Print

ရုတ်တရက်နှလုံးဖောက်ပြန်ခြင်း

  30-Oct-2016
Preview Image

၁။ လူနာသည် ရင်ဘတ်မှပြုတ်တူနှင့် ညှပ်ထားသကဲ့သို့ ဆက်တိုက်နာကျင်ခြင်း၊ မပြောနိုင်သေးသော သီးခြားအသက်မသာဖြစ်ခြင်း၊ လက်၊ လည်ပင်း၊ မေးရိုး၊နောက်ကျော နှင့် အစာအိမ်တို့တွင် အလွန်အမင်းနာကျင်မှု ဖြစ်ပေါ်နိုင်ပါသည်။ထိုနာကျင်မှုသည် နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာနို်င်ပြီး အနားယူသော်လည်း နာကျင်မှုပျောက်မသွားနိုင်ပါ။

၂။ နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။နှလုံးရောဂါသည် အလွန်စိုးရိမ်ရသဖြင့် ချက်ချင်း သတိထားရန် လိုအပ်ပြီး ဆေးဝါးအကူအညီ ကို တတ်နိုင်သမျှ မြန်မြန်ရယူရပါမည်။

၃။ လူနာအား ၄င်းသောက်နေကျ ဆေးသောက်နို်င်ရန် ကူညီပေးပါ။

၄။ လူနာကို သက်သောင့်သက်သာရှိသော အနေအထားဖြစ်အောင်ထားပါ။

(ဥပမာ- လူနာကို ကြမ်းပြင်ပေါ်တွင် ထိုင်ခိုင်းပါ။ ထိုင်ခုံပေါ် မထိုင်ခိုင်းပါနှင့်)

ကြမ်းပြင်ပေါ်တွင် ထိုင်ခိုင်းထားခြင်းသည် မေ့လဲကျလည်း ထိခိုက်နာကျင်ခြင်း လျော့နည်းနိုင်ပါသည်။

၅။ ဆေးရုံ၊ ဆေးပေးခန်းသို့ သွားနေချိန်တွင်လူနာကို အားပေးစကားပြောကြားနေပါ။

ဓာတ်မတည့်မှုမရှိပါက အက်စပရင်ဆေးတိုက်ပါ။

ရုတ်တရက်နှလုံးဖောက်ပြန်ခံရခြင်းဆိုသည်မှာ အဘယ်နည်း။

-------------------------------------------------------------------

 

နှလုံးကြွက်သားကို ထောက်ပ့ံပေးသော သွေးကြော ရုတ်တရက် ပိတ်ဆို့သွားလျှင် ရုတ်တရက် နှလုံးဖောက်ပြန်ခံရခြင်း ဖြစ်ပေါ်တတ်ပါသည်။ သွေးကြောပိတ်သွားသည့်အတွက် နှလုံးသည်ကောင်း မွန်စွာ အလုပ်မလုပ်နိုင်တော့ဘဲ အသက်ဆုံးရှုံးနိုင်ပါသည်။ ရောဂါပြင်းထန်းမှုသည် ဖောက်ပြန်သော နှလုံးကြွက်သား အရွယ်အစားပေါ်တွင် မူတည်ပါသည်။

 

ရုတ်တရက်နှလုံးဖောက်ခံရခြင်းနှင့် နှလုံးရပ်ခြင်း၏ ကွဲပြားခြားနားမှုကို ဖော်ပြပါ။

--------------------------------------------------------------------------------------

ရုတ်တရက်နှလုံးဖောက်ခံရခြင်းသည် နှလုံးကြွက်သားကို ထောက်ပ့ံပေးသောသွေးကြော ရုတ်တရက်ပိတ်ဆို့သွားသော်လည်း နှလုံးမှာနှေးသော ခုန်နှုန်းဖြင့်သွေးကိုစုပ်ထုတ်ပေးနေပါသေးသည်။ နှလုံးခုန်ရပ်တန်းခြင်းဆိုသည်မှာ နှလုံးခုန်မှုလုံးဝ ရပ်တန့်သွားခြင်းဖြစ်သည်။ လူနာမှာ လဲကျ သတိလစ်သွားပြီး အသက်ရှူခြင်း ရပ်တန့်သွား မည့်နည်းလမ်းကို ရှေ့စာမျက်နှာတွင် ဆက်စပ်၍ ရှာဖွေပါ။

 

လူတစ်ယောက် ရုတ်တရက်နှလုံးပြန်ခြင်း ခံရသည်ဟု မည်သို့ပြောနိုင်သနည်း။

------------------------------------------------------------------------------------

