Print

လိင်ကိစ္စကျန်းမာမှု အံ့ဖွယ်အကျိုး (၈)ပါး သိထားစရာ

  30-Oct-2016
Preview Image

လူတစ်ဦး ကျန်းမာရေးကောင်းသူတစ် ယောက် ဖြစ်ရန်အတွက် အလွန်ပင်အရေးပါလှ သောအချက်မှာ ကောင်းမွန်စွာ လေ့ကျင့်ခန်းပြု လုပ်ခြင်းနှင့် နေ့စဉ်စားသောက်အစားအစာများ ပင်ဖြစ်သည်ဟု အများဆုံးသိကြသည်။ သို့ရာ တွင် အမှန်တကယ်ပင် အရွယ်ရောက် သူအိမ်ထောင်ရှင်များ၏ လိင်ဆက်ဆံ ခြင်းသည် ကျန်းမာရေးကောင်း လာခြင်းဖြင့် လူ့ဘဝအကျိုးကျေးဇူးများကို ကောင်းစွာ ဖြစ်ပေါ်လာစေ နိုင်သည်။ လိင်ပညာပေးသုတေသီများက လိင်ဆက်ဆံ ခြင်းကြောင့် ကျန်းမာရေးကို တိုးတက်စေနိုင် ခြင်းနည်းကို အကြံပြုနေကြပေသည်။ ၄င်းတို့ ၏ အကြံပြုချက်များထဲမှ အောက်ပါ (၈) ချက် ကို သတိပြုရန်လိုအပ်ပေသည်။

 

(၁) လိင်ဆက်ဆံခြင်းသည် သင့်ကိုယ်အလေး ချိန်ကို ကျဆင်းစေအောင် ရပ်ပေးနိုင်သည်။လိင်ဆက်ဆံခြင်းအချိန် နာရီဝက်ခန့်အ တွင်း ကယ်လိုရီ ရ၅ မှ ၁၅ဝ အထိကို လောင် ကျွမ်းကုန်ဆုံးစေနိုင်ကြောင်း သတိပြုရန်လိုအပ် သည်။ နာရီဝက်လမ်းလျှောက်ခြင်းသည် (၁၅၃) ကယ်လိုရီ၊ ကခုန်ခြင်းသည် (၁၂၉) ကယ်လိုရီ ဖြင့် နှိုင်းယှဉ်လျှင် ကျန်းမာစေရန် အထောက် အကူတစ်ခုဖြစ်သည်။

 

(၂) နှလုံးသွေးလှည့်ပတ်မှုကို အားကောင်းစေသည်။

ကျန်းမာသောအစာစားခြင်း၊ ကော်လက် စထရောများ စစ်ဆေးပေးခြင်းဖြင့် နှလုံးကို ထိန်းသိမ်းနိုင်သကဲ့သို့ လိင်ဆက်ဆံခြင်းသည် နှလုံးအတွင်း အကောင်းဆုံးသွေးလှည့်ပတ်စီး ဆင်းခြင်းများ ဖြစ်စေသည်ကို အထူးသတိပြု ရန်လိုသည်။

 

(၃) အိပ်ပျော်ခြင်းကို ပိုဖြစ်စေသည်။

တစ်ပတ်တွင် (+) ကြိမ် လိင်ဆက်ဆံခြင်း ဖြင့် ကိုယ်ခံအားစနစ် ၃ဝ ရာခိုင်နှုန်းအထိကို မြှင့်တင်စေပြီး အိပ်ပျော်မှုကို ပို၍ကောင်းစေ သည်။

 

(၄) ကိုယ်လက်ကိုက်ခဲမှုကို လျှော့ချစေနိုင် သည်။

လိင်ဆက်ဆံနေစဉ်အတွင်း စစ်ထုတ်လိုက် သော (Oxytocin) ဟိုမုန်းသည် ခေါင်းကိုက် ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းကို လျော့ကျစေ သော ဓာတ်ပစ္စည်းဖြစ်သည်။

 

(၅) ဆီးအိမ်ထိန်းသိမ်းမှုစွမ်းအားပိုကောင်း

ဆီးအိမ်၏ ကြွက်သားများ ကျုံ့ထားနိုင်စွမ်း ကို ပို၍ကောင်းအောင်ပြုလုပ်ပေးနိုင်စွမ်းကို ပို ဆောင်ရွက်ပေးသည်ဟု မှတ်ချက်ပြုထားကြ သည်။

 

(၆) စိတ်ကျန်းမာရေးကိုပါ တိုးတက်စေသည်။

စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျဆင်း နေ သူများအတွက် ကုသမှုမှာ လိင်ဆက်ဆံခြင်းဟု ပင် အကြံပြုထားသည်။

 

(၇) အရေပြားကျန်းမာရေးအတွက်အကောင်း ဆုံး

စစ်ထုတ်ပေးလိုက်သော ဟိုမုန်းကြောင့် ကိုယ်ခံအားစနစ်ပိုကောင်းလာပြီး ကိုယ်အရေ ပြား လှပစိုပြည်နိုင်သည်ဟု သုတေသီများဖော် ပြကြသည်။

 

(၈) ကိုယ်ခံအားစနစ်ပို၍ကောင်းလာ

ကိုယ်ခံအားစနစ်ကောင်းစေရန်နည်း လမ်းကို သင်၏ အိပ်ခန်းအတွင်း စွမ်းဆောင် နိုင်ပြီး အချိန်တိုအတွင်း ကိုယ်လက်ကြွက်သား များ လျှော့ချအနားပေးစေပြီး လွှတ်ထုတ်ပေး လိုက်သော (Testosterone) ဟိုမုန်းများမှာ အရိုးများကို ထောင့်ကန်ပေးထားသည့် ကြွက် သားများ ထိန်းထားနိုင်မှုကို ကောင်းမွန်စေ သည်။

 

Healthcare.com.mm

 

Ref:

Dr Aung Khin Sint - Pho Ma Sat San Yayy

Source: Myanmar Express

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18