Print

တားဆေးမသောက်ချင်သော အမျိုးသမီးများအတွက်

  30-Oct-2016
Preview Image

ချစ်သူနှစ်ဦးပေါင်းဖက်လို.အိမ်ထောင်တစ်ခုထူထောင်ကြရာမှာ ကလေးယူမယ်အချိန်ဟာနှစ်ယောက်လုံးသဘောတူထားတဲ.အချိန်ဖြစ်သင်.သလိုကြိုတင်ပြင်ဆင်ပြီးမှရတဲကိုယ်ဝန်ဖြစ်ဖို.လဲလိုပါတယ်။သမီးရည်းစားဘဝမှာဘယ်လိုပဲတစ်ယောက်အကြောင်းတစ်ယောက်သိစေကာမူအတူနေလင်မယားဘဝလောက်ထဲထဲဝင်ဝင်သိမှာမဟုတ်ပါဘူး။ဒါကြောင်.လက်ထက်ပြီးကလေးမယူတာဟာတစ်ယောက်အကြောင်းတစ်ယောက်လေ.လာဖို.တစ်ယောက်ရဲ. အားနည်းချက်ကိုတစ်ယောက်က အလိုက်သိဖြည်.ဆည်းပေးနိုင်ဖို.၊တစ်ယောက်ရဲ.အားသာချက်ကိုတစ်ယောက်ကဖော်ထုတ်ချီးကျူးပေးနိုင်ဖို. အချိန်ကာလတစ်ခုကိုရစေပါတယ်။

 

၁။ လူကြိုက်များလာတဲ.နည်းလမ်းသစ်

 

ဒါကြောင်.ကိုယ်ဝန်တားနည်းတွေထဲကတစ်ခုခုသုံးဖို.လိုအပ်လာပါပြီ။လက်မောင်းထဲကိုယ်ဝန်တားတဲ.ပစ္စည်း(အပ်)ထည်.တာဟာအခုနောက်ပိုင်းခောတ်စားလာသလိုမြန်မာပြည်

မှာတောင်လုပ်လို.ရနေပါပြီ။အရင်ကနည်းတွေထက်စာရင်သူ.မှာအားသာချက်တွေရှိပါတယ်။ဥပမာ-ထိုးဆေးလို(၃)လတစ်ခါ ဆရာဝန်ဆီသွားပြီးထိုးစရာမလိုပါဘူး။သားအိမ် ထဲပစ္စည်းထည်.သလို(IUCD, Intrauterine Contraceptive Device) မိန်းမကိုယ်ကိုအပေါက်ချဲ.ပြီးမှထည်.စရာမလိုပါဘူး။သားအိမ်ထဲပစ္စည်းထည်.တာမျိုးကို ကလေးတစ်ယောက်မှမမွေးဘူးတဲ. အိမ်ထောင်ကျခါစအမျိုး သမီးတွေမလုပ်ချင်ကြပါဘူး

၁-၁။ ဘာကိုလက်မောင်းထဲထည်.ရမှာလဲ

ကိုယ်ဝန်တားအချောင်းလေး

------------------------------

ပရိုဂျက်စတင်(progestin) ဆိုတဲ.အမျိုးသမီးဟော်မုန်းပါတဲ.မီးချစ်ဆံအရွယ်လောက်ရှိတဲ.အချောင်းလေး (Implanon) ကိုလက်မောင်းအရေပြားအောက်ထည်.သွင်းတာဖြစ်ပါတယ်။တစ်ခါထည်.ထားရင် သုံးနှစ်လောက်ကိုယ်ဝန်တားနိုင်ပါတယ်။အီစထရိုဂျင်(Estrogen)ဟော်မုန်းပါတဲ.ကိုယ်ဝန်တားဆေး(သောက်ဆေး)တွေနဲ.မတည်.တဲ.သူတွေအတွက် အထူးသင်.တော်ပါတယ်။

 

၁-၂။ ထည်.ပြီးရင်ဘယ်လိုနေမှာလဲ

လက်မောင်းထဲထည်.ပြီးတာကိုကြည်.ရုံနဲ.မသိနိုင်ပါဘူး။ဒါပေမယ်.စမ်းကြည်.လို.တော.ရပါတယ်။သတိပြုဖို.ကတော. လေ.ကျင်.သင်ကြားထားတဲ.ကျွမ်းကျင်သူတွေနဲ.သာထည်.သင်.၊ထုတ်သင်. ပါတယ်။ထည်.ဖို.လက်မောင်းကိုဓားနဲ.လှီးစရာမလိုပဲ တစ်မိနစ်အတွင်းအပြီးထည်.နိုင်သလိုနာကျင်မှုလဲမရှိပါဘူး။ပြန်ထုတ်မယ်ဆိုရင်လဲ သုံးမိနစ်လောက်ပဲကြာပါတယ်။

 

