Print

စိတ်ကျရောဂါဟု ရောဂါသတ်မှတ်ချက်

  11-Aug-2019
Preview Image

စိတ်ကျရောဂါဟု အလွယ်တကူ သတ်မှတ်နိုင်သည့် အမေရိကန် စိတ်ရောဂါအသင်း၏ ရောဂါသတ်မှတ်နည်းကို တင်ပြလိုပါသည်။ ဤနည်းတွင် ရောဂါလက္ခဏာ ကိုးမျိုးကို ဖော်ပြထားပြီး ယင်းလက္ခဏာများအားလုံး (သို့) အချို့ရှိနေလျှင် စိတ်ကျရောဂါဖြစ်နေသည်ဟု သတ်မှတ်နိုင်ပါသည်။

၁။ အလွန်အမင်း မပျော်မရွှင်ဖြစ်ကာ ကြေကွဲဝမ်းနည်းနေခြင်း၊ စိတ်တိုစိတ်ဆတ်လာခြင်း၊ စိုးရိမ်စိတ်များနေခြင်း၊

၂။ လိင်ကိစ္စအပါအဝင် ယခင်က ပျော်ရွှင်ခဲ့ဖူးသော အရာများကို စိတ်ဝင်စားမှုမရှိတော့ခြင်း၊ ပျော်ရွှင်မှု ဆိတ်သုဉ်းသွားခြင်း၊

၃။ အိပ်မပျော်ခြင်း၊ သန်းခေါင်ကျော်လျှင် နိုးနေတတ်ခြင်း (သို့) အလွန်အမင်း အိပ်စက်နေခြင်း၊

၄။ အစားအသောက် စားချင်စိတ်မရှိခြင်း (သို့) ပိုမိုစားသောက်လာခြင်း၊

၅။ မောပန်းခြင်း၊ အားအင်ကုန်ခန်းနေခြင်း၊

၆။ လှုပ်ရှားမှုနှေးကွေးလာခြင်း (သို့) ရပ်တည်ရာမရ ဂနာမဲငြိမ်ဖြစ်နေခြင်း၊

၇။ ကိုယ့်ကိုယ်ကို အပြစ်မြင်ခြင်း၊ တန်ဖိုးမရှိ၊ အသုံးမကျတော့ဟု ခံစားလာရခြင်း၊ (သို့) တွယ်ရာမဲ့ဖြစ်နေပြီဟု ခံစားရခြင်း၊

၈။ အာရုံစိုက်၍မရခြင်း၊ ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း၊

၉။ မျှော်လင့်ချက်ကုန်ဆုံးသွားပြီး ဘဝသည် တန်ဖိုးမဲ့နေသည်ဟု ခံစားလာရခြင်း၊ သေချင်စိတ်ပေါ်လာခြင်း၊ သေကြောင်းကြံစည်ခြင်း၊

မှတ်ချက်။ ။ အထက်ပါလက္ခဏာများကို နေ့စဉ်ရက်ဆက် သီတင်းနှစ်ပတ်ကျော် ခံစားနေရခြင်း ဖြစ်ရပါမည်။ ထို့ပြင် အခြားစိတ်ရောဂါများကြောင့်လည်းကောင်း၊ ခန္ဓာကိုယ်ရောဂါများကြောင့်လည်းကောင်း ဤလက္ခဏာများ ပေါ်ပေါက်လာခြင်းမဖြစ်ရပါ။ ဥပမာ-စိုးရိမ်စိတ်လွန်ရောဂါတွင် စိတ်ကျသည့်လက္ခဏာများ ယှဉ်တွဲဖြစ်ပေါ်လာတတ်သကဲ့သို့ ကင်ဆာကဲ့သို့သော ဆိုးရွားသည့် ခန္ဓာကိုယ်ရောဂါများကြောင့်လည်း နောက်ဆက်တွဲအဖြစ် ဤလက္ခဏာများကို ခံစားရတတ်ပါသည်။

လုံးဝပျောက်ကင်းနိုင်
စိတ်ကျရောဂါသည် စနစ်တကျ ကုသလျှင် လုံးဝပျောက်ကင်းနိုင်သော ရောဂါဖြစ်ပါသည်။ ယခုအခါ ခေတ်မီအစွမ်းထက်သော ဆေးဝါးများနှင့် ကုထုံးနည်းသစ်များ ပေါ်ပေါက်နေပြီဖြစ်ပါသည်။ ကုထုံးနည်းများစွာ ထဲမှ လက်တွေ့အသုံးပြုနိုင်သော နည်းအချို့ကို တင်ပြလိုပါသည်။

Credit : ဒေါက်တာဟန်စိန်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18