Print

မှတ်ဉာဏ် အားနည်းသူများအတွက် သဘာဝ ဆေးစွမ်းကောင်းများ

  06-Aug-2019
Preview Image

အခွံမာသီးစားပါ

ဆိမ့်တဲ့ အဆန်ပါပြီး အစိမ်းရောင်ရှိတဲ့ အခွံမာသီးတစ်မျိုးကို မှတ်ဉာဏ်အားကောင်းစေဖို့ မှီဝဲသင့်ပါတယ်။ Thiamine ဆိုတဲ့ အရည်တစ်မျိုးကြွယ်ဝစွာ ပါဝင်ထားတဲ့အတွက် နေ့စဉ်မိမိစားသုံးတဲ့ အစားအစာထဲမှာ ဒီအခွံမာသီးကို ဖန်ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံခန့်ကို ထည့်ပြီး သုံးစွဲပေးနိုင်ပါတယ်။


ဂျုံနဲ့ ပြုလုပ်တဲ့ မုန့်တွေကို မနက်စာအဖြစ်စားပါ။

ဂျုံစေ့တွေမှာ ဗီတာမင်အီး ပါဝင်ထားလို့ မှတ်ဉာဏ်တွေကို အားကောင်းအောင် ကူညီပေးနိုင်ပါတယ်။ အသက်ငယ်ပေမယ့် မှတ်ဉာဏ်အားနည်းတာတွေ ၊ မကြာခဏ မေ့လွယ်တဲ့ သူတွေဟာ မနက်စာအဖြစ် ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစာတွေကို စားပေးသင့်ပါတယ်။ ကွေကာအုပ်လိုမျိုး ဒါမှမဟုတ် ဒိန်ချဉ်လိုမျိုး smoothie လို့ခေါ်တဲ့ အသီးဖျော်ရည် အပျစ်လိုမျိုးနဲ့ တွဲဖက်စားပေးနိုင်ပါတယ်။


မှတ်ဉာဏ် အားကောင်းအောင် လေ့ကျင့်ပေးပါ

မိသားစုဝင်တွေအတွက် အိမ်မှာ ချက်ပြုတ်ပေးရတဲ့အခါမှာ သူတို့ရဲ့ အကြိုက်တွေကို ဟင်းချက်နည်း စာအုပ်ကြည့်ပြီး ချက်တာမျိုးမလုပ်ဘဲ ဦးနှောက်နဲ့ မှတ်တဲ့ အလေ့အကျင့် ကို ကျင့်ပေးပါ။ ဟင်းချက်တဲ့အခါ ပြုလုပ်နည်းအဆင့်ဆင့်တွေ၊ ပါဝင်ပစ္စည်းတွေကအစ ကိုယ်ဘယ်လောက် မှတ်မိနေသလဲဆိုတာကို ဟင်းချက်နည်း စာအုပ်မဖွင့်ခင်မှာ အရင်စာရွက်မှာ ချရေးကြည့်ပါ။ ဒီလို မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် မိမိရဲ့ မှတ်ဉာဏ်အားကို တိုးတက်ကောင်းမွန်လာစေမှာပါ။


ဂေါ်ဖီထုပ်ရဲ့အစွမ်း

ဂေါ်ဖီထုပ်လို အမျိုးအစား အရွက်ထုပ်ဟင်း အပင်တစ်မျိုးဟာ မှတ်ဉာဏ်အားနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက် အားကောင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီ ဟင်းရွက်ထုပ်ကို ချက်ပြုတ်စားသောက်နိုင်သလို အရည်အဖြစ်ပြုလုပ်ပြီးလည်း သုံးစွဲနိုင်ပါတယ်။ ဟင်းရွက်တွေကို ခြွေပြီး အဝကျယ်တဲ့ အိုးအသေးတစ်လုံးထဲကို ထည့်ပြီး ရေမြုတ်ရုံထည့်ပါ။ အဖုံးဖုံးပြီး လက်ကိုင်ပါတဲ့ ဒန်အိုးပေါ်မှာ ဆင့်ထည့်လိုက်ပါ။ ရေထည့်ပြီး နှစ်နာရီခန့် ကြာအောင်ပြုတ်ထားပေးပါ။ ပြီးမှ အရွက်ပါတဲ့ အိုးကိုချပြီး အရွက်ကို အရည်ထွက်အောင် သေချာစွာ ညှစ်ထုတ်ပေးပါ။ ရလာတဲ့ အရွက်ပြုတ်ရည်ကို တစ်နေ့ကို သုံးဇွန်း သောက်ပေးပါ။


