုဆိုးလေဖြစ်တတ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ကာလမှာ

အများအားဖြင့်ကိုယ်ဝန်ရင့်လာချိန် နောက်ဆုံးမွေးဖွားခါနီလတွေမှာ ခြေထောက်သွေးကြောထုံးပြဿသနာ ပိုဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ သွေးကြောထုံးပြဿသနာ ကလးမွေးဖွားပြီးနောကပိုင်းမှာ ပြန်လည်ကောင်းမွန်နိုင် ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ခြေထောက်သွေးကြောထုံးတာက ဖြစ်တဲ့ ကာလ တစ်လျှောက်မှာအခံရခက် နေမထိထိုင်မသာ ဖြစ်ပေမဲ့ ကလေးမွေးဖွားပြီးနောက်မှာတော့ သက်သာပျောက်ကင်းနိုင်တာမို့ စိုးရိမ်စရာသိပ်မရှိပါဘူး။ ဒါပေမဲ့ သွေးကြောတွေ အခြေအနေမဆိုးရွားအောင်ကိုတော့ထိန်သိမ်းဖို့လိုပါတယ်။

 

ဘယ်လိုလူတွေမှာအဖြစ်များသလဲ

ကိုယ်ဝန်ဆောင် ခြေထောက်သွေးကြောထုံးပြဿနာက အဝလွန်သူတွေ၊ မိသားစုတွင်သွေးကြောထုံးရောဂါဖြစ်ဖူးသည့် မျိုးရိုးရှိသူတွေ၊ သွေးကြောနံရံနှင့်နှလုံးအဆို့ရှင်အားနည်းသူတွေ၊ အသက်အရွယ်ကြီးသူတွေမှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် ၃ လကနေ၊ ၆ လအတွင်း ဖြစ်လေ့ရှိပြီး မွေးဖွားခါနီရင် ပိုဆိုးရွားလာတတ်ပါတယ်။

 

ခြေထောက်သွေးကြောထုံးခြင်းမဆိုးရွားအောင် ဘယ်လိုကာကွယ်မလဲ

ခြေထောက်သွေးကြောထုံးပြဿနာရင်ဆိုင်လာရရင်ပိုပြင်းထန်ဆိုးရွားခြင်းမရှိအောင် ခြေထောက်သွေးကြောထုံးပြသနာမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့။

- အချိန်ကြာရှည်မတ်တပ်ရပ်တာနဲ့ အထိုင်များတာကိုရှောင်ကြဉ်ပါ

- အိပ်စက်လဲလျောင်းတဲ့အခါ ဘယ်ဘက်သို့ စောင်းအိပ်ပါ။ ညာဘက်ခြမ်းတွင် အတွင်သွေးကြော (Interior Vena Cava) ရှိတာကြောင့် ထိမိပြီး သွေးကြောများပိတ်နိုုင်ပါတယ်။

 

- လဲလျောင်းရင်ဖြစ်စေ၊ ထိုင်ရင်ဖြစ်စေ ခြေထောက်များကိုမြှင့်ထားပါ။ ဒါမှသာ ခြေထောက်သွေးကြောများမှ နှလုံးဆီသို့ သွေးပြန်လည်ပတ်မှုအားကောင်းပြီးသွေးကြောထုံးခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

- အဝမလွန်ပါစေနှင့်။ ကိုယ်ဝန်ဆောင်ချိန်မှာ မည်သူမဆို ကြီးထွားလာတဲ့သားအိမ်ကြောင့် ကိုယ်အလေးချိန်တတ်လာနိုင်ပါတယ်။ ဒါပေမဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုလွန်အောင် ထိန်သိမ်းသင့်ပါသည်။ ကိုယ်အလေးချိန် တိုးပွားလာခြင်းကြောင့်လည်း ခြေထောက်သွေးကြောထုံးပြဿနာကို ရရှိနိုင်ပါသည်။

- လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းက သွေးလည်ပတ်မှု အားကောင်းစေပြီး ခြေထောက်သွေးကြောထုံးပြသနာကို ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာတော့ အရမ်းပြင်းထန်ခြင်းမရှိတဲ့ လေ့ကျင့်ခန်းများကို တစ်နေ့တာအတွက် မိနစ် ၃ဝ ခန့်ဖြည်းဖြည်းမှန်မှန် လုပ်ပေးနိုင်ပါတယ်။

- ဝမ်းမချုပ်ပါစေနှင့်။ ဝမ်းချုပ်တဲ့အခါစအိုဝသွေးကြောများကို ဖောင်းကားရောင်ရမ်း စေပြီး လိပ်ခေါင်းခေါ် စအိုဝသွေးကြောဖောင်းကားပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်ခြင်းမဖြစ်အောင် ရေများများသောက်ခြင်း၊ အမျှင်ကြွယ်ဝသော အစားအစာများကိုစားပေးခြင်း၊ အစာပျော့ပျော့များကိုသာစားခြင်းမျိုးကိုပြုမှုသင့်ပါတယ်။

- သွေးကြောဖောင်းကားမှုမရှိအောင် အသားကပ်ခြေစွပ်ဝတ်ပေးပါ။သွေးကြောဖောင်းကာခြင်းကို ထိန်းသိမ်းပေးသည့် compressing Stocking ခေါ်အသားကပ်ခြေစွပ်များကို ဝတ်ဆင်ပေးထားခြင်းကလည်း သွေးကြောဖောင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

- ဆရာဝန်ကိုအမြန်ဆုံးပြသပါ။ သင့်အနေဖြင့် ခြေထောက်သွေးကြောများ ပုံမှန်ထက် ရောင်ရမ်းဖောင်းကား လာခြင်း၊ ဒါမှမဟုတ်မာကြောလာခြင်းတို့ကို ခံစားသိရှိပါက ဒီအခြေအနေကိုမိသားစုဆရာဝန်နှင့်ဖြစ်စေ၊ ဒါမှမဟုတ်နောက်ဆက်တွဲပြဿသနာမဖြစ်အောင် ကြိုတင်ကာကွယ် ကုသနိုင်မှာဖြစ်ပါတယ်။

 

Ref:

Sheri ( U.O.N.Ygn)

Ziwaka Magazine

No.245, p.83-85, June, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18