Print

ကြံရည် အကြောင်းနည်းနည်းပြောပြမယ်နော်

  30-Oct-2016
Preview Image

၁- ကျောက်ကပ် ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့ ရောဂါများကို ကာကွယ်နိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှလဲ ကာကွယ်ပေးခြင်း။ ၂- လည်းချောင်းနှင့်ဆိုင်သောရောဂါနှင့် တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း။ ၃- ကင်ဆာရောဂါ ကာကွယ်မှုနှင့် အထူးသဖြင့် ရင်သားကင်ဆာ သမားများအတွက် ကောင်းမွန်ခြင်း။ ၄- ကိုယ်တွင်းအပုပ် အညစ်များကို ကျစေခြင်း။ ၅- ဖျားနာနေမကောင်းဖြစ်ပြီးလျှင် ကြံရည်သောက်သင့်တဲ့။အဓိကအချက်ကတော့ နေမကောင်းဖြစ်ချိန်တွင် ပျောက်ဆုံးသွားသော ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကို ပြန်လည်ဖြည့်တင်းပေးခြင်း။ ၆- အသားအရည်တွင် မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကိုဖြည့်တင်းပေးပြီး ၀က်ခြံများထွက်ခြင်းမှ သက်သာစေခြင်းနှင့် ကြံရည်ကို သင့်မျက်နှာပေါ်မှာလိမ်းပြီးမိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးစေခြင်း။ ၇- ကယ်လ်စီယမ်၊ကိုဗော့၊ကြေး၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်၊ ပိုတက်ဆီယမ်နှင့် သံဓါတ်တို ့ပါ၀င်ပါတယ်။ ၈- ဗီတာမင်များအနေဖြင့်လည်းဗီတာမင် B1,B2,B3,B5တို ့ပါ၀င်ပြီး အမျှင်ဓါတ်နှင့်ပရိုတိန်းတို ့လည်းပါ၀င်ပါတယ်။ ၉- သင့်လက်သည်းမှာ အဖြူအစက်ကလေးတွေရှိရင် သင့်အစားအစာထဲမှာ သကြားဓါတ်အလွန်နည်းနေတာကြောင့် သကြားပြည့်ဝစွာပါ၀င်တဲ့ ကြံရည်ကိုသောက်ပေးခြင်းဖြင့် သင့်လက်သည်းခြေသည်းတွေကို ပိုမိုတောက်ပြောင်လာစေမှာပါ။ ၁၀- ကြံရည်ဟာသင့်သွားအလှနှင့် ကျန်းမာရေးကိုပါ ထိန်းသိမ်းပေးပြီး သင့်သွားတွေတောင်ပြောင်စေဖို ့နဲ ့ပိုးစားခြင်းမှ ကာကွယ်ပေးခြင်းတို ့ကို လုပ်ဆောင်ပေးပါတယ်။ ၁၁- အသားဝါရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးတာကြောင့် ယခုပဲ လတ်ဆတ်တဲ့ကြံရည်တစ်ခွက်အမြန်သောက်လိုက်ပါ။

 

 

Ref:

အလှအပ ၊ ကျန်းမာရေး နှင့် လိိင်ပိုင်းဆိုင်ရာ

June 22, 2014

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18