Print

မျက်နှာပေါ်က ချွေးပေါက်တွေ ဘာကြောင့်ကျယ်

  11-Aug-2019
Preview Image

ချွေးပေါက်လေးတွေအကြောင်း
- ချွေးပေါက်ကျယ်တွေကို အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေမှာ တွေ့ရတတ်တယ်နော်။
- အထူးသဖြင့် မျက်နှာရဲ့T ဇုန်နေရာတွေနဲ့ ပါးတွေမှာပေါ့။
- တကယ်တော့ ချွေးပေါက်တွေဟာ အရေပြားရဲ့ နှာခေါင်းပေါက်တွေလိုပဲမို့ အရေပြားအသက်ရှူဖို့ မရှိမဖြစ် လိုအပ်တယ်လေ။
- ချွေးပေါက်တွေဟာ အရေပြားက လိုအပ်တဲ့အာဟာရတွေ၊ ဗီတာမင်တွေနဲ့ အစိုဓာတ်ကို စုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။
- ပြီးတော့ ချွေးပေါက်လေးတွေကနေတဆင့် အဆီတွေထွက်လာပြီး အရေပြားချောမွေ့အောင် လုပ်ပေးသလို အရေပြားကို ကာကွယ်တဲ့ အလွှာပါးလေးအနေနဲ့ ဆောင်ရွက်ပေးပါတယ်။

- ပြီးတော့ ချွေးတွေထွက်စေပြီး အရေပြားက မလိုအပ်တဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးပြန်ပါတယ်။
- ဒါကြောင့် ချွေးပေါက်လေးတွေရှိနေတာ အရမ်းကောင်းတာပေါ့နော်။
- ဒါပေမယ့် ချွေးပေါက်တွေ အရမ်းကျယ်နေရင်တော့ ချွေးပေါက်ထဲကို ဖုန်တွေ အညစ်အကြေးတွေ အလွယ်တကူ ဝင်ရောက်နိုင်လို့ ဆားဝက်ခြံတွေ ဝက်ခြံတွေ ဖြစ်စေတော့တာပေါ့။

ချွေးပေါက်လေးတွေ ကျယ်လာစေတဲ့ တရားခံများ
မျိုးရိုးဗီဇ

- ချွေးပေါက်တွေကျယ်ခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ မျိုးရိုးလိုက်လို့ပါပဲ။
- သင့်မိဘတွေဟာ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဖြစ်ပြီးတော့ ချွေးပေါက်ကျယ်တွေလည်းရှိနေမယ်ဆိုရင် သင့်အသားအရေဟာလည်း ဒီလိုပဲဖြစ်ဖို့များတာပေါ့။
- ရှောင်လွှဲလို့မရတဲ့အချက်ပေမဲ့ အသားအရေကို သေချာဂရုစိုက်ပေးမယ်ဆိုရင် ဒီပြသနာဟာ အရမ်းမဆိုးနိုင်ဘူးနော်။

နေရောင်ခြည်ဒဏ်

- အရေပြားကို ဘာအကာအကွယ်မှ မလုပ်ထားဘဲ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင်တော့ ချွေးပေါက်တွေက ကျယ်လာမှာပါပဲ။
- ဘာလို့လဲဆိုတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ အရေပြားဟာ အလိုအလျောက်ထူလာတယ်လေ။
- ပြီးတော့ အရေပြားကဆဲလ်လေးတွေဟာ ချွေးပေါက်တွေရဲ့ပတ်လည်မှာ စုပုံလာလို့ ချွေးပေါက်နေရာတွေဟာ ဖောင်းကားလာတာကလည်း ချွေးပေါက်တွေကျယ်လာအောင် တွန်းအားပေးနေပြန်ပါတယ်။
- နေရောင်ဟာ အရေပြားက Collagen နဲ့Elastin ကို ပျက်စီးစေပြန်ရော။
- ချွေးပေါက်တွေ သေးငယ်ပြီး တင်းတင်းရင်းရင်းရှိနေအောင ်လုပ်ပေးတဲ့ Collagen က ပျက်စီးသွားတော့ ချွေးပေါက်တွေကလည်း ကျယ်လာတော့တာပေါ့။


