Print

အမြင်အာရုံ ချွတ်ယွင်းခြင်း

  07-Aug-2019
Preview Image

မျက်စိအတွင်း ရောဂါပိုးဝင်ရောက်၍ ရောင်ရမ်းသောအခါ မျက်ဝတ်များထွက်လာပြီး နီရဲနာကျင်တတ်ပါသည်။ ဤအခြေအနေကို မျက်စိနာခြင်း conjunctivitis ဟုခေါ်ပြီး ရက်အနည်းငယ်အတွင်း မသက်သာပါက ဆရာဝန်ကို ပြသရပါမည်။

အချို့သောသူများမှာ ပြင်းထန်သော နေရောင်ကြာရှည်ခံပါက မျက်စိနာတတ်ကြသဖြင့် နွေရာသီတွင် နေကာမျက်မှန်များ တပ်ဆင်သင့်ပါတယ်။ မျက်စိနှင့်ပတ်သက်၍ ဖြစ်ပွားတတ်သော အခြားပြဿနာတစ်ခုမှာ မျက်စိအတွင်း အရာဝတ္ထုတစ်ခုခု ဝင်သွားခြင်းဖြစ်၏။ ထိုသို့ဖြစ်လျှင် မျက်စိ၏ နုနယ်သောအလွှာကို ထိခိုက်စေသည့် လက်ဖြင့်ပွတ်ခြင်းကို လုံးဝမပြုလုပ်သင့်ပါ။ တစ်ယောက်က မျက်လုံးကို သေချာဖွင့်ပြီး စမ်းသပ်ကြည့်ရှုပေးသင့်
ပါသည်။ အပေါ်မျက်ခွံကို မျက်လုံးအောက်သို့ ကြည့်ခိုင်းပြီး၎င်း၊ အောက်မျက်ခွံကို မျက်လုံးအပေါ်သို့ ကြည့်ခိုင်းပြီးသော်၎င်း စစ်ဆေးရပါမည်။