Print

ဝက်ရူးပြန်-အတက်ရောဂါ (Epilepsy)

  13-Aug-2019
Preview Image

ဝက်ရူးပြန်-အတက်ရောဂါဟာ ဦးနှောက်ရောဂါတစ်ခု ဖြစ်တယ်။ စိတ်ရောဂါမဟုတ်ပါ။ Neurons ဆိုတဲ့ အာရုံကြောအစုကနေ မှားတဲ့သတင်းအချက်အလက်တွေ ပို့လွှတ်လိုက်လို့ မတော်တဲ့ အာရုံခံမှု၊ စိတ်ထဲဖြစ် ပေါ်မှုနဲ့ ကြွက်သားတွေ ပြင်းပြင်းထံထံ ကွေး-ဆန့်စေပြီး၊ သိတိလက်လွတ် ဖြစ်စေတယ်။ ဖြစ်စေတဲ့အ ကြောင်းခံတွေများတယ်။
- ဖျားနာတာ၊
- ဦးနှောက် ထိခိုက်မိတာ။
- ဦးနှောက် ဖွံ့ဖြိုးမှု မမှန်တာ၊
- ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါဖြစ်တောထဲမှာ ဒီရောဂါလဲပါနေတယ်။
- တခြားဟာတွေပါ ရှိနိုင်တယ်။

ကုသတာ ချက်ချင်းလုပ်ရတယ်။ တခါလောက် တက်တာနဲ့တော့ ဒီရောဂါလို့ ပြောမရသေးဘူး။ မကူးစက်ပါ။ ဖျားလို့တက်တာလို တခါတက်တခါ ဦးနှောက်ကို ထိခိုက်မှာမဟုတ်ပါ။ မတက်သ၍ လုံးဝလူကောင်းပါ ဘဲ။ တယောက်မှာ ဒီရောဂါရှိနေရင် အတူနေ၊ အတူသွား၊ အတူကစား၊ အတူစာသင်ကြားသူများ သိထားရမယ်။


- တက်တယ်ဆိုရင် ဘေးကလူတွေ ပြာပြာသလဲ မဖြစ်ပါနဲ့။
- ဖြစ်နေတဲ့လူကို နေရာမရွေ့ပါနဲ့။
- သူလှုပ်ရှားနေသမျှ ရပ်တန့်အောင် လုပ်ဘို့ မကြိုးစားပါနဲ့။
- သူပြန်သတိရလာအောင်ဆိုပြီး အော်ပြီး ခေါ်မနေနဲ့။
- အတင်းနှိပ်-ချိုးတာ မလုပ်ပါနဲ့။
- သူ လိမ့်ကျမှာ ထိခိုက်မှာ စတာတွေသာ ဖယ်ရှာပေးပါ။
- သူ့ကို ဘေးတဖက်လှည့်ပေးပါ။ ပါးစပ်ထဲက ထွက်တာ၊ အန်တာတွေ သူ့လေလမ်းထဲ ဝင်မသွားအောင် ဖြစ်ပါတယ်။
- ခေါင်းအုံးစရာတခုခု လုပ်ပေးပါ။
- သူ့ပါးစပ်ကို အတင်းဟဘို့ မကြိုးစားပါနဲ့။ ပါးစပ်ထဲ တခုခုထည့်ဘို့ မလုပ်ပါနဲ့။ ဒါက နောက်ဆုံး လက်ခံတဲ့ နည်း ဖြစ်တယ်။ အရင်က လျှာမကိုက်မိအောင် ပါးစပ်ထဲကို တခုခု ထည့်ပေးတယ်။ (ဂျူလီယက်ဆီဇာ) မှာ ဒီရောဂါရှိလို့ အဲလိုလုပ်တာကို (ကလီယိုပက်ထရာ) ဇာတ်ကားထဲမှာ ပြတယ်။