မှားယွင်းသော အသားအရေထိန်းသိမ်းခြင်း
- ချွေးပေါက်ကျယ်တာတွေကို ဖြစ်စေတဲ့ အဓိကအချက်မှာ မှားယွင်းတဲ့ အသားအရေ ထိန်းသိမ်းနည်းတွေ ကြောင့်လည်း ပါပါတယ်။
- မိတ်ကပ်တွေကို သေချာမဖျက်ဘဲ အိပ်ယာဝင်တာ၊ တစ်နေ့ကို နှစ်ကြိမ်လောက် မျက်နှာမသစ်တာတွေပေါ့။
- အဲ့ဒီအမှားတွေကို ခုချက်ခြင်းပြုပြင်လိုက်တော့နော်။
- ပြီးတော့ တစ်ပတ်ကို ၁ ကြိမ် မျက်နှာပေါင်းတင်ပေးပါ။
- ဘာလို့လဲဆိုတော့ဆဲလ်အသေတွေကို ပုံမှန်မဖယ်ရှားရင် ဆဲလ်သေတွေက ချွေးပေါက်တွေမှာ စုပုံလာပြီး ချွေးပေါက်တွေ ပိုကျယ်လာနိုင်လို့ပါပဲ။

အရွယ်ရောက်ချိန်
- အပျိုဖော် လူပျိုဖော်ဝင်လာပြီဆိုရင် ဝက်ခြံတွေ ထွက်လာတတ်သလို ချွေးပေါက်ကျယ်တာတွေလည်း ဖြစ်လာတတ်တယ်လေ။
- အဲ့ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အဆီတွေအများကြီး ထွက်လာတတ်တယ်။
- ထွက်သလောက်အဆီတွေကို စွန့်ထုတ်နိုင်ဖို့ ချွေးပေါက်တွေလည်း အလိုလိုကျယ်လာရတာပေါ့။
- ဒါကတော့ ဆယ်ကျော်သက်တိုင်းလိုလို ကြုံရတာပဲနော်။
- အဲ့ဒီတော့ မျက်နှာကအဆီပိုတွေကို သေချာသန့်စင်ပေးပါ။
- အသားအရေကိုလဲ သေချာဂရုစိုက်ပေးဖို့ လိုတာပေါ့။

ဇရာ

- အသက်ကြီးလာတာနဲ့အမျှ အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်တွေ ထုတ်လုပ်မှုနည်းသွားလို့ အသားအရေလည်း တင်းရင်းမှုမရှိတော့ပဲ ချွေးပေါက်တွေ ကျယ်လာတာပါ။

ဝက်ခြံ
- ဝက်ခြံတွေနဲ့ ချွေးပေါက်ကျယ်တွေဟာ အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွမ်းမှီနေတာပါပဲ။ ချွေးပေါက်ကျယ်တွေ ပိတ်ဆို့လို့ ဝက်ခြံ ဆားဝက်ခြံတွေ ဖြစ်စေတယ်နော်။
- အဲလိုပဲ ဝက်ခြံ ဆားဝက်ခြံတွေကြောင့် ချွေးပေါက်တွေ ပိုပိတ်၊ ပိုးဝင်ရောင်ရမ်းတော့ ချွေးပေါက်တွေပိုကျယ် သံသရာကို လည်နေတော့တာပဲလေ။


အရေပြားမှာရေဓာတ်ခမ်းခြောက်ခြင်း
- အရေပြားမှာ ရေဓာတ်ခမ်းခြောက်တဲ့အခါမှာလည်း အသားအရေက တင်းရင်းမှုမရှိဘဲ ချွေးပေါက်တွေ ကျယ်လာတတ်တယ်နော်။


မိတ်ကပ်အလွန်အကျွံသုံးခြင်း
- မိတ်ကပ်တွေကြောင့် ချွေးပေါက်တွေ ပိတ်ရာကနေ ကျယ်လာတာပါ။

စားသောက်မှုပုံစံမှားယွင်းခြင်း
- ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားသောက်မှုပုံစံကြောင့် အဆီတွေပိုထွက်လာစေပြီး ချွေးပေါက်တွေ ပိုကျယ်လာတတ်တယ်နော်။


ဆေးလိပ်သောက်ခြင်း
- ဆေးလိပ်သောက်တာများတဲ့အခါ အရေပြားကို သွေးသွားတာနည်းသွားပါတယ်။
- အဲဒီအခါ အရေပြားရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ မလုပ်နိုင်တော့လို့ အရေပြားရဲ့ ကျုံ့ဆန့်နိုင်တဲ့ သတ္တိတွေလည်း လျော့နည်းလာပြီး ချွေးပေါက်တွေ ကျယ်လာတော့တာပေါ့။

Credit : ရင်နှင်းငယ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18