၁-၃။ ဘယ်လောက်စိတ်ချရလဲ

ဒီနည်းကထိရောက်မှုအလွန်ရှိပါတယ်။ထည်.ပြီးကိုယ်ဝန်ရှိသူ ၀.၀၅% ပဲရှိပါတယ်။

 

၁-၄။ ဘယ်လိုအန္တရာယ်တွေရှိနိုင်သလဲ

သုံးလခံထိုးဆေးနဲ.ပါ၀င်တဲ.ဟော်မုန်းတူပေမယ်. ဒီနည်းကိုရေရှည်သုံးစွဲလို.သွေးပြန်ကြောတွင်း သွေးခဲခြင်း၊အရိုးသိပ်သည်းဆလျော.နည်းသွားခြင်းတွေမဖြစ်နိုင်ဘူးလို.သုတေသန တွေကဆိုပါတယ်။

 

၁-၅။ဘေးထွက်ဆိုးကျိုးဘာတွေရှိနိုင်မလဲ

တခြားပရိုဂျက်စတင် ပါတဲ.ကိုယ်ဝန်တားဆေးတွေလိုပဲ ဒီနည်းသုံးရင် မီးယပ်ငုပ်တာ၊မီးယပ်မမှန်တာဖြစ်တတ်ပါတယ်။

-မီးယပ်အများကြီးဆင်းတာမဟုတ်ပဲ တစ်စက်၊နှစ်စက်နဲ.ပြတယ်ဆိုရုံပဲပြတတ်ပါတယ်။ထည်.ခါစမှာအမျိုးသမီးတစ်ဝက်လောက်ဖြစ်တတ်ပေမယ်. ခြောက်လအကြာမှာတော.သုံးပုံတစ်ပုံလောက်ပဲဖြစ်ပါတော.တယ်။

-အမျိုးသမီး ၂၀%လောက်ကတော.မီးယပ်လုံးဝငုတ်သွားတတ်ပါတယ်။

-မီးယပ်ဆင်းတဲ.ရက်တွေများလာတတ်ပါတယ်။(၂၀% လောက်မှာဖြစ်လေ.ရှိပြီး ၃လ အကြာမှာတော. ၁၀% လောက် ပဲဖြစ်ပါတော.တယ်။)

-မီးယပ်လာမယ်.ရက်ကိုတွက်လို.မရပဲဖြစ်တတ်ပါတယ်။

-အထက်ပါမီးယပ်သွေးဆင်းမှုမမှန်တာတွေဖြစ်လို. ဗိုက်ထဲမှာသွေးခဲ၊သွေး

လုံးဖြစ်တာ စပျစ်သီးသန္ဒေတည်.မှာတို.ကိုတော.စိုးရိမ်စရာမလိုပါဘူး။

 

၂။ ကိုယ်ဝန်တားပလာစတာ

ကိုယ်ဝန်တားပလာစတာဆိုတာ အမျိုးသမီးရဲ.ဗိုက်၊တင်ပါး၊လက်မောင်းရဲ.ပေါ်ပိုင်းအပြင်ဖက် ၊ရင်သားအပါအဝင် ရင်သားအပေါ်ပိုင်းတို.ရဲ.အရေပြားပေါ်မှာကပ်ပြီးသုံးရတာပါ။သူ.မှာဟော်မုန်းနှစ်မျိုးပေါင်းစပ်ပါ၀င်ပါတယ်။ပလာစတာကို ခုနှစ်ရက်တစ်ခါအသစ်လဲကပ်ရပါမယ်။သုံးပတ်ဆက်တိုက်ကပ်ရပြီးတစ်ပတ်တိတိမကပ်ပဲနေရပါမယ်။

 

၂-၁။ ဘယ်လိုသုံးရမလဲ

ကပ်ထားတုန်းကွာကျသွားရင်ချက်ချင်းပြန်ကပ်နိုင်အောင်ကိုယ်ဝန်တားပလာစတာအသစ်တစ်ခုကိုအမြဲဆောင်ထားသင်.ပါတယ်။လေ.ကျင်.ခန်းလုပ်နေချိန်၊ရေချိုးချိန်၊ရေကူးချိန်တွေမှာလဲ ကပ်ထားလို.ရပါတယ်။ပူနေလို.၊စိုထို်င်းနေလို.၊လေ.ကျင်.ခန်းလုပ်လို. ပလာစတာကွာကျတာမျိုးမရှိပါဘူး။

 

၂-၂။ ထိရောက်မှုကဘယ်လောက်ရှိလဲ

အလွန်ထိရောက်မှုရှိပါတယ်။တစ်ရက်တစ်လုံးသောက်ရတဲ.ဟော်မုန်းနှစ်မျိုးပေါင်းကိုယ်ဝန်တားဆေးနဲ.တန်းတူလိုက်ပါတယ်။သေချာသုံးမယ်ဆိုရင်လွဲချော်မှုနှုန်းက ၀.၃% ပဲရှိပါတယ်။ကိုယ်အလေးချိန် ၁၉၈ ပေါင်အထက်ရှိသူ အမျိုးသမီးတွေသုံးရင်ထိရောက်မှုအနည်းငယ်ကျတယ်ဆိုပေမယ်.ပြောပလောက်အောင်မဟုတ်ပါဘူး။သူတို.တွေသုံးမယ်ဆိုရင်တော.အခြားနည်းတွေနဲ.အကျိုးအပြစ်တွေနှိုင်းယှဉ်ပြီးရွေးချယ်နိုင်ပါတယ်။