ရုတ်တရက်နှလုံးဖောက်ခံရခြင်း၏ လက္ခဏာရပ်များမှာ အမျိုးမျိုးရှိသည်။ပြုတ်တူနှင့်ညှပ် ထားသကဲ့သို့ နာကျင်မှုသည် ရင်ဘတ်မှတစ်ဆင့် လက်၊ လည်ပင်း၊မေးရိုး၊ နောက်ကျော၊ မေးရိုးနှင့် အစာအိမ်ထဲပျံ့နှံ့နိုင်ပါသည်။ အချို့လူနာများတွင် တစ်နေရာတည်းတွင်းလည်း နာကျင်နေနိုင်ပါသည်။ ထို့ပြင် မောပန်းခြင်း၊နေထိုင်မကောင်းခြင်းနှင့် ချွေးထွက်ခြင်းများလည်း ရှိနို်င်ပါသည်။ဆေးဝါးအသုံးပြုသင့်ပါသလား

ဆေးပြားများနှင့် အာဖြန်းဆေးများရှိပါက ၄င်းတို့ကို အသုံးပြုနိုင်ပါသည်။

 

အက်စပရင်ဆေး အသုံးပြုသင့်ပါသလား။

--------------------------------------------

အက်စပရင်ဆေးသည် သွေးကျဲခြင်းအတွက် ကူညီရာရောက်သဖြင့်ဆေးပြားကိုဖြည်းဖြည်း ချင်း ၀ါးခိုင်းသင့်ပါသည်။ တစ်ကြိမ်လျှင် ၃၀၀ မီလီဂရမ်ထက်ပို၍ မသုံးသင့်ပါ။ အူထဲတွင်ပေါက်ရန် ဖုံးအုပ်ထားခြင်း (enteric coated) မရှိသော ဆေးပြားက အကောင်းဆုံးဖြစ်သည်။

 

သတိလစ်ပြီး အသက်ရှူရပ်တန့်သွားပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း။

----------------------------------------------------------------------------------

သတိလစ်၍ အသက်မရှူနို်င်သောသူကို ကူညီရမည့်နည်းလမ်းကို သက်ဆိုင် ရမည့်နည်းလမ်း ကို သက်ဆိုင်ရာစာမျက်နှာတွင် ချိတ်ဆက်၍ရှာဖွေပါ။

ရင်ခေါင်းစူးအောင့်ခြင်းဆိုသည်မှာ အဘယ်နည်း။

-----------------------------------------------------

ရင်ခေါင်းစူးအောင့်ခြ်းဆိုသည်မှာ ရင်ဘတ်တွင် တင်းကျပ်စူးအောင့်ခြင်းကို ဆိုလိုသည်။ နှလုံး ကိုထောက်ပ့ံပေးသော သွေးလွတ်ကြောများသည် ကျဉ်းမြောင်း လာသောကြောင့် လုံလောက်သော သွေးပမာဏကို ထောက်ပ့ံပေးနိုင်စွမ်းမရှိတော့သည့် အခါတွင် နှလုံးစူးအောင့်ခြင်း ဖြစ်ပေါ်တတ်ပါ သည်။၄င်းအခြေအနေသည် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့်လည်း ဆက်စပ်နေပါသည်။ ရောဂါလက္ခဏာများမှာ ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူ မဝခြင်းတို့ ဖြစ်ပါသည်။ ရုတ်တ ရက်နှလုံးတိုက်ခိုက်ရခြင်းနှင့် မတူသည်မှာရောဂါလက္ခဏာများသည် ဆေးသောက်ခြင်း၊ အနား ယူခြင်းဖြင့်သက်သာနိုင်ပါသည်။ Angina လူနာအချို့သည် ဆေးပြား(သို့)အာဖြန်းဆေးများဖြင့် ရောဂါကို သက်သာအောင် ထိန်းထားနိုင်ပါသည်။အထက်ပါရှေးဦးပြုစုခြင်းနည်းလမ်းများအတိုင်း ကြိုတင်လေ့ကျင့်ရန်ဖြစ်ပါသည်။

“နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။”

“မတ်တပ်ရပ်ပုံစံမှ လဲလျောင်းခိုင်းပါ။”

“ခေတ္တနားနေလိုက်ရင် သက်သာသွားပါလိမ့်မည်။”

 

Ref: မြန်မာနိုင်ငံကြက်ခြေနီအသင်း

21.10.2015

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18