Print

ပလတ်စတစ် လူသုံးကုန်ပစ္စည်းများဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါ၀...

  30-Oct-2016
Preview Image

PVC ကြမ်းခင်းတွေ၊ ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ၊ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အသင့်စားအစားအစာတွေ နဲ့ အခြားပလတ်စတစ်နဲ့ ပြုလုပ်တဲ့အရာတွေဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါ၀င်စားမှုကိုလျော့နည်းစေပါတယ်။လိင်မှုကိစ္စ တက်မက်မှု လျော့နည်းခြင်းဟာ ပလတ်စတစ် အပျော့တွေကို သုံးစွဲမှုနဲ့ ပတ်သက်နေပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ဖတ်သ်သလိပ်(phthalates) ပမာဏ များတဲ့ အမျိုးသမီးတွေဟာ လိင်မှုကိစ္စတွေမှာ စိတ်ဝင်စားမှုလျော့နည်းနေတတ်ပါတယ်။ phthalatesဟာလူတွေပြုလုပ်နိုင်တဲ့ဓါတုဗေဒတစ်မျိုးဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှုအတွက် အရေးပါတဲ့ သဘာဝ ဟော်မုန်းတွေကြားမှာ ရှိနေတတ်ပါတယ်။ phthalates ကို ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ PVC ကြမ်းခင်းတွေနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာတွေထဲမှာလည်း ပါ၀င်နေပြီး ပလတ်စတစ် ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓါတုဗေဒပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။အမေရိကန် နိုင်ငံက Rochester ဆေးတက္ကသိုလ် က Dr Emily Barrett ဟာ အသက် ၂၀ ကနေ ၃၀ ကြားမှာ ရှိတဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၃၆၀ ယောက်ရဲ့ ဆီးတွေထဲမှာ Phathalates ပါ၀င်မှု ကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ Phathalates ပမာဏပါ၀င်မှု များတဲ့ အများစု ဟာ လိင်မှုကိစ္စတွေကို စိတ်မဝင်စားခဲ့တာကို လည်းတွေ့ရပါတယ်။ဒါ့အပြင် ဒေါက်တာBarrettဟာPhathalates တွေဟာအမျိုးသမီးတွေရဲ့လိင်မှုကိစ္စတက်မက်မှုကြောင့်ရတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Oestrogen နဲ့ testotetoneတို့ရဲ့ ကြားထဲမှာ ကြားဝင်နေနိုင်တယ်လို့ ဆိုပါတယ်။လက်ရှိမှာ ဥရောပ စီးပွားရေး သမဂ္ဂကလည်း Phathalates ပါ၀င်တဲ့ အလှကုန်ပစ္စည်းတွေ ၊ အရုပ်တွေ နဲ့ အခြားပလတ်စတစ်ပစ္စည်းတွေ သုံးစွဲခြင်းကို တားမြစ်ထားပါတယ်။

Healthcare.com.mm

Ref: pho thu taw

Source:Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18