Print

ကိုယ်အလေးချိန်လျှော့ချ၍ ခေါင်းကိုက်ဝေဒနာရခြင်းကို ကုသနည်း (၅) မျိုး

  15-Aug-2019
Preview Image

ဝလို့ပဲဖြစ်ဖြစ်၊ လှချင်လို့ပဲဖြစ်ဖြစ် ကိုယ်အလေးချိန် လျှော့ချသူများမှာ ခေါင်းကိုက်ဝေဒနာ ဝင်လာတတ်လို့ ဘေးထွက်ဆိုးကျိုးတစ်မျိုးနဲ့ တိုးခြင်းလို့ ဆိုနိုင်ပါတယ်။

          ကိုယ်အလေးချိန် လျှော့ချရုံနဲ့ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါသလား။ ယူအက်စ် အမျိုးသား ခေါင်းကိုက်ဝေဒနာ လေ့လာရေးအဖွဲ့က အာဟာရနဲ့ ဆက်စပ်တဲ့ ပြဿနာဖြစ်လို့ ဦးခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာရဲ့ ၃၀ ရာခိုင်နှုန်းထဲမှာ ပါဝင်နေပြီး ဝေဒနာမပြင်းထန်တဲ့ ခေါင်းကိုက်ခြင်းမျိုးလည်း ခံစားနိုင်တယ်လို့ဆို သွားပါတယ်။

          ဒါဆိုရင် အာဟာရကြောင့် ဘာဖြစ်လို့ ခေါင်းကိုက်ရတယ်ဆိုခြင်းနဲ့ ကုသနည်း ငါးမျိုးသုံးပြီး ဘယ်လိုလွယ်ကူစွာ ဆောင်ရွက်နိုင်တယ်ဆိုတာ တင်ပြပါရစေ။


၁။ ကိုယ်စားသုံးနေတဲ့ အာဟာရဓာတ်စာများကို လိုတာထက်ပိုပြီး ကန့်သတ်ချက် မထားသင့်ပါ။

          စားသောက်ချိန် တစ်ချိန်နဲ့တစ်ချိန် အချိန်များစွာ ခွာခြားထားခြင်း (သို့) အချိန်မှန်စွာ မစားသုံးခြင်းက ခန္ဓာကိုယ်တွင်း ရှိသွေးနဲ့ ဂလူးကို့စ်တို့ ပုံမှန်မျှတစွာ ရှိနေတဲ့အဆင့်မှာ မရှိစေတော့ဘဲ ကိုယ်ခန္ဓာကို ဆာလောင်တဲ့ အခြေအနေ မဖြစ်မနေ ရောက်သွားစေတယ်။ သည်ကနေ စိတ်ဖိစီးမှုဖြစ်တိုင်း ကိုယ်ခန္ဓာရဲ့ တုံ့ပြန်ချက်ဖြစ်စဉ်နဲ့ တူညီတဲ့ ဟော်မုန်းများနဲ့ ဦးနှောက် ဓာတုပစ္စည်းများကို ရေတံခွန်လိုကျလာအောင် လုပ်ဆောင်လိုက်သလို ဖြစ်သွားတယ်။ ပြီးသွားတော့လည်း ခေါင်းကိုက်တာကအစ အခြားလက္ခဏာများဖြစ်တဲ့ တုန်တုန်ချည့်ချည့်ဖြစ်ခြင်း၊ အားနည်းသွားသလို ဖြစ်ခြင်းတွေပါ ပျောက်ကင်းသွားတာ တွေ့ရပါမယ်။


မှတ်ရန်

သတိအမြဲရှိဖို့က နံနက်စာ၊ နေ့လည်စာ၊ ညနေစာ စားတဲ့အချိန် ခွာထားချက်ကို လေးနာရီထက်ပိုပြီး မထားသင့်လို့ဆိုပါတယ်။ ကြားကာလမှာ ဆာရင် အဆာပြေ ဘီစကစ်မုန့်၊ ဗန်ဒါစေ့လို အခွံမာ အသီးများ စားသုံးနိုင်ကြောင်း ဆိုပါတယ်။