• အတက်မှန်သမျှ အများစုဟာ မသေစေပါ။ ဆရာဝန် ပြေးခေါ်စရာတောင် မလိုတတ်ပါ။
• ၅ မိနစ်နေလို့မှ သတိမရ-အတက်မရပ်ရင် ခေါ်ပါ။
• သူအတက်ရပ်ရင် စိတ်တွေ ရှုတ်ထွေး၊ မကြည်မလင် ဖြစ်နေလိမ့်မယ်။ အသာ အိပ်ပါ နားပါစေ။
• ဆေးဆောင်ထားပါ။ နေ့တိုင်း သောက်သင့်တယ်။ နေ့တိုင်း သောက်ရမဲ့ ဆေးကို မေ့သွားရင် သတိရချိန်မှာသောက်ပါ။ ဒီနေ့တက်လို့ ပိုသောက် စရာမလိုပါ။ ဆရာဝန်ကလိုမှ တိုးပေးပါလိမ့်မယ်။
• ဆရာဝန်တွေကနေ EEGs and brain scans လုပ်ပြီး စစ်ကြည့်တယ်။
• ပျောက်အောင်တော့ မလုပ်နိုင်ပါ။
• ထိန်းလို့ရပါတယ်။
• ဆေးတွေနဲ့မရရင် ခွဲစိတ်တာလဲ လုပ်ပါသေးတယ်။
• Vagus nerve stimulation နည်းက ရင်ပတ်မှာ တပ်ပေးမဲ့ ကရိယာလေးကနေ လျှပ်စစ်ပို့ပေးနေမယ်။
• ကိုယ်ဝန်ဆောင်ချိန် အတက်ကြမ်းရင် အထဲကကလေး ထိခိုက်နိုင်တယ်။
• အတက်ဆေးတွေကလဲ ကလေးဆီ ရောက်လို့ ဆရာဝန်နဲ့ ညှိရမယ်။
• အတက်ရပ်ဆေးတချို့နဲ့ ကိုယ်ဝန်တားဆေး တွဲမရေးရတာရှိတယ်။
• တချို့နိုင်ငံတွေမှာ ဒီရောဂါရှိရင် ကားမောင်းခွင့် မပေးဘူး။
• အင်းယားကန်မှာ ရေကူးတယ်လို့ သတင်းထွက်ခဲ့တဲ့ ဂျွန်ဝီလျှံယက်တော ဝက်ရူးပြန် ရောဂါကြောင့် အင်းစိန်ထောင်ကနေ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနကို ဆေးလာကုသေးသတဲ့။
• မြန်မာတိုင်းရင်းဆေးနည်းတွေမှာ မြင်းခွာရွက်၊ သနပ်ခါးအရွက်၊ ငှက်ပျောသီးတွေသုံးတာ ဖတ်ရတယ်။
• အစားအစာ အရေးပါတယ်။ Ketogenic diet ခေါ်တယ်။ အဆီများပြီး၊ ကယ်လိုရီနဲတာ စားရတယ်။

ကမ္ဘာမှာ ဒီရောဂါသည်ပေါင်း သန်း ၅ဝ ရှိတယ်။ ၉ဝ% က ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ နေကြတယ်။ ရောဂါခွဲ အမျိုးအစားပေါင်း ၄ဝ ရှိတယ်။ အရင်တုံးက ကျိန်စာသင့်ခံရသူလို့ ယူဆခံခဲ့ကြရတယ်။ ဆိုးဝါးလွန်းတဲ့ စိတ်ဝေဒနာသည်တွေ၊ကုမရတဲ့ဆစ်ဖလစ် ရောဂါသည်တွေနဲ့အတူ သူတို့ကို ချုပ်နှောင်ထားခဲ့ဘူးတယ်။ အခုထိလဲ (တန်ဇန်နီးယား) နဲ့ တခြား အာဖရိကားနိုင်ငံတွေမှာ မကောင်းဆိုးဝါး ပြုစားခံရသူတွေလို့ မှတ် ယူကြတုံးဘဲ။ ဝက်ရူးပြန်ဆိုတဲ့ မြန်မာလိုအခေါ်ကိုလဲ အတက်ရောဂါလို့ ပြောင်းသင့်တယ်။

Credit : Dr. တင့်ဆွေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18