Print

ခွေးရူးအကိုက်ခံရပါက မည်သို့စတင်ဆောင်ရွက်နိုင်ရမည်နည်း

  30-Oct-2016
Preview Image

- နီးစပ်ရာဆေးခန်းသို့ အမြန်သွားပြပါ။

- ခွေးပါးစပ် (သို့) တံတွေးတွင် ခွေးရူးပိုးပါရှိနိုင်သည့်အတွက် ခွေးကိုက်ဒဏ်ရာမှ ခွေး၏ တံတွေးများများ ထွက်ခြင်းသည် ခွေးရူးပိုးများ ကိုယ်ခန္ဓာမှ များများထွက်ခြင်းနှင့် တူသောကြောင့် ရေများများဖြင့် အနာကိုညှစ်၍ အနာကို ၁၅ မိနစ်ခန့် ကြာကြာဆေးကြောပါ။

- ခွေးကိုက်ဒဏ်ရာကို ဆပ်ပြာသုံးပြီး ထပ်မံဆေးကြောပါ။

- အရက်ပြန် (သို့) ဆေးဝါရည် စသည့်ပိုးသတ်ဆေးများဖြင့် ထပ်မံလိမ်းပြီး အနာကို ပိတ်စဖြင့် အုပ်ထားပါ။

- ဒဏ်ရာကို အလျှင်စလို မချုပ်ပါနဲ့။ အရေးပေါ်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါက အရေးပေါ်ကာကွယ်ဆေးရည်ကို အနာပတ်လည်နဲ့ အောက်ခြေကို လုံလောက်စွာ ထိုးရမည်ဖြစ်ပါသည်။ အနာကို ချုပ်လိုက်ပါက အနာပတ်ပတ်လည်ကို ဆေးထိုးရန် ခက်ခဲသွားပါမည်။ သို့ကြောင့် အရေးပေးကာကွယ်ဆေး ထိုးပြီး (၁) နာရီကြာမှသာ ချုပ်ပါ။

ခွေးရူးပြန်ကာကွယ်ဆေးသာ ရှိပြီး ကုသရန် ဆေးမရှိခြင်းကြောင့် ကာကွယ်ဆေးကို အမြန်ထိုးမှသာ စိတ်ချရပါမည်။

- ခွေးရူးကာကွယ်ဆေး ထိုးရင်းဖြင့်သာ ခွေးရူး၊ မရူးကို(၁ဝ) ရက်စောင့်ကြည့်ပါ။

- မန်းမှုတ်ခြင်း၊ ဆေးမြီးတိုဖြင့် ကုသခြင်းကို လုံးဝရှောင်ကြဉ်ပါ။

- ခွေးကောင်းဆိုပြီး ပေါ့ပေါ့ဆဆမနေဘဲ ကာကွယ်ဆေးကို စောနိုင်သမျှ စောစောသိခြင်းသည် အသက်ချမ်းသာရာရနိုင်ပါသည်။

ကာကွယ်ဆေးတွင်လည်း (၂) မျိုးရှိပါသည်။

၁။ ပုံမှန်ကာကွယ်ဆေး (Rabies Vaccine)

၂။ အရေးပေါ်ကာကွယ်ဆေး (Immunoglobulin)

ခွေးရူးကိုက်ပါက ရိုးရိုးကာကွယ်ဆေးကို လက်မောင်းတွင် ထိုးပြီးအရေးပေါ်ကာကွယ်ဆေးကို ဒဏ်ရာပတ်လည်နဲ့ အောက်ခြေကို စောစောထိုးရန် လိုအပ်ပါသည်။

 

Ziwaka Magazine

December 2014, Pg.52-53



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18