Print

ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်လရင့်ချိန်တွင် ဆီးချို သွေးချို ရောဂါ ဖ...

  29-Oct-2016
Preview Image

 

ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်လရင့်သည့်အချိန်တွင် ဆီးချို၊  သွေးချိုရောဂါ ဖြစ်ပွားမှုနှုန်းမှာ များပြားလာကြောင်း ရန်ကုန်အနောက်ပိုင်းဆေးရုံ  သားဖွားမီးယပ်အထူးကု ဒေါက်တာကောင်းဇော် ထံမှ သိရသည်။'ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်လရင့်တဲ့အချိန်မှာ ဆီးချို၊သွေးချို ဖြစ်ပွားလေ့ရှိတယ်။ ကိုယ်ဝန်ငါးလအထက်မှာ  အဖြစ်များတယ်။ ဒါပေမဲ့ကလေးမီးဖွားပြီးရင် ပျောက်ကင်းသွားတတ်တယ်။ အဲဒီလိုဖြစ်တာကို ကောင်းတယ်လို့ ပြောလို့မရဘူး။ နောက်ပိုင်းမှာ ဆီးချို၊၊ သွေးချိုရောဂါ ပြန်ဖြစ်လာနိုင်တယ်'' ဟု၎င်းက ဆက်လက်ပြောသည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ  ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်အတွင်းမှ ထွက်လေ့ရှိသော ဟော်မုန်းများကြောင့် သို့မဟုတ်ပါက အင်ဆူလင်ထွက်ရှိမှု နည်းပါးသွားခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ 

 

ဆီးချို၊၊ သွေးချိုရောဂါဆိုသည်မှာ သွေးအတွင်းရှိ သကြားဓာတ်ပမာဏ မြင့်မားလာခြင်းကြောင့်ဖြစ်ပြီး သွေးအတွင်းရှိ ဂလူးကို့စ် များပြားလာခြင်းမှာလည်း စားသောက်သော အစားအစာမှ ဂလူးကို့စ်ရရှိသည့်အပြင် ခန္ဓာကိုယ်အတွင်းရှိ အသည်းမှလည်း ဂလူးကို့စ်ကို ထုတ်လုပ်ပေးခြင်းကြောင့်လည်းဖြစ်သည်။ သွေးများမှ ဂလူးကို့စ်ကို ခန္ဓာကိုယ်တစ်ခုလုံးရှိ ကလာပ်စည်းများရှိရာသို့ ပို့ပေးပြီး အင်ဆူလင် ဆိုသည်မှာလည်း ဟော်မုန်းတစ်မျိုးဖြစ်ကာ ခန္ဓာကိုယ်အတွင်းရှိ ပန်ကရိယဟုခေါ်သော အင်္ဂါမှ အင်ဆူလင်ကို ထုတ်လုပ်ပေးပြီး သွေးထဲသို့ပို့ဆောင်ပေးခြင်းလည်း ဖြစ်သည်။ ''မိသားစုမျိုးရိုးထဲမှာ ဆီးချို၊၊ သွေးချိုရောဂါ ရှိတဲ့သူတွေ၊ ကိုယ်အလေးချိန်များပြီး ဝတဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေ၊ အသက် ၄ဝ ကျော်အရွယ်တွေ၊ ကိုယ်ဝန်ဆောင်ချိန် ဆီးချို၊၊ သွေးချို ရှိခဲ့တဲ့သူတွေကဆီးချို၊၊ သွေးချို ဖြစ်ပွားစေနိုင်တဲ့အခွင့်အလမ်းများပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ 

 

Ref: ထက်နေ မြဝတီ Sunday, August 24, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18