Print

မိန်းကလေးများ ဖြစ်တတ်သော မိန်းမကိုယ်ဆိုင်ရာရောဂါများ

  30-Oct-2016
Preview Image

ဆီးစပ်နာကျင်တာ၊ ရာသီသွေး ပုံမမှန်တာ၊ အဖြူဆင်းတာ၊ မိန်းမကိုယ် ယားယံတာ စတဲ့ ဝေဒနာတွေက အမိုျးသမီးအများစု ခံစားရနိုင်တာတွေ ဖြစ်တာကြောင့် သိရှိထားဖို့ လိုအပ်ပါတယ်။

 

ဆီးစပ်နာကျင်ခြင်း

မိန်းကလေးတွေဟာ ဓမ္မတာမလာမီနဲ့ ဓမ္မတာစက်ဝန်း အလယ် သားဥေြွကချိန်တွေ ဆီးစပ်နာကျင်တာကို ခံစားရတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးမတူဘဲတခို့ျတွေမှာ ဆီးစပ်နာကျင်တာကို သိသိသာသာ ခံစားရပြီး တခို့ျတွေကတော့ သိသိသာသာ နာကျင်မှု မရှိတာကို တွေ့ရပါတယ်။

 

ဆရာဝန်နှင့် ပြသပါ

တကယ်လို့ ဆီးစပ်နာကျင်မှုက နာတာရှည် ဖြစ်နေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြသ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်က သင်ရဲ့ မိုျးပွားအင်္ဂါမှာ ကင်ဆာမဟုတ်တဲ့ အလုံးအဖုနဲ့ အသားလုံးရှိ၊ မရှိ စစ်ဆေးပါလိမ့်မယ်။ ဆီးစပ်နာကျင်မှု အပြင် ယောနိလမ်းကြောင်းမှ ပုံမမှန် အရည်ဆင်းတာနဲ့ အဖျားတက်တာတွေ ရှိနေပါက မိုျးပွားအင်္ဂါတွေ ရောင်ရမ်းမှု ရှိ၊ မရှိကိုပါ စစ်ဆေးပေးပါလိမ့်မယ်။

 

ဖြစ်နိုင်ခြေ များသော ရောဂါများ

၀မ်းဗိုက် အလွန်အမင်း နာကျင်တာ ဒါမှမဟုတ် ဆီးစပ် အလွန်အမင်း နာကျင်မှုတွေ ဖြစ်ပေါ်လာခဲ့ရင် သားဥအိမ်မှာ ဖြစ်ပေါ်နေတဲ့ အရည်အိတ်ပေါက်သွားတာ၊ သွေးထွက်တာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆီးစပ်တစ်လျှောက် အလွန်နာကျင်ပြီး သွေးဆင်းတာပါ ဖြစ်ပေါ်ခဲ့ရင် နေရာလွဲမှား သန္ဓေသားကို သန္ဓေဆောင်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးစပ်နာကျင်မှု ခံစားရတာ၊ လေပွတာ၊ ဆီးစပ်တစ်လျှောက် တင်းသလို ခံစားနေရတာ၊ မကြာခဏ ဆီးသွားတာတွေ နှစ်ပတ်နဲ့ အထက် ခံစားနေရပါက သားဥအိမ်ကင်ဆာနဲ့လည်း ဆက်စပ်မှု ရှိနိုင်တာကြောင့်ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

 

ပုံမမှန် သွေးဆင်းခြင်း

ပဋိသန္ဓေတားဆေး သောက်သုံးတာ၊ ထိုးဆေး အသုံးပြုတာ စတဲ့ ပဋိသန္ဓေတားနည်းတွေကို အသုံးပြုတာကြောင့် ရာသီသွေးဆင်းမှု ပုံမမှန်တာ ဖြစ်တတ်ပါတယ်။စိုးရိမ်စရာ မရှိပါဘူး။ လိုအပ်ပါက ပဋိသန္ဓေတားနည်းကို ပြောင်းလဲအသုံးပြုဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ပုံမမှန် သွေးဆင်းမှုဆိုသည်မှာ ပုံမမှန် သွေးဆင်းတာက ခါတိုင်း ရာသီသွေးဆင်းတဲ့ ရက်ထက် ကျော်လွန်ပြီး သွေးဆင်းနေတာ၊ တစ်လနဲ့ တစ်လကြားမှာ နောက်တစ်ကြိမ် သွေးဆင်းတာ၊ တစ်လထဲကို ရာသီသွေး နှစ်ကြိမ်ဆင်းတာ၊ လိင်ဆက်ဆံပြီးချိန်မှာ သွေးဆင်းတာနဲ့ တခြား မူမမှန် သွေးဆင်းတာတွေဖြစ်နိုင်ပါတယ်။

 

