Print

ရင်ဘတ်အောင့်ခြင်းကို သက်သာစေမည့်နည်းလမ်းများ

  30-Oct-2016
Preview Image

အကြောင်းအမျိုးမျိုးကြောင့် ရင်ဘတ်အောင့်လေ့ ရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း ကတော့ အများဆုံးဖြစ်ပါတယ်။ဤကဏ္ဍလေးမှာတော့ ကျွန်ုပ်တို့၏ နှလုံးကို မည်သို့ ဂရုစိုက်ပေးသင့်ကြောင်း တင်ပြလိုပါသည်။

၁။ ဆေးလိပ်မသောက်ပါနဲ့။ ထို့ပြင် ဆေးလိပ်ငွေ့များမရှူမိစေရန်လည်းသတိပြုပါ။ ဆေးလိပ်သည် နှလုံးရှိသွေးကြောများကို ကျဉ်းစေပါသည်။

၂။ သွေးပေါင်ချိန်ထိန်းပါ။ သွေးတိုးခြင်းသည် နှလုံးရောဂါဖြစ်ပွားနှုန်းကို မြင့်စေပါသည်။အစားအစာ၊ လေ့ကျင့်ခန်း၊ ဆေးဝါးတို့နှင့်သွေးပေါင်းချိန်ထိန်းပေးပါ။

 

၃။ ဆီးချိုရောဂါရှိခြင်းသည်လည်း နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်စေသောကြောင့် ဆရာဝန်နှင့် တိုင်ပင်၍ဆီးချိုကိုထိန်းညှိပေးရန်လိုပါသည်။

 

၄။ သွေးအတွင်းရှိ ကိုလက်စရောဟုခေါ်သည့် အဆီဓာတ်ကို ထိန်းညှိပေးပါ။ ထိုလက်စရောသည် သွေး ကိုပျစ်စေသည်။ မကောင်းပါ။ HDL ဟုခေါ်သည့်

ကောင်းသော ကိုလက်စရောက နှလုံးရောဂါကို ကာကွယ်ပေးသည်။ LDL ဟုခေါ်သည့် မကောင်းသော ကိုလက်စရောက နှလုံးရောဂါကို ဖြစ်စေသည်။ နှလုံး ရောဂါဖြစ်ခြင်းမှ ကာကွယ်ရန် အဆီလျှော့စား၍ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

 

၅။ ကိုယ်အလေးချိန်မတက်အောင် ကြိုးစားနေထိုင်ပါ။ အဝလွန်ခြင်းသည်နှလုံးသွေးကြောကျဉ်း ရောဂါ သာမက အခြားဆိုးရွားသော ရောဂါကိုဖြစ်စေနို်င်သည်။ လွယ်ကူ သော လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အဆီ (၀က်ဆီ၊ စားအုန်းဆီ) လျှော့စားပါ။ အသီးအရွက်များများ စားခြင်းသည် နှလုံးကို ကျန်းမာစေပါသည်။ ငါးကြီးဆီကိုပုံမှန်မှီဝဲခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ ကိုကာကွယ်နိုင်ပါသည်။

 

၆။ မလိုအပ်သော စိုးရိမ်ပူပန်မှုကို လျှော့ပေးပါ။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများက စိတ်ဖိစီးမှု လျှော့ ကျစေခြင်းတွင် များစွာ အထောက်အကူပြုပါသည်။

 

၇။ လိုအပ်လျှင် ဆရာဝန်နှင့် တိုင်ပင်၍ သွေးကျဲဆေးများ ပုံမှန်မှီဝဲသင့်ပါသည်ဟု အကြံပြုလိုက်ပါ သည်။

 

ဒေါက်တာ ခြူးမျက်ချယ်

၆.၁၀.၂၀၁၅

Ref: WebMD

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18