Print

ကင်ဆာဖြစ်နိုင်သောအကြောင်းရင်းများ

  24-Jan-2018
Preview Image


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံမှာပါဝင်နေပါတယ်။  သည်လိုဖြစ်ရခြင်းမှာ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ အစားအစာတွေဖြစ်တဲ့ ဆေးလိပ်၊ အရက်၊ ကွမ်းယာကအစ အစားအစာအချို့က စားသုံးဖို့မသင့်တော်လို့ပါ။ 


အချိုမှုန့်နှင့်ကြက်သားမှုန့်

အချိုမှုန့်မှာပါဝင်တဲ့ ဓာတုပစ္စည်းဟာ ဆိုဒီယမ်မိုနိုဂလူကိုနိတ် (Sodium Mono Gluconate) က ဦးနှောက်နဲ့ အာရုံကြောထိခိုက်စေပြီး လေဖြတ်၊ လေငန်းရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးတဲ့ရောဂါ၊ အရိုးပွ၊ အရိုးကြွပ်ဆတ်ရောဂါ၊ ဆီးချိုသွေးချိုနဲ့ သွေးတိုးရောဂါတို့ဖြစ်ပွားစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ ကြက်သားမှုန့်ဆိုတာ အချိုမှုန့်နဲ့တာရှည်ခံ သတ်ဆေးတွေ၊ ဓာတုပစ္စည်းတွေပါဝင်နေလို့ အချိုမှုန့်ထက်တောင် ပိုမိုဆိုးရွားစေတာ တွေ့ရပါတယ်။ 


အချိုရည်နှင့်ကင်ဆာရောဂါ

အချိုရည်ဘူးများမှာ တားမြစ်ဆိုးဆေး၊ တာရှည်ခံဆေး၊ သကြားထက်အဆ ၂၀၀ ပိုမိုချိုစေတဲ့ ပါဝါသကြားနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကဖင်းဓာတ်တွေပါဝင်လို့ ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကိုဖြစ်ပွားစေပါတယ်။ ဒီလိုပဲ ဂျယ်လီဘူးတွေမှာ တရုတ်ကလာတဲ့ ဂျယ်လီပေါင်ဒါ၊ ဆီထရစ်အက်စစ်၊ ဆိုဒီယမ်ဘင်ဂိုရိတ် (Sodimum Bengorate) ခေါ် တာရှည်ခံဆေးပါဝင်လို့ ကင်ဆာရောဂါများဖြစ်ပွားစေလို့ ကလေးတွေ မစားသင့်ပါ။ 

မန္တလေးအချဉ်ရည်လုပ်ငန်းဝင်ဖမ်းဆော့ အုတ်ကန်ထဲမှာဖျော်စပ်ထားတဲ့ အချဉ်ရည်မှာ ဆာလ်ဖျူရစ်အက်စစ်၊ ဝိုင်ယာကြိုးအနီခွံ၊ ဓာတုဆိုးဆေး၊ ရေတွေနဲ့စိမ်ထားလို့ လူ့အသက်အန္တရယ်ပြုစေနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ ဆာလာဖျူရစ်အက်ဆစ်က နည်းနည်းထည့်ရုံနဲ့ အချဉ်အရသာဖြစ်ပေါ်စေပြီး ဘက်ထရီမှာသုံးတဲ့ အက်စစ်ဖြစ်တယ်။ ရေရှည်စားသုံးရင် အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာတွေ ကျိန်းသေဖြစ်နိုင်လို့ ရှောင်ရှားသင့်တယ်။ 