၂။ ရေဓာတ်နဲ့ စိုပြည်နေပါစေ။

          ကိုယ်ခန္ဓာမှာ ရေဓာတ်ခန်းခြောက်ခြင်းက ကိုယ်အလေးချိန်ကျစေသလို ခေါင်းကိုက်ခြင်းကိုလည်း ဖြစ်စေပါတယ်။ ကျွမ်းကျင်ပညာရှင်များသော်မှ ဘာကြောင့်ဆိုတာ တိကျစွာ မသိရှိကြသေးပါ။ ဦးနှောက်ထဲက သွေးကြောများကျဉ်းသွားလို့လား သို့မဟုတ် ဦးနှောက်က ထောက်ပံ့ပို့ဆောင်ပေးနေတဲ့ သွေးနဲ့အောက်ဆီဂျင် လျော့နည်းသွားလို့လား။ လျှပ်စစ်ဓာတ်စီးစေတဲ့ အရာများလုံလောက်စွာ မရရှိရင်လည်း ရေခန်းခြောက်ပြီး ခေါင်းကိုက်စေပါတယ်။ သည့်ပြင် ရေခန်းခြောက်ခြင်းက ကိုယ်အလေးချိန်ကျဖို့ ကြိုးစားရာမှာလည်း အားမပါဘဲ နှေးကွေးသွားစေပါတယ်။ သုတေသနပြုချက်အရ ရေငတ်ခြင်းနဲ့ ဆာလောင်ခြင်းတို့ဟာ လွယ်ကူစွာ ရောထွေးသွားနိုင်လို့ အစားပိုစားခြင်းဘက် ဖြစ်သွားနိုင်ပါတယ်။

မှတ်ရန်

ရေငတ်ချိန်ရောက်ရင် ကိုယ်ခန္ဓာမှ ရေဓာတ်ဆုံးရှုံးခြင်း အနည်းငယ်ဖြစ်နေပြီမို့ ရေ (သို့) လက်ဖက်ရည်ကို သောက်သုံးပေးရပါမယ်။ အစာစားချိန်တိုင်း ရေတစ်ဖန်ခွက်သောက်ဖို့နဲ့ ကြားကာလ အချိန်တွေမှာလည်း ရေသောက်ဖို့ လိုပါမယ်။


၃။ ကဖင်းကို ဖြည်းဖြည်းချင်းဖြတ်ပါ

          ကိုယ်ခန္ဓာသွယ်လျလှပဖို့ လုပ်ဆောင်ရာမှာ ဖျော်ရည်နဲ့ ကော်ဖီသောက်သုံးခြင်း မပြုဖို့ပါဝင်ရင် ကဖင်းနဲ့ ပတ်သက်ပြီး အဆင်မပြေမှုနဲ့ ကြုံနိုင်တယ်။ ကျန်းမာရေးဘက် ကျွမ်းကျင်ပညာရှင်များ အဆိုအရ ရေရှည် ကဖင်းသောက်သုံးလာသူများအဖို့ အရေအတွက် ထက်ဝက်လောက်က ကဖင်းကို ရုတ်ခြည်းဖြတ်တောက်လိုက်ရင် ခေါင်းကိုက်ဝေဒနာနဲ့ အခြားနေလို့ ထိုင်လို့ မကောင်းတဲ့ အခြေအနေမျိုးတွေ့ကြုံနိုင်တယ် ဆိုပါတယ်။

