Print

ပြတ်ရှ ပွန်းပဲ့ဒဏ်ရာတွေအတွက် အကြံကောင်းများ

  30-Oct-2016
Preview Image

ပြတ်ရှပွန်းပဲ့ ဒဏ်ရာရတဲ့အခါ သွေးတိတ်အောင်ရယ်၊ ဒဏ်ရာထဲ ရောဂါပိုး မဝင်နိုင်အောင် သန့်စင်အောင် လုပ်ထားရပါမယ်။ ကျန်တဲ့အပိုင်းကို သဘာဝတရားက တာဝန်ယူသွားပါလိမ့်မည်။ လိုအပ်တာက ပတ်တီးနဲ့ ပဋိဇီဝလိမ်းဆေးပါ။ (ဆရာဝန်တွေကတော့ သုံးမျိုးစပ် ပဋိဇီဝဆေး အမျိုးအစားကို သုံးဖို့ ထောက်ခံကြပါတယ်။)တကယ်လို့ အရေးပေါ် လိုအပ်ရင် တခြား အနာကျက်ဆေးတွေလည်း ရှိပါတယ်။ လက်တစ်ကမ်းမှာ ရှိတာတွေပါ။ ပျားရည်တို့၊ ကြက်သွန်ဖြူတို့လို ပစ္စည်းတွေပါ။ နောက်ဆုံးကိုယ့်တံတွေး ကိုယ်ပြန်သုံးနိုင်တဲ့ အထိပါပဲ။သန့်စင်အောင် လုပ်ပါ၊ ဖုံးအုပ်ထားပါ၊ ပြီးတော့ ပိုးသတ်ပါသွေးထွက်နေတာ ရပ်တန့်စေဖို့ ကွဲရှ ဒဏ်ရာကို သန့်တဲ့ အဝတ်စ ဒါမှမဟုတ် ဆေးရုံသုံး အဝတ်ဖတ်နဲ့ ဖိပေးပါ။ ဒီပစ္စည်းတွေ ရုတ်တရက် မရနိုင်ဘူးဆိုရင် လက်နဲ့ပဲ ဖိပေးထားပါ။ သွေးတိတ်သွားပြီဆိုရင် ဒဏ်ရာရဲ့ ပတ်လည် နေရာတွေကို ဆပ်ပြာနဲ့ ရေနဲ့ဆေးပါ။ ပြီးရင် ပတ်တီးအုပ်လိုက်ပါ။ ကွဲရှဒဏ်ရာကို တင်ချာတစ်မျိုးနဲ့လည်း သန့်စင်အောင် လုပ်လို့ရပါတယ်။ Tincture of calendula ခေါ်တဲ့ ကယ်လင်ဒူလာ ထပ်တစ်ရာပန်းဆီ တင်ချာပါ။ ဒီတင်ချာက ပိုးလည်းသေစေပြီး အနာကျက်စေတဲ့ အာနိသင်လည်းရှိပါတယ်။ အနာမြန်မြန် ကျက်စေချင်ရင်တော့ တင်ချာနဲ့ သန့်စင်ပြီးတဲ့ နောက်ထပ် ပန်းတစ်ရာဆီ ကရင်မ် လိမ်းဆေးပါ ထပ်လိမ်းပေးပါ။ မြန်မာနိုင်ငံမှာတော့ ဒီတင်ချာ ရှိချင်မှရှိမှာပါ။ အများသိကြတဲ့ အိုင်အိုဒင်း (ဒိုင်းမဟုတ်ပါ) နဲ့ Septidine ပါ။ နှစ်မျိုးစလုံးဟာ အိုင်အိုဒင်းကို အရက်ပြန်နဲ့ ဖျော်ထားတာ ချည်းပါ။ ထိရောက်မှု အတူတူပါပဲ။Tea-tree oil လို့ ခေါ်တဲ့ အဆီဟာ ပိုးသတ်ဆေး (ပဋိဇီဝ) အာနိသင် အတော်ပြင်းတဲ့ အဆီပါ။ လက်ဖက်ပင် အဆီလို့ သာမန်အားဖြင့် ခေါ်နိုင်ပေမယ်လို့ အဆီထုတ်တဲ့ အပင်ဟာ လက်ဖက်ပင် တစ်မျိုးတည်း မဟုတ်ဘဲ အခြားမျုးကွဲအပင် လေးငါးမျိုးလည်း ပါ၀င်နေတာပါ။ ကမ္ဘာမှာ လူသုံးအတော်များတဲ့ ဆီတစ်မျိုး ဖြစ်ပါတယ်။ ရေနွေးနွေးလေးတစ်ခွက်ထဲကို ဒီအဆီ လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်လောက် ထည့်မွှေပြီး ကွဲပြတ် ရှနာပွန်းတွေကို ဆေးကြောပေးပါ။

