Print

နှာခေါင်းသွေး လျှံခြင်း (Epistaxis)

  30-Oct-2016
Preview Image

နှာခေါင်းသွေး လျှံခြင်းဆိုတာဟာ နှာယောင် nostrils တလျောက် မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ် ။ နှာခေါင်းသွေး လျှံခြင်း ၂ မျိုး ရှိပါတယ် ။ တစ်မျိုးကတော့ အရှေ့ပိုင်း anterior လို့ခေါ်ပြီး သူကတော့ အဖြစ်များပါတယ်။နောက်တစ်မျိုးကတော့ အနောက်ပိုင်း posterior လို့ခေါ်ပါတယ် ။ သူကတော့ အဖြစ်နဲလေ့ရှိပြီး ဆေးကုသမှုလိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ တခါတရံ အလွန်ဆိုးဝါးပြင်းထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်းမျက်ရည်လမ်းကြောင်း nasolacrimal duct မှထွက်ရှိလာပြီး မျက်လုံးကနေတောင် သွေးတွေထွက်ရှိနိုင်ပါတယ် ။ သွေးတွေနဲ့ ခဲနေတဲ့သွေးတွေဟာ အစာအိမ်ထဲကို ရောက်ရှိနိုင်ပြီး ပျို့တာတွေ အန်တာတွေ ဖြစ်လာနိုင်ပါတယ် ။ ဒီကနေတဆင့် သေနိုင်တာကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S မှာ ၂.၄ မီလီယံ သေဆုံးမှုမှာ ၄ ယောက်သာလျှင်တွေ့ရပါတယ်။

 

ဘာကြောင့်လူတွေနှာခေါင်းသွေးလျှံခြင်းခံစားရသလဲ

---------------------------------------------------------

နှာခေါင်းဆိုတာဟာ ခန္ဓာကိုယ်မှာ သွေးကြောတွေ လွန်စွာ ရှုပ်ထွေးများပြားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ် ။ ဒါကြောင့် နှာခေါင်းကို နဲနဲလေးဖြစ်ဖြစ်ထိခိုက်မိတာနဲ့ အခန့်မသင့်ရင် nasal injury ရပြီး သွေးထွက်နိုင်ပါတယ်။ အကယ်၍ နှာခေါင်းနံရံဟာခြောက်သွေ့နေမယ် ကွဲအက်နေမယ်ဆိုရင်တော့ ထိခိုက်မိပြီး တပြိုင်နက်ရုတ်တရက်ချက်ခြင်း သွေးထွက်လာနိုင်ပါတယ် ။ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ အဖြစ်များလေ့ရှိပြီး ဆောင်ရာသီတွေမှာ တိုက်တဲ့လေကလည်း ခြောက်သွေ့နေမယ် ပူနွေးနေမယ် ဥပမာအိမ်ထဲကheater တွေကထွက်တဲ့ လေပူတွေကနေတဆင့်နှာခေါင်းသွေးယိုတာ ခံစားရနိုင်ပါတယ် ။ အကယ်၍ လူတွေက သွေးခဲတာကို တားဆီးပေးတဲ့ ဆေးတွေ ဥပမာ သွေးကျဲဆေးတွေဖြစ်တဲ့ warfarin , aspirin နဲ့ အခြားအရောင်ကျဆေးတွေကို သောက်သုံးနေတဲ့လူတွေက ပိုပြီး အဖြစ်များလေ့ရှိပါတယ်။ အဲဒီလိုအခြေအနေမှာ နဲနဲလေးထိခိုက်မိတာတောင်မှ သွေးထွက်ခြင်းက ဖြစ်ပေါ်လာနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုနှုန်းဟာ အေးတဲ့ဆောင်းလရာသီတွေမှာ ပိုများပြီး အသက်ရှုလမ်း ကြောင်း ဆိုင်ရာပိုးဝင် နေတဲ့ အခြေအနေမှာ (Respiratory tract infections)ပို အဖြစ်များပါတယ်။ တခါတရံမှာလည်းအပြင်ဖက်အေးတဲ့နေရာကနေ အိမ်အတွင်းပိုင်း ပူနွေး ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ၀င်ရောက်လာတဲ့ အခြေအနေမှာနှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားနိုင်ပါတယ် ။