မှတ်ရန်

          ကဖင်းကို ရုတ်ခြည်းမဖြတ်ပါနဲ့။ တစ်ခါ နည်းနည်းလျှော့သုံးခြင်းဖြင့် တဖြည်းဖြည်း ဖြတ်သွားပါ။ တကယ်တော့ ကဖင်းက အာဟာရအတွက် အန္တရာယ်မဟုတ်ပါ။ ဖျော်ရည်အချို့နဲ့ ကော်ဖီသောက်သုံးရာမှာ သကြားနဲ့ နို့အစားအခြားပစ္စည်းကိုသာ သုံးထားခြင်းပါ။ ကိုယ်အလေးချိန်ချနေသူများအတွက် တစ်နေ့ကို ကဖင်းတစ်ခွက် သောက်သုံးခြင်းက သင့်မြတ်ပါတယ်။ ဒါပေမယ့် မလိုင်ပါတဲ့ နို့အစား ရိုးရိုးနို့ကို သုံးဖို့နဲ့ အနံ့အရသာယူတဲ့ ဖျော်ရည်မျိုးနဲ့ မွှေနှောက်ခေါက်ယူထားတဲ့ ခရင်မ်များကို ရှောင်ကြဉ်ဖို့ လိုပါတယ်။


၄။ လေ့ကျင့်ခန်းကို ပုံမှန် သင့်တော်စွာ ပြုလုပ်ပါ။

          လေ့ကျင့်ခန်းကို စပြီး ယူသူ (သို့) နဂိုလုပ်နေကျထက်ပိုပြီး ပြင်းထန်စွာလုပ်ရင် လေ့ကျင့်ခန်းကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ လေ့ကျင့်ခန်း မပြီးမီ (သို့) အပြီးမှာ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိချင်မှ သိပါမယ်။ ဒါပေမယ့် ဦးနှောက်ထဲရှိ သွေးကြောများ ပြောင်းလဲခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ကမ္ဘာကျော် မေရို (Mayo) ဆေးကုဌာနက ဆိုပါတယ်။

မှတ်ရန်

လေ့ကျင့်ခန်း မစမီ သွေးပူလေ့ကျင့်ခန်းကို အမြဲလုပ်ပါ။ ဒါမှ သက်သာစွာ လှုပ်ရှားနိုင်ပါမယ်။ လိုအပ်တာထက် ပိုပြီး လွန်ကျွံစွာ မပြုလုပ်ပါနဲ့။


၅။ သဘာဝ မဟုတ်တဲ့ အချိုများကို ရှောင်ကြဉ်ပါ။

          ဆီရက်တာလ်ရှိ ဝါရှင်တန် တက္ကသိုလ်ရဲ့ လေ့လာချက်အရ အချို့လူတွေမှာ အက်စ်ပါတမိ (Aspartame) ကို သီးသန့်ထူးခြားစွာ ခံစားသိရှိနိုင်ကြပါတယ်။ ဒါနဲ့ပဲ ဦးခေါင်းကိုက်ခြင်းကို ဖြစ်စေတယ်။ အက်စ်ပါတမိကို အာဟာရဖျော်ရည် အချို့နဲ့ အစားအစာများမှာ တွေ့ရှိနိုင်ပါတယ်။

မှတ်ရန်

          သဘာဝမဟုတ် အချိုတုတွေကြောင့် ခေါင်းကိုက်ခြင်း ဖြစ်တယ်လို့ သံသယရှိရင်အစားအစာ ဂျာနယ်ကို လက်စွဲထားပြီး ဖြစ်နိုင်ခြေများကို ချင့်ချိန်ရပါမယ်။ လက်ဖက်ရည်နဲ့ ကော်ဖီများကိုလည်း ပျားရည်ကို ပြောင်းလဲသုံးစွဲသင့်တယ်။ သုတေသနပြုချက်အရ အဆီကို ထုတ်ပယ်ပေးနိုင်တဲ့ သတ္တိရှိပြီး သကြားထက် ကျန်းမာစေတယ်လို့ ဆိုပါတယ်။

Credit : စိုင်းခွန်ကျော်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                      



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18