ကော်ဖီမစ်နှင့်ကင်ဆာရောဂါ

ကော်ဖီမစ်ထုတ်တွေမှာ ငွေကျပ် ၁၀၀ နဲ့ တန်တဲ့ကဖင်း၊ တာရှည်ခံဓာတုဆေး၊ ကော်ဖီအနံ့၊ အုန်းသီးခွံ သို့မဟုတ် မန်းကျည်းသီးခွံ အမှုန့်တွေနဲ့ သကြား၊ အခြားကုန်ကြမ်းပစ္စည်းတွေ ပါဝင်ပါတယ်။ ကော်ဖီမစ်မှာ နို့ဆီနှင့်နို့မှုန့် အစားအသုံးပြုတဲ့ ခရင်မ် (Creamer) မှာ မလေးရှားက စားအုန်းဆီကို အဆီထုတ်ပြီးကျန်တဲ့ ကြိတ်ဖတ်ကို တရုတ်နိုင်ငံကဝယ်ယူပြီး မှုန့်နေအောင် ကြိတ် ခရင်မာ (Creamer) အဖြစ်ပြန်လည်ရောင်ချတယ်ဆိုတာ သိခဲ့ရတယ်။ အဲဒီကြိတ်ဖတ်မှုန့်က သွေးတိုး၊ နှလုံးသွေးကြော ပိတ်ရောဂါ၊ လေဖြတ်ရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားစေတယ်။  ရယ်ဒီမိတ်ကော်ဖီတွေ သောက်သုံးတာကြာရင် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါ၊ ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ အမျိုးသမီးတွေ ပဋိသန္ဓေမရနိုင်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်နိုင်တယ်။ 


တရုတ်နိုင်ငံထုတ်နို့မှုန့်နဲ့ ယင်းမှပြုလုပ်တဲ့နို့ဆီ၊ နို့မှုန့်များ

တရုတ်နို့မှုန့်ကို ယခင်က စျေးသက်သာလို့ လက်ခံကြပါတယ်။ ၂၀၁၄ ခုနှစ်က တရုတ်နို့မှုန့်ထဲမှာ နို့မှုန့်စစ်ကြောင် သက်သေခံတဲ့ မယ်လ်မင်းဓာတ်ပါဝင်မှုကြောင့် ကလေးငယ်တွေ ရုတ်တရက်ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းနှင့် သေဆုံးသည်အထိဖြစ်ခဲ့လို့ အဲဒီနို့မှုန့်ထုတ်ကုမ္ပဏီရဲ့ ပိုင်ရှင်ကို လူကိုသေစေမှုနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းပေးခဲ့တယ်။ အဲဒီတရုတ်နို့မှုန့်ကို ဖျော်ပြီး ခွေးပေါက်စ၊ ကြောင်ပေါက်စတွေကို တိုက်ကျွေးရာ ခွေးကလေးတွေ၊ ကြောင်ကလေးတွေ အကြောဆွဲပြီး သေဆုံးကုန်ကြောင်း လက်တွေ့တွေ့ကြရတယ်ဆိုတယ်။ ဒါကြောင့် တရုတ်နိုင်ငံက တံဆိပ်မျိုးစုံနဲ့ တင်သွင်းတဲ့ နို့မှုန့်တွေနဲ့ ယင်းတို့နဲ့ပြုလုပ်တဲ့ နို့ဆီ၊ မုန့်ပဲသရေစာတွေ ကလေးတွေ မစားမိစေဖို့ သတိထားရမယ်။ လူကြီးများလည်း ရှောင်ကြဉ်သင့်ပါတယ်။ 