 

နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေတဲ့အချက်တွေ

**************************************************

# ပိုးဝင်ခြင်း။

# ကိုယ့်ဘာသာနှာခေါင်းကို ကလိရာကနေ ထိလိုက်မိခြင်း။

# ယားယံခြင်း နှင့် ယားယံခြင်းမရှိသော နှာမွှန် ခြင်း နှာရည်ယိုခြင်း။

# သွေးပေါင်ချိန်များခြင်း (High blood pressure)။

# သွေးကို ကျဲစေတဲ့ ဆေးတွေသောက်သုံးခြင်း ( Aspirin, Warfarin , etc,.)။

# အရက်အလွန်အကျွံသောက်သုံးခြင်း။

# တခြား ရှားပါးတဲ့အချက်တွေကတော့ ကျူမာတွေ(Tumors) နဲ့ မျိူးရိုးလိုက်တဲ့ သွေးရောဂါတွေ ပဲဖြစ်ပါတယ်။

 

နှာခေါင်းသွေး လျှံရင် ဘာလုပ်မလည်း

-----------------------------------------

နှာခေါင်း သွေးယိုပြီဆိုရင် အရင်ဆုံးပြုလုပ်ရမှာကတော့ စိတ်မလှုပ်ရှားပါနဲ့ ။ စိတ်ငြိမ်ငြိမ်ထားပါ ။ တစ်ချို့ နှာခေါင်းသွေး ယိုခြင်း ဟာ တကယ် ဖြစ်နေတာထက် ပိုဆိုးသယောင်ထင်ရတတ်ပါတယ် ။ နှာခေါင်းသွေး ယိုခြင်း အများစုဟာ မိမိဘာသာ အိမ်မှာပဲ ကုသလို့ရပါတယ် ။ အကယ်၍ သင် နှာခေါင်းသွေး ယိုပြီဆိုလျှင် ပထမဆုံး ထိုင်လိုက်ပါ ။ ပြီးရင်ရှေ့ဘက်ကို ခန္ဓာကိုယ်ကို အနည်းငယ် ယိုင်လိုက်ပါ ။ သင့် ရဲ့ ဦးခေါင်းဟာ သင့် နှလုံးရဲ့့ အထက်မှာ ရှိနေခြင်းက နှာခေါင်းထဲက သွေးယိုခြင်းကို နည်းပါးစေပါတယ် ။ အရှေ့ဖက်ကို ယိုင်လိုက်ခြင်းအား ဖြင့် နှာခေါင်းထဲက သွေးတွေဟာ လည်ချောင်းထဲဝင်မယ့်အစား နှာခါင်းထဲက ထွက်သွားစေပါတယ် ။ အကယ်၍ သင်နောက်ကို လှန်မိမယ်ဆိုရင်တော့ သင်ဟာ သွေးတွေကို မျိုချမိမှာပါပဲ ။ ဒါဆိုရင်တော့ ပျို့တာတွေ အန်တာတွေ ၀မ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ် ။သင့်ရဲ့ လက်မနဲ့ လက်ညိုးကို ပျော့ပျောင်းတဲ့ အနေအထားနဲ့ သင့်နှာခေါင်းထဲကသွေးတွေကို ဖြေးညှင်းစွာ ညှစ်ထုတ်ပါ ။ ညှစ်ရမယ့်နေရာကတော့ သင့်နှာခေါင်းရဲ့ အဆုံးပိုင်းနဲ့ မာကျောပြီး အရိုးပုံစံ ရှိတဲ့ နေရာ ကြားထဲမှာပါပဲ။ သင့်နှာခေါင်းကိုသွေးတွေထွက်တာ ရပ်တဲ့အထိ ကိုင်ထားပါ ။ အနည်းဆုံး ၅ မိနစ်လောက်ပေါ့ ။သွေးတွေဆက်ထွက်နေတုန်းပဲဆို ရင်တော့ နောက်ထပ် ၁၀ မိနစ်လောက်ထိ ဆက်ကိုင်ထားလိုက်ပါ ။ဒါ့အပြင် နှာခေါင်းပေါ်ကို ရေခဲတုံး ၊ ရေခဲဝတ်လည်း တင်ပေးနိုင်ပါတယ်။သွေးထွက်တာရပ်သွားပြီဆိုရင်တော့ သွေးထပ်ထွက် စေမည့် အပြုအမှုများကို ရှောင်ပါ ။ ဥပမာ နှာခေါင်းကို ထိခိုက်မိခြင်း အရှေ့ဖက်ကို ခန္ဓာကိုယ်ကို ဆက် ယိုင်နေခြင်းတို့ ပဲဖြစ်ပါတယ် ။