ဖြစ်နိုင်ခြေများသော အကြောင်းများ

မူမမှန် သွေးဆင်းရတဲ့ အကြောင်းအချက်တွေ များစွာရှိပါတယ်။ သွေးဆုံးခါနီး အမိုျးသမီးတွေ၊ သားဥြွပန်အတွင်း သွေးလုံးတည်တာ၊ အသားလုံးတည်တာ၊ သိုင်းရွိုက်အကျိတ်မှာ ရောဂါရှိတာ စတာတွေကြောင့် ရာသီသွေးဆင်းတာ ပုံမမှန်ဖြစ်တတ်ပါတယ်။နို့တိုက်မိခင်တွေနဲ့ သွေးဆုံးပြီး အမိုျးသမီးတွေမှာ ယောနိလမ်းကြောင်း ခြောက်သွေ့တာကြောင့် လိင်ဆက်ဆံတဲ့အခါ သွေးထွက်ပြီး နာကျင်မှု ခံစားရတာတွေ ဖြစ်တတ်ပါတယ်။

 

ဖြစ်နိုင်ခြေများသော ရောဂါများ

လိင်ဆက်ဆံပြီးတဲ့ အခါတိုင်းမှာ သွေးဆင်းတာ၊ သားအိမ်ခေါင်းက အထိမခံနိုင်လောက်အောင် နာကျင်တာတွေ ဖြစ်ခဲ့ရင် ဂနို၊ ကလန်မိုင်ဒီးယား စတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီး အမိုျးသမီးတွေ ရာသီသွေး ဆင်းလာခဲ့ရင် သားအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ စောစောစီးစီး သိရှိပါက ရောဂါပျောက်ကင်းအောင် ကုသနိုင်တာကြောင့် သွေးဆင်းတဲ့ လက္ခဏာ ပြသပါကပေါ့ဆမနေဘဲ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူပါ။

 

ပုံမမှန် အဖြူဆင်းခြင်း

အမိုျးသမီးတွေက ကိုယ်ရဲ့ ခန္ဓာဗေဒကို ကောင်းစွာ သိရှိပါတယ်။ အထူးသဖြင့် မိန်းမကိုယ်က ထွက်ရှိတဲ့ အရည်တွေနဲ့ ပတ်သက်ပြီးလည်း ကိုယ့်ကိုယ်ကိုယ် သိရှိကြပါတယ်။ ပုံမှန်အရောင်အဆင်း၊ အနံ့အသက်တွေကိုလည်း သိရှိထားကြပါတယ်။ပုံမမှန် အဖြူဆင်းခြင်းဆိုသည်မှာ မိန်းမကိုယ်က ထွက်ရှိတဲ့ အရည်ရဲ့ အနံ့အသက်က ဆိုးဆိုးရွားရွား နံလာတာ၊ အဖြူတွေ အများကြီးဆင်းတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာနဲ့ ပုံမမှန်တဲ့ အရောင်အဆင်း ဖြစ်နေတာတွေပါ။

 

ဖြစ်နိုင်ခြေများသော အကြောင်းများ

ပုံမမှန် အဖြူဆင်းတာ ဖြစ်ရတဲ့အကြောင်းက မှိုစွဲတာ၊ ဘက်တီးရီးယားပိုး ၀င်တာတွေကြောင့် အဖြစ်များပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေကြောင့်လည်း မူမမှန် အဖြူဆင်းတာကို ဖြစ်စေတာကြောင့် ဆရာဝန်နဲ့ ပြသ စစ်ဆေးဖို့ လိုပါတယ်။

 

ဖြစ်နိုင်ခြေများသော ရောဂါ

အဖြူဆင်းတာက ရေလိုပဲ အရောင်မရှိတဲ့ ကြည်ကြည်အရည်တွေ ကြာရှည်ဆင်းနေတာက သားဥြွပန်ကင်ဆာ ဖြစ်နိုင်ပေမယ့် တွေ့ရခဲတဲ့ ရောဂါတစ်ခုပါ။

 

ယားယံခြင်း

ယောနိလမ်းကြောင်းကနေ အဖြူဆင်းတာ၊ သွေးဆင်းတာတွေ မရှိဘဲ မကြာခဏ မိန်းမကိုယ် ယားယံတာတွေ ဖြစ်တတ်ပါသလား။

 

ဖြစ်နိုင်ခြေများသော အကြောင်းများ

သန့်စင်လွန်းတာကြောင့် မိန်းမကိုယ် ယားယံတာ ဖြစ်တတ်ပါတယ်။ အမွှေးနံ့ပါတဲ့ ဆပ်ပြာ၊ မိန်းမကိုယ် သန့်စင်ဆေးရည်တွေ အလွန်အကျွံ သုံးစွဲပြီး သန့်စင်တာကြောင့် ထိခိုက်လွယ်သူတွေမှာ မိန်းမကိုယ် ယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။

 

ဆရာဝန်နှင့် ပြသပါ

မိန်းမကိုယ် ယားယံတာကို နေရထိုင်ရ ခက်လောက်အောင် ခံစားနေရင်၊ မိန်းမကိုယ် ယားယံတာအပြင် အသားအရောင် ပြောင်းလဲတာတွေပါ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

 

Healthcare.com.mm

 

Ref:ကျန်းမာရေးအတွက်ဗဟုသုတများ

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18