အရက်နှင့်ကင်ဆာ

အရက်ရဲ့ နဂိုဂုဏ်သတ္တိမှာ အသည်းခြောက်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အသည်းကင်ဆာနဲ့ အစာအိမ်လမ်းကြောင်းကင်ဆာနဲ့ အစာအိမ်လမ်းကြောင်းကင်ဆာတို့ဖြစ်ပွားစေတယ်။ ယနေ့ ကျပ် ၁၀၀၊ ၂၀၀ ဖိုးရတဲ့ ဒေသထွက်ချက်အရက်မှာ ဓာတ်မြေသြဇာ၊ အင်ဒရင်း၊ ရာဘာစေး၊ မက်သနောစတဲ့အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေပါရှိနေလို့ အဆိုပါ အရက်ကြောင့်ဖြစ်စေတဲ့ ရောဂါတွေ ပိုဆိုးရွားစေပါတယ်။ ဘီယာတွေမှာလည်း အယ်လ်ကိုဟောပါဝင်မှု ၅ ရာခိုင်နှုန်းကနေ ကိုးရာခိုင်နှုန်းထိရှိကာ အရက်လိုပဲကင်ဆာရောဂါအမျိုးမျိုးဖြစ်စေလို့ ရှောင်သင့်ပါတယ်။ အရက်ကိုမအိုဆေးလို့ခေါ်တာ စောစောသေလို့ခေါ်တာဖြစ်ပါတယ်။ 


ဆေးလိပ်နှင့်ကင်ဆာ

ဆေးလိပ်နှင့်စီးကရက်သောက်ခြင်းဟာ အစာရေမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာ၊ သွေးကြောပိတ်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါအမျိုးမျိုးဖြစ်ပွားစေပါတယ်။ ကမ္ဘာပေါ်မှာအဆုတ်ကင်ဆာဟာ အဖြစ်အများဆုံးဖြစ်ပြီး လက်သည်မှာ ဆေးလိပ်သောက်တာကြောင့်ဖြစ်တယ်။ အရှေ့တောင်အာရှမှာ နှစ်စဉ်လူတစ်သိန်းဟာ အဆုတ်ကင်ဆာရောဂါကြောင့် သေဆုံးလျက်ရှိပါတယ်။ ဆေးရွက်ကြီးမှာပါတဲ့ ဓာတုပစ္စည်း ၄၀၀၀ ကျော်နဲ့ နီကိုတင်းတို့က ဆေးလိပ်စွဲစေပြီး ရောဂါအမျိုးမျိုးဖြစ်ပွားစေပါတယ်။ 


ကွမ်းယာနှင့်ကင်ဆာရောဂါ

ယခင်က ကွမ်းရွက်ဟာ ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကွမ်းရွက်ကို ဖျန်းတဲ့ ပိုးသတ်ဆေးကြောင့် ကင်ဆာဖြစ်တဲ့အပြင် ထုံးကြောင့်လည်း ကျောက်ကပ်နဲ့ ဆီးအိမ်ကျောက်တည်စေပါတယ်။ ပါးစောင်ကင်ဆာကိုလည်း ဖြစ်စေပါတယ်။ ကွမ်းသီးကိုမှိုမတက်အောင် အသုံးပြုတဲ့မှိုသတ်ဆေးကလည်း ကင်ဆာဖြစ်စေတဲ့အပြင် ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ်ကလည်း ကင်ဆာရောဂါဖြစ်စေလို့ ကွမ်းယာစားခြင်းက လေးထပ်ကွမ်းအာခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ သွားဖုံးကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာတို့ ဖြစ်စေလို့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ 


မုန့်စျေးတန်းမှ ကလေးကင်ဆာဖြစ်စေတဲ့ မုန့်များ

တရုတ်စာတန်းပါ မုန့်မျိုးစုံမှာတားမြစ်ဆိုးဆေး၊ ဆေးသကြားနှင့်တာရှည်ခံဆိုးဆေးများပါဝင်လို့ မစားသုံးသင့်အပြင် ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲလည်းမပါတဲ့ အမျိုးအမည်မသိတဲ့ မုန့်တွေပါလာတယ်။ တရုတ်နို့မှုန့်အခြေခံလုပ်ထားလို့လည်း မယ်လမင်းဓာတ်ပါဝင်နေလို့ ကင်ဆာအမျိုးမျိုး ဖြစ်ပွားစေပါတယ်။ 