 

နှာခေါင်းသွေးလျှံ ခြင်းထပ်မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ

---------------------------------------------------------------------

၁ ။ အိမ်သို့ပြန်ပြီး အနားယူပါ ။ ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပါ ။

၂ ။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်း မပြုပါနဲ့ ။

၃ ။ နှာချေချင်တယ်ဆိုရင်တော့ ပါးစပ်ကိုဟ ထားပါ ။ ဒါဆိုရင်လေတွေက နှာခေါင်းကနေမထွက်ပဲ ပါးစပ်ကနေ ထွက်သွားမှာ ဖြစ်ပါတယ် ။

၄ ။ ၀မ်း ချုပ်မခံပါနဲ့ ( ၀မ်းချုပ်လို့ ညှစ်ရတဲ့အခါမှာ ၀မ်းဗိုက်အတွင်း ဖိအားများလာခြင်း Intra-abdominal pressure တက်လာတဲ့အခါ သွေးတွေကို ညှစ်ထုတ်သလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့အတွက်ပါ ။ )

၅ ။ သင့်ရဲ့ ဦးခေါင်းကို နှလုံးရဲ့ အထက်မှာ ရှိနေပါစေ ။

၆ ။ ဆေးလိပ် လုံးဝမသောက်ပါနဲ့ ။

၇ ။ ၂၄ နာရီအတွင်း ပူလွန်းတဲ့ အရည်တွေမသောက်ပါနဲ့ ။ အေးသော ပျော့သော အစာများသာစားပါ ။

၈ ။ Aspirin , Ibuprofen , Clopidogrel bisulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကို ရှောင်ပါ ။ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆရာဝန်ကို ဆက်သွယ်ပြီး ဆေးသောက်တာ ရပ်သင့် မရပ်သင့် အကြံဉာဏ်တောင်းပါ ။

၉ ။ အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ လက်ညှိုးနဲ့ ညှစ်ထုတ်ခြင်းအားဖြင့် ဖယ်ရှားပါ ။ ယာယီအားဖြင့် Afrin သို့မဟုတ် Neo-Synephrine

ကဲ့သို့ စပရေးတွေကို သုံးနိုင်ပါတယ် ။ ဒီစပရေးတွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်တွေတက်နေရင်တော့ မသုံးသင့်ပါဘူး ။

၁၀ ။ အကယ်၍ သွေးမရပ်သေးဘူးဆိုရင် ဆရာဝန်ရဲ့ ကုသမှုကို စနစ်တကျခံယူပါ။

 

Ref:

သက်တန့်ချို (၁၁း၃၀ ည ၄.၁၁.၀၉)

Public Health in Myanmar

Tuesday. November 10.2009

Source;

Medicinenet; Wikipedia

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18