Print

အမျိုးသားများ ကိုယ်အလေးချိန် လျော့ချခြင်းဖြင့် စွမ်းဆောင်ရည် မြင့်မားလ...

  30-Oct-2016
Preview Image

အဝလွန်သော အမျိုးသားများသည် အခြား ကျန်းမာရေး ဆုတ်ယုတ်မှု များနှင့်အတူ ကျားစွမ်းဆောင်ရည်လည်း ကျဆင်းလာလေ့ ရှိရာဝယ် ကိုယ် အလေးချိန်လျော့ချခြင်းဖြင့် သုက်ပိုးအား ပိုမိုကောင်းမွန် လာနိုင်မည်ဖြစ်ပြီး ပန်းသေ ပန်းညိုးဖြစ်နေသူများကိုမူ ကင်ဆာဆေးဝါး များ တိုက်ကျွေးခြင်းဖြင့် ပြန်လည်၍ လူစဉ်မှီ လာစေနိုင်ကြောင်း ကနေဒါ နိုင်ငံ၊ ရှာဘရုခ် တက္ကသိုလ်မှ သုတေသီများက ဆိုသည်။

အဝလွန်တယ်ဆိုတာ အမျိုးသားတွေကိုမှ စွမ်းဆောင်ရည်အား ကျဆင်းစေတာ မဟုတ်ပါဘူး။ အဝလွန်တဲ့ အမျိုးသမီး တွေဟာလည်း ကိုယ်ဝန်ရဖို ့ခဲယဉ်းပါတယ်။ ကိုယ်ဝန် ရသွားတယ်ဆိုရင်လည်း ပျက်ကျဖို ့က များပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ ့လည်း ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ဖို ့ ကိုယ် အလေးချိန်ကို လျော့ချဖို ့ လိုအပ်ပါတယ်။ အမျိုးသားတွေ ကိုယ်အလေးချိန်လျော့ချခြင်း အားဖြင့် ကျား စွမ်းဆောင်ရည်မြင့်မား လာတယ် ဆိုတာ ထင်ရှား နေသလို ကင်ဆာဆေးဝါးတွေရဲ ့ ဘေးထွက် အာနိသင်တွေကြောင့်လည်း ပန်းသေပန်းညိုးနေ သူတွေတောင်မှ အိမ် ထောင်ရေး သုခကို ပြန်ပြီး ခံစား ရတယ် ဆိုတာကို တွေ ့ရပါတယ်ဟု သုတေသီ တစ်ဦးက ပြောပြသည်။သားသမီးမရနိုင်လို ့ရောက်လာတဲ့ အိမ်ထောင်ရှင်စုံတွဲ ၆၅ တွဲထဲက အမျိုးသားတွေကို အစားအစာ အာဟာရနဲ ့ ကိုယ်လက်လှုပ်ရှားမှု အပတ်စဉ်သင်တန်းကို အချိန်တစ်နှစ်ကြာတဲ့အထိ တက်ခိုင်းခဲ့ပါတယ်။ သူတို ့ထဲက တချို ့ တဝက်ရဲ ့ဇနီးသည်တွေက ကိုယ်ဝန်ရရှိခဲ့ပါတယ်။ အဲဒီလိုအောင်မြင်မှုရရှိခဲ့သူတွေဟာ ကိုယ်အလေးချိန်ကို အများဆုံးလျော့ချနိုင်ခဲ့တဲ့ သူတွေဖြစ်နေတာကို တွေ ့ရပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ကိုယ်အလေးချိန်က ကျန်းမာရေးနဲ ့ညီညွတ်လာတာနဲ ့အမျှ ကျားစွမ်းဆောင်ရည် အားလည်း ပြန်လည်မြင့် မား ကောင်းမွန်လာတယ်ဆိုတာကို ပထမဆုံးအကြိမ် လေ့လာသိရှိခဲ့တာဖြစ်ပါတယ်။ အဝလွန်ခြင်းကြောင့် သုက်ပိုး အကောင်ရည် နဲသွားသလို ဗီဇဓါတု ပစ္စည်းတွေလည်း ပြောင်းလဲသွားတဲ့အတွက် သုက်ရည်ရဲ ့ အာနိသင်ကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် ကလေး လိုချင်တယ်ဆိုရင် လင်ကော မယားပါ ကိုယ်အလေးချိန်လျော့ချနိုင်ရင် ပိုကောင်းပါလိမ့်မယ်ဟု ၄င်းက ဖြည့်စွက်ပြောပြသည်။ထို ့အပြင် ကင်ဆာဆေးဝါးများ၏ ဘေးထွက် အာနိသင်ကလည်း ပန်းသေပန်းညိုးနေသော အမျိုးသားများ အား အိမ်ထောင်ရေး သုခပြန်လည်ပြည့် ၀စေနိုင်ရာဝယ် ရင်သားကင်ဆာအတွက် အသုံးပြုသော Letrozole သည် အမျိုး သားများ၏ Testosterone ဟော်မုန်းကို အရည်အသွေး ထိန်းပေးထားနိုင်ပြီး Estrogen ဟော်မုန်းအဖြစ် ပြောင်းလဲ ပျက်စီးမသွားအောင် ထိန်းချုပ်ပေးကြောင်း၊ အဝလွန်ခြင်းကြောင့် ကလေး မရနိုင်သော အမျိုးသား ၁၂ ဦးကို Letrozole တိုက်ကျွေးကြည့်ရာ ၂ ဦးက ကလေးရရှိနိုင်ခဲ့သည့် အတွက် ကင်ဆာဆေးဝါးများတွင်ပါ၀င်သော ဓါတု ပစ္စည်းများကို အသုံးပြုကာ ပန်းသေပန်းညိုးနေသော ပုရိသများအတွက် အထောက်အကူပြုဆေးဝါးများကို ဆက်လက် ဖော်စပ် ထုတ်လုပ် သွားရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Healthcare.com.mm

Ref: ကိုမျိုး(သုတစွယ်စုံ)

Source: Lashio News



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18