Print

သားဆက်ခြားသောက်ဆေးတွေက

  30-Oct-2016
Preview Image

တချို့သောကင်ဆာအမျိုးအစားများ ဖြစ်နိုင်ချေလျော့နည်း စေတယ်ဆိုတာ သင်သိပါသလား။ သားဆက်ခြားသောက်ဆေးတွေက သန္ဓေတားရုံအပြင် တခြားကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေရှိပါတယ်။ သားအိမ်တွင်း အမြှေးပါးကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်းစေခြင်းတွေဟာ အဲဒီကောင်းကျိုးတွေထဲက တစ်ခုဖြစ်ပါတယ်။သားဆက်ခြားသောက်ဆေးကို တစ်နှစ်အသုံးပြုပြီးနောက် သားဥအိမ်ကင်ဆာဖြစ်ပွားခြင်းလျော့နည်းလာတာဟာ ၁၀% ကနေ ၁၂% ထိဖြစ်ပြီး၊ ငါးနှစ်ကြာသုံးပြီးနောက်မှာတော့ ခန့်မှန်းခြေ ၅၀ % ထိလျော့နည်းလာတယ်လို့ သုတေသနပညာရှင်များက ဆိုထားပါတယ်။ သားဆက်ခြားသောက်ဆေးကို နှစ်ရှည်လများ သောက်သုံးလာတဲ့ အမျိုးသမီးတွေမှာဆိုရင် သားအိမ်တွင်း အမြှေးပါးကင်ဆာဖြစ်နှုန်းဟာ သိသိသာသာကျဆင်းခဲ့ပြီး၊ သားဆက်ခြားဆေးသောက်ခြင်း ရပ်တန့်လိုက်ပြီးတဲ့ နှစ်အတော်ကြာကြာအထိကို အဲ့ဒီအကျိုးကျေးဇူးကို ဆက်လက်ရရှိနေနိုင်ကြောင်း သုတေသနပြုလုပ်ခြင်းများအရ တွေ့ရှိရပါတယ်။

 

Healthcare.com.mm

Ref: Lydia Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18