ရေရှည်မှာ မှတ်ဉာဏ်အားကောင်းအောင် လေ့ကျင့်နည်း

          အသက်အရွယ်ရလာတဲ့ အခါကျရင် မှတ်ဉာဏ်အားတွေ လျော့ကျလာတာ သဘာဝဆိုပေမယ့် ရေရှည်မှာ အဆင်ပြေအောင် မိမိရဲ့ မှတ်ဉာဏ်စွမ်းအားကို အမြဲတိုးတက်အောင် အိမ်ကမိသားစုဝင်တွေဆီက အကူအညီလည်း လိုအပ်ပါတယ်။ သူတို့တွေကို မီးဖိုချောင်သုံး ပစ္စည်းတွေထဲက မိမိမသိအောင် အပြင်ဘက်ကို ပစ္စည်းတစ်ခု၊ နှစ်ခုယူသွားခိုင်းပါ။ နောက်နေ့ မီးဖိုချောင်ဝင်တဲ့အခါကျရင် မိမိသုံးမယ့် ပစ္စည်းတွေထဲက ဘယ်ပစ္စည်းက မရှိသလဲဆိုတာ မိမိဘာသာ စစ်ဆေးပြီး မှတ်မိအောင် လေ့ကျင့် ပေးသွားနိုင်ပါတယ်။


မှတ်ဉာဏ်အား ကောင်းစေဖို့ ဘယ်ရီသီးစားပါ

          အပြာရောင် ဘယ်ရီသီးတွေထဲမှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဦးနှောက်အား ကောင်းစေဖို့ စွမ်းဆောင်ပေးပါတယ်။ ဒီအတိုင်း အစိမ်းသီးစားပေးနိုင်သလို ချက်ပြုတ်ပြီးလည်း စားပေးနိုင်ပါတယ်။ ဖျော်ရည် အပျစ်အနေနဲ့လည်း ဖျော်သောက်နိုင်သလို အချိုပွဲအဖြစ် ထည့်သွင်းစားသုံးပေးပါ။


မုန်လာဥနီ ဖျော်သောက်ပါ

မှတ်ဉာဏ်အား တိုးမြင့်စေဖို့ မုန်လာဥနီထဲမှာ ပါဝင်တဲ့ betacarotene ဓာတ်က အထောက်အပံ့ ဖြစ်စေတာပါ။ ဒီပြင် တရုတ်ဆီးသီးမှာလည်း ဒီစွမ်းအားတွေပါ ရှိပါတယ်။ တရုတ်ဆီးသီးနဲ့ မုန်လာဥနီကို ရောပြီး ဖျော်ရည်ကြိတ်စက်နဲ့ ဖျော်ပြီး သောက်ပေးပါ။ နှစ်သက်ပါက နေ့စဉ် မှီဝဲပေးနိုင်ပါတယ်။


ဗီတာမင်နဲ့ သတ္ထုဓာတ် ကြွယ်ဝတဲ့ ရုံးပတီသီး အစွမ်း

မှတ်ဉာဏ်အားနဲ့ ဦးနှောက်ကြည်လင်လန်းဆန်းစေဖို့ ရုံးပတီသီးမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာ ပါရှိနေပါတယ်။ ဒီပြင် ကန်စွန်းဥနဲ့ ဟင်းနုနယ်ပင်မှာလည်း ဒီဓာတ်တွေပါရှိတာကြောင့် မိမိနှစ်သက်ရာကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ဖို့ တိုက်တွန်းထားပါတယ်။


ကြက်ဥ၊ ဘဲဥလည်း မှီဝဲပါ

ကြက်ဥ၊ ဘဲဥတွေထဲမှာ lecithin ပါဝင်လို့ဦးနှောက် ကောင်းအောင် စွမ်းဆောင်ပေးမယ့် ဆဲလ်တွေကို နိုးဆွပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ ဥကို နေ့စဉ်မဟုတ်ရင်တောင် ရက်ခြား တစ်ခါစားပေးပါ။ ကြော်စားမယ်ဆိုပါက ပဲဆီ ဒါမှမဟုတ် နေကြာဆီကို အသုံးပြုပေးပါ။ ဒီအဆီတွေက လက်စီသင်ဓာတ် လျော့ပါးအောင် ကူညီပေးစေပါတယ်။


လက်ဖက်စိမ်း ရေနွေးကြမ်း သောက်သုံးပါ။

မှတ်ဉာဏ်အား တိုးမြှင့်စေဖို့ green tea သောက်ပြီး ငါးမိနစ်၊ ၁၀ မိနစ်ခန့် ဖြေရှင်းရခက်ခဲတဲ့ puzzle ကစားနည်းတွေထဲက တစ်မျိုးမျိုးကို မိမိဘာသာဖြစ်စေ၊ အဖော်နဲ့ ဖြစ်စေကစားပေးရင်းနဲ့ မှတ်ဉာဏ်အားတွေ ကောင်းမွန်စေပါတယ်။

Credit : နန်းအိမ့်ခမ်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18