 

၂-၃။ဘေးထွက်ဆိုးကျိုး

တစ်ခြားဟာ်မုန်းနှစ်မျိုးပေါင်းကိုယ်ဝန်တားဆေးတွေလိုပဲ ဒီပလာစတာကြောင်.သွေးအနည်းငယ်ဆင်းတာ၊ကိုယ်အလေးချိန်အတက်အကျဖြစ်တာ၊အသားအရည်ပြောင်းလဲတာ၊ရင်သားနာကျင်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်ပလာစတာကပ်ထားတဲ.အရေပြားတစ်၀ိုက်မှာယားယံတာမျိုးကြုံတဲ.သူလဲရှိပါတယ်။

၂-၄။ကောင်းကွက်များ

ပလာစတာကို ခုနှစ်ရက်တစ်ခါအသစ်လဲပေးဖို.လိုတယ်ဆိုပေမယ်.သူ.ရဲ.အာနိသင်ကကိုးရက်လောက်အထိခံလို. မေ.ပြီးအသစ်မလဲမိလဲနှစ်ရက်လောက်အပိုဆောင်းပြီးကိုယ်ဝန်တားပေးနိုင်ပါတယ်။တစ်လမှာပလာစတာသုံးခုလောက်ပဲကပ်ပေးဖို.လိုတဲ.အတွက် အချိန်မှန်သုံးပေးဖို. မခဲယဉ်းပါဘူး။

 

၂-၅။ ချို.ယွင်းချက်များ

ကိုယ်ပလာစတာကပ်ထားတာကို အမျိုးသားအဖော်ကသိနိုင်ပါတယ်။လက်မောင်းမှာကပ်ထားရင်တစ်ခြားသူစိမ်းတွေပါသိနိုင်ပါတယ်။အရေပြားနဲ.ဓာတ်မတည်.တာ၊ကပ်ထားရင်းကွာကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။နှစ်မျိုးပေါင်းကိုယ်ဝန်တားဆေးလိုပဲ သွေးခဲစေမှုဖြစ်နိုင်ခြေကိုအနည်းငယ် မြှင်.တတ်စေပါတယ်။

 

၂-၆။ သတိပြုစရာများ

ပလာစတာကို သန်.ရှင်းပြီးခြောက်သွေ.တဲ. ဗိုက်၊တင်ပါး၊လက်မောင်းအပေါ်အပြင်ဘက်၊ရင်ဘတ်အပေါ်ပိုင်းကအရေပြားပေါ်မှာပဲကပ်သင်.ပါတယ်။ပွတ်တိုက်မှုများတဲ.နေရာမျိုးမှာတော.မကပ်သင်.ပါဘူး။ဥပမာဘရာစီရာကြိုးရဲ.အောက်မှာပေါ.။

-ပလာစတာကို ခုနှစ်ရက်တစ်ခါပြောင်းကပ်ရပါမယ်။

-ပလာစတာကိုခုနှစ်ရက်ပြည်.လို.ခွာပြီးရင် ဟော်မုန်းတွေတစ်ခြားပြန်.မသွားအောင်ခေါက်ပြီးမှအမှိုက်ပုန်းထဲထည်.ရပါမယ်။မြေကြီးထဲနဲ. ရေမြောင်းရေတွင်းတွေဆီ ဟော်မုန်းပျံနှံ.မသွားအောင် အိမ်သာထဲကို မစွန်.ပစ်သင်.ပါဘူး။

-ရာသီသွေးစလာတဲ.ပထမဆုံးရက်မှာ ပလာစတာစကပ်ရင် ကွန်ဒုံးပါတွဲသုံးစရာမလိုပါဘူး။

-ပလာစတာကွာသွားရင်ချက်ချင်းကပ်ပေးဖို.လိုပါတယ်။ ၂၄ နာရီကျော်မှပြန်ကပ်နိုင်ရင်တော.တစ်ခြားတားဆေးတစ်နည်းနည်း ဥပမာ-ကွန်းဒုံးကိုခုနှစ်ရက်လောက်တွဲသုံးဖို.လိုပါတယ်။

-ဒီပလာစတာသုံးတာကကိုယ်ဝန်တားနိုင်ပေမယ်.ကာလသားရောဂါတွေကိုတော.မကာကွယ်နိုင်ပါဘူး။

 

Healthcare.com.mm

 

Ref: ဒေါက်တာဉာဏ်ပေါ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18