Print

ကွန်ဒုံးနှင့်ဆိုင်သောလိင်ကျန်းမာရေးပညာပေး

  30-Oct-2016
Preview Image

လိင်ဆက်ဆံရာတွင် ကွန်ဒုံးသုံးခြင်းနှင့် ပတ်သက်၍-

(၁) ရှေးအယူအဆ လွှမ်းမိုးမှု

(၂) မိန်းမကိုယ် (Vagina) နှင့် ယောကျ်ားအင်္ဂါချင်းထိမှ လင်မယားအရာမြောက်၍ ကျေနပ်မှုရှိသည်ဟူသော အယူအဆ။

(၃) ကွန်ဒုံးဟာ ပြည့်တန်ဆာမိန်းမနှင့် ဆက်ဆံမှသာ သုံးရတယ်ဆိုသော အယူအဆတို့ကြောင့် ဖြစ်ကြောင်း ဆိုထားပါသည်။ အချို့ပုရိသယောကျ်ားများ လာသည်မှာ မိုးရေချိုးပါတယ်ဆိုမှ မိုးကာအကျင်္ ီဝတ်ခိုင်းပြီး မိုးရေချိုးခိုင်းတော့ သဘာဝမိုးရေကို မိုးရွာထဲမှာ ချိုးရတဲ့ သဘာဝမိုးရေကို ဘယ်ရနိုင်တော့မလဲဟု ပြောလာပြန်ပါသည်။ “တစ်လွှာကို တစ်ကမ္ဘာခြားတယ်လို့ ထင်တယ်”

“ကွန်ဒုံးသုံးလို့ အားမရဘူး”

“ ကွန်ဒုံးသုံးလို့ ပန်းညိုးတယ်” စသော အကြောင်းပြချက် ပြဿနာများသည်ရှိတော့ရှိနိုင်ပါသည်။ သို့သော် လူတစ်ဦးချင်းနှင့် စပ်ဆိုင်သော ပြဿနာသာဖြစ်၍ လူအများခံစားရသော

Public Health Problem တော့မဟုတ်ပါ။ ပန်းညိုးသည်ဆိုပါက မိသားစုဆရာဝန်မှတစ်ဆင့် စိတ်အထူးကုဆရာ၊ လိင်ဆေးပညာ ကျွမ်းကျင်သူတို့နှင့် တိုင်ပင်၍ အကြံဉာဏ်ယူသင့်ပါသည်။ကွန်ဒုံးသုံးရာတွင် အခက်အခဲ ရှိစမြဲပါ။ အလေ့အကျင့်နှင့် ဆိုင်ပါသည်။ မည်သည့်အလုပ်မဆို အလေ့အကျင့်မရှိသော် အခက်အခဲရှိစမြဲပါ။ ဥပမာ ထမင်းကို ငါးပိရည်နှင့်နယ်၍ လက်နှင့်အားရပါးရစားတတ်သော တောသူတောင်သားတစ်ယောက်ကို ယင်းထမင်း ကိုပင် ဇွန်းခက်ရင်းဖြင့် စားခိုင်းပါက အလေ့အကျင့်မရှိတော့ အရသာမပေါ် အားမရသလို ဖြစ်မှာပါ။ တကယ်တော့ ငါးပိရည်နယ်ထားတဲ့ ထမင်းက အရာပြောင်းသွားတာမဟုတ်ပါဘူး။ လူ့စိတ်က ထင်နေတာပါ။ဒါကြောင့် ကွန်ဒုံးကို တစ်ခါသုံးကြည့်လို့အဆင်မပြေရုံနှင့် ငါနဲ့ကွန်ဒုံးနှင့် မဖြစ်ဘူးဟု မယူဆစေလိုပါ။ အလေ့အကျင့်ရအောင် ကြိမ်ဖန်တလဲလဲ ကြိုးစားသင့်ပါတယ်။ အချိုကကျတော့ ပြောင်းပြန်၊ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံစဉ် HIV ကူးမလားဟု ကြောက်စိတ်ဝင်ပြီး လိင်ဆက်ဆံရသည်မှာ အားမရတော့။ ကွန်ဒုံးသုံပြီး လိင်ဆက်ဆံပါမှ လုံခြုံမှုရှိသော လိင်ဆက်ဆံမှုဖြစ်လို့ စိတ်အေးလက်အေးနှင့် လိင်ဆက်ဆံမှုအဆင်ပြေသည် ဟု ဆိုပါသည်။ “ခင်ဗျားတို့ ကွန်ဒုံးသုံးရင် အားမရဘူးတော့ အားရဖို့အသက်နဲ့ ဘယ်ဒင်းက အရေးကြီးလဲ” လို့ မေးလေ့ရှိပါသည်။HIVကူးစက်ပြီဆိုလျှင် ယခင် အတိတ်ကာလတုန်းကလို ဂနိုရောဂါ ကူးတာလောက်၊ ဆစ်ဖလစ်ကာလသားရောဂါ ကူးတာလောက်တော့ ပင်နီဆလင်ထိုးရုံနဲ့ ပျောက်တော့တာမဟုတ်၊ အသက်ပျောက်သွားမှာဖြစ်ပါသည်။

 

Healthcare.com.mm

Ref:

ဒေါက်တာထွန်းဝင်း

Health for all magazine

August 2015, Pg.115-115



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18