ရောင်စုံဆိုးဆေးများနဲ့ အစားအသောက်များ

တားမြစ်အန္တရာယ်ရှိဆိုးဆေးများ အသုံးပြုထားတဲ့မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အဝါရောင်ငါးပုဏ္ဏား၊ ရွှေငါး၊ ကြက်သားများနဲ့ အရောင်ဆိုးထားတဲ့ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုပ်၊ အနက်ရောင်ဆိုးဆေးဆိုးထားတဲ့ ပြောင်းဖူး၊ အနီရောင်ဆိုးထားတဲ့ နဂါးမောက်သီးတို့ဟာ အသည်းနဲ့ကင်ဆာရောဂါတွေ ဖြစ်ပွားစေလို့ လုံးဝရှောင်ရှားသင့်ပါတယ်။ အင်အော်ဂဲထုတ်လုပ်ထားတဲ့ အသီးအနှံသစ်သီးများဟာ မျိုးဗီဇပြုပြင်ထားလို့ ကင်ဆာရောဂါဖြစ်စေနိုင်သလို ဓာတုပိုးသတ်ဆေး၊ ဓာတ်မြေသြဇာကျွေးပြီး ဖြစ်ထွန်းလာတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။ 


သတိထားသင့်တဲ့အသီးအနှံများ

ဓာတုဟော်မုန်းဆေးအသုံးပြုထားလို့ ကြီးထွားနေတဲ့ မုန်လာဥအဖြူများ၊ အမြစ်တိုတို၊ အလုံးတုတ်တုတ် ပဲပင်ပေါက်များ ပိုးသတ်ဆေးအပြင်းစားသုံးထားတဲ့ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်း၊ ပန်းမုန်ညင်းထုပ်နဲ့ ဆေးစိမ်ဆေးဖျန်းလို့မှည့်နေတဲ့ သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျော်သီးစတာတွေဟာ ကင်ဆာဖြစ်နိုင်လို့ ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် လူသေကောင်မပုပ်အောင်ပြုလုပ်တဲ့ ဖော်မလင်နဲ့ အသုံးပြုထားတဲ့ပဲပြား၊ မဲနယ်ဆိုးထားတဲ့ ပုစွန်ထုပ်ကို ကင်ဆာဖြစ်မှာကြောက်ရင် ဝေးဝေးကရှောင်ရှားသင့်ပါတယ်။ မျိုးဆက်သုံးဆက်ထက်မကျော်တဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာဖြစ်စေပါတယ်။ 


ပြန်ကြော်ဆီနှင့်ကင်ဆာ

ရေမြောင်းဆီခေါ် ပြန်ကြော်ဆီများဟာ တရုတ်နိုင်ငံမှ မူဆယ်လမ်းကြောင်းမှဝင်လာသလို ထိုင်းနိုင်ငံ ရနောင်း၊ ကော့သောင်းနယ်စပ်မှလည်း ဝင်ရောက်လာတာ ဓာတုဆေးဝါးနဲ့ အရောင်ချွတ်၊ ပဲဆီအနံ့သွင်း၊ ဆီးစျေးကွက်မှာ ပဲဆီသန့်ဆိုပြီး တံဆိပ်မကပ်ဘဲ အလွတ်ရောင်းချလို့လည်းကောင်း၊ ကျပ် ၂၅၀၀၊ ကျပ် ၃၀၀၀ ဝန်းကျင်နဲ့ ရောင်းချကြတယ်။ ယင်းဆီတွေနဲ့ ပြည်တွင်းမှာ ငါးမုန့်ကြော်၊ အာလူးကြော်၊ အမြန်စားစနက် (Snack) ဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒ်ဝှစ်ချ်၊ ပီဇာမုန့်များ၊ အာလူးချောင်းကြော်တွေဟာ ပြန်ကြော်ဆီ၊ ဆီအုန်း၊ ဝက်ဆီနဲ့စိမ်ထားလို့ သွေးအတွင်းကိုလက်စထရောမြင့်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ ကင်ဆာရောဂါ၊ ဖြစ်စေနိုင်လို့ ရှောင်ရှားသင့်ပါတယ်။ လမ်းဘေးလက်ဖက်ရည်ဆိုင်တွေနဲ့ စားဖွယ်စုံဆိုင်ကြီး ၁၀ ဆိုင်ကို စစ်ဆေးရာမှာ ၁၀ ဆိုင်စလုံး အင်ဂျင်ဝိုင်လို ညိုမည်းနေတဲ့ ပြန်ကော်ဆီတွေနဲ့ စမူဆာ၊ အီကြာကွေးတွေ ကြော်နေတာဖြစ်တဲ့အတွက် စားမိရင် ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အစာအိမ်လမ်းကြောင်းကင်ဆာဖြစ်စေပါတယ်။ 