မီးဖိုချောင်က ဆေးမြီးတိုတွေပဋိဇီဝ လိမ်းဆေး အလွယ်တကူ မရနိုင်ဘဲ ဖြစ်နေပါသလား။ အရေးပေါ် အနေနဲ့ ပျားရည်လေး နည်းနည်း သုတ်ပေးပါ။ ပြီးတော့ အပေါ်ကနေ ပတ်တီးအုပ်ပေးပါ။ ပျားရည်မှာ ဘတ်တီးရီးယားပိုး သေစေတဲ့ အာနိသင် ရှိပါတယ်။ ပြီးတော့ လေ့လာချက်တွေအရ သိထားရတာက ပျားရည်ဟာ အနာကျက်တာ မြန်စေတယ် ဆိုတာပါပဲ။ တချို့ဒဏ်ရာ အနာတွေအတွက်ဆိုရင် ပျားရည်ဟာ သုံးမျိုးစပ် ပဋိဇီဝ လိမ်းဆေးတွေထက် ပိုကောင်းကြောင်းဆရာဝန်က တချို့က ယူဆကြတယ်လို့ဆိုပါတယ်။ ဟန်နိီပလပ်စ်လို အနာကို အုပ်ပြီး ကပ်ထားစရာ ဘာမှမရှိလည်း ဘာမှမစိုးရိမ်ပါနဲ့။ ပျားရည်က ခြောက်သွားတဲ့အခါ ပလတ်စတာ အုပ်လိုက်သလို သဘာဝ အနာအုပ်ပစ္စည်းဖြစ်သွားတာပါ။ကြက်သွန်ဖြူဟာ သဘာဝ ပိုးသတ်ဆေး နောက်တစ်မျိုးပေါ့။ ကြက်သွန်ဖြူ တစ်ဥကို ထုခြေပြီး ဒဏ်ရယအနာပေါ် အုပ်ကပ်ထားပေးပါ။ တကယ်လို့ အရေပြား ယားယံလာတယ်ဆိုရင်တော့ ချက်ချင်းပြန်ခွာပစ်ပါဒဏ်ရာက မပိတ်သွားဘူး၊ စေ့မသွားဘူး၊ ဒါမှမဟုတ် သွေးမတိတ်ဘူးဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ နောက်တစ်ခုက ရောဂါပိုးဝင်ခံရတယ်လို့ သံသယ ဖြစ်စရာ လက္ခဏာတွေ တွေ့ရင်လည်းပဲ ဆရာဝနိပြဖို့လိုပါတယ်။ ရောဂါပိုး ကူးစကခံရရင်တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ပြည်တည်မယ်၊ ပုံမှန်မဟုတ်တဲ့ အရည်တစ်မျိုးမျိုး ဒဏ်ရာကနေထွက်မယ်၊ ကိုယ်ပူရှိန်တက်မယ်၊ ဒဏ်ရာရဲ့ ၀န်းကျင်မှာ နီမြန်းနေမယ်၊ စတာတွေဖြစ်ပါတယ်။ စူးရာ ရှရာက နက်မယ်၊ သံချေးတက်ပစ္စည်း၊ ဖုန်ပေတဲ့ ပစ္စည်းတွေနဲ့ ထိခိုက်မိတာဖြစ်မယ်ဆိုရင်တော့ မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးဖို့လိုပါလိမ့်မယ်။

 

Wellness magazine, May 2015, Pg.46



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18