သတိထားရမယ့်ရေချိုငါပိ၊ ငါးခြောက်နှင့် ငံပြာရည်

အချို့ရေချိုငါးပိတွေဟာ ယူရီးယား၊ ပုလဲ၊ ဓာတ်မြေသြဇာ၊ ယူရီးယားဖြေသြဇာထည့်သွင်းထားပါတယ်။ ယူရီးယား သုံဂရမ်နဲ့ အထက်စားမိရင် အော့အန်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ရေချိုငါးငပိကနေ ယင်မနား၊ လောက်မတက်စေဖို့ တရုတ်နိုင်ငံကထုတ်တဲ့ Ceby ယင်းဆေးခဲခေါ် ပိုးသတ်ဆေးတွေ အသုံးပြုထားတယ်။ ယင်းပိုးသတ်ဆေးက ကင်ဆာရောဂါဖြစ်စေနိုင်တယ်။ ထိုင်းနိုင်ငံထုတ် ငံပြာရည်အချို့မှာလည်း ဂလူတမစ်အက်စစ်နဲ့ အခြားအက်စစ်ပါဝင်မှုတွေ မြင့်တက်နေလို့ လေဖြတ်ခြင်း၊ အာရုံကြောထိခိုက်ပျက်စီးခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်းများဖြစ်နိုင်ပါတယ်။ 


ခြင်ဆေးခွေနှင့်ကင်ဆာရောဂါ

ခြင်ဆေးခွေမှာ ဓာတုပိုးသတ်ဆေးများထဲမှာ အပြင်းထန်ဆုံးသတ်မှတ်ထားတဲ့ အက်စ်တူး (S2) ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ကင်ဆာဖြစ်စေတဲ့ ဖော်မယ်ဒီဟိုက်၊ မီဖာဖလူသရင်းနဲ့ဓာတုအမွှေး အကြိုင်တို့ပါဝင်ပါတယ်။ အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်တဲ့ ဘန်ဇိုင်း (Bensene) ကာစီနိုဂျင်တစ်မျိုးပါဝင်ပြီး အာရုံကြောမှစပြီး ရိုးတွင်းခြင်ဆီအထိ အဆိပ်ဖြစ်စေတယ်။ ခြင်ဆေးခွေတစ်ခွေရဲ့ အဆိပ်ဟာ စီးကရက်အလိပ်ပေါင်း ၅၀ လိပ်ဖွာရှိုက်တာနဲ့ ညီမျှတယ်။ ခြင်ဆေးခွေတစ်ခွေကနေ ထွက်လာတဲ့ အဆိပ်ဓာတ်ဟာ စီးကရက်အလိပ်ပေါင်း ၁၃၇ လိပ်မှ ထွက်ရှိတဲ့ အဆိပ်မှုန့်ပမာဏနဲ့ ညီမျှလို့ ဝေးဝေးကရှောင်သင့်ပါတယ်။ အမွှေးတိုင်တွေကလည်း ခြင်ဆေးခွေလို အန္တရာယ်ရှိလို့ မသုံးသင့်ပါဘူး။


လေထုညစ်ညမ်းမှုနှင့် ကင်ဆာရောဂါ

စက်မှုဇုန်၊ စက်ရုံ၊ မော်တော်ကားအိပ်ဇောပိုက်တွေကထွက်တဲ့ အခိုးအငွေ့တွေက ကင်ဆာဖြစ်စေနိုင်သလို မော်တော်ကား၊ ဒီဇယ်အင်ဂျင်တွေကထွက်တဲ့ အိပ်ဇောငွေ့တွေကလည်း အဆုတ်ကင်ဆာဖြစ်စေနိုင်လို့ ကားဝယ်စီးရင် ဂက်စ် သို့မဟုတ် ဓာတ်ဆီကားရွေးချယ်စီးသင့်ပါတယ်။


ပလတ်စတစ်အိတ်နဲ့ဖောဘူးကင်ဆာ

အလွယ်ကြိုက်တတ်သူတွေက မုန့်ဟင်းခါးပဲဝယ်ဝယ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အသုပ်စုံ၊ ထုံချိုင်းအကြော်စုံတွေ၊ အကင်တွေ ထုပ်ပိုးရင် ပလတ်စတစ်တွေ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ သုံးနေကြတယ်။ ပလတ်စတစ် အိတ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက် ဆိုတဲ့ဓာတ်နဲ့ စတိုင်ရင်း (Styrene) ဆိုတဲ့ ဓာတုပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲတွေ့တွေ့၊ ဆီပါတဲ့ အစားအသောက်နဲ့ပဲတွေ့တွေ့၊ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်ပါတော့တယ်။ ကလေးနို့ဘူးတွေပြုလုပ်တဲ့ Pue ပလတ်စတစ်နဲ့ ပလတ်စတစ်ပိုက်တွေမှာ မိုနိုမာ (Monomer) ဆိုတဲ့ အလွန်အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဒြပ်စင်ပါဝင်တာ တွေ့ရပါတယ်။ ယင်းဓာတုပစ္စည်းတွေ အားလုံးကင်ဆာရောဂါဖြစ်စေနိုင်လို့ စတီးချိုင့်၊ ဖန်ဘူးတွေသုံးရပါမယ်။ ဒံပေါက်ဆိုင်၊ စားသောက်ဆိုင်တွေမှာ သုံးတဲ့ ဖော့ဘူးတွေမှာ စတိုင်ရင်း (Styrene) ဓာတ်ပါတဲ့ S2 ပလတ်စတစ်အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေတစ်ခါ သုံးပလတ်စတစ်တွေ မသုံးဘဲ ဆန့်ကျင်သင့်ပါတယ်။ 


မိုက်ခရိုဝေ့ဖ်ဓာတ်ရောင်ခြည်နှင့်ကင်ဆာ

မိုဘိုင်းဖုန်းမှထုတ်လုပ်တဲ့ မိုက်ခရိုဝေ့ဖ် ဓာတ်ရောင်ခြည်တွေ လျှပ်စစ်သံလိုက်စက်ကွင်းပြင်အားကဦးနှောက် အသားပိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အရေပြားကင်ဆာနဲ့ ပါကင်ဆန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ တို့ဖြစ်ပွားစေပြီး မိုဘိုင်းဖုန်းတာရှည်သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အထူးသတိထားရမှာက မိုဘိုင်းဖုန်းကဓာတ်ရောင်ခြည်ကြောင့် မီးမဖွားသေးတဲ့ သန္ဓေသားကို ထိခိုက်ပျက်စီးစေလို့၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၁၀ နှစ်အောက် ကလေးတွေ မိုဘိုင်းဖုန်းသုံးစွဲမှုကို ရှောင်ရှားသင့်ပါတယ်။ ကွန်ပျူတာဂိမ်းနဲ့ တီဗီဂိမ်းတွေ ဆော့ကစားတာကြောင့်လည်း ကလေးတွေရဲ့ မှတ်ဉာဏ်နဲ့ အာရုံကြော၊ အမြင်အာရုံထိခိုက်စေလို့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။


Credit: ဒေါက်တာရှင်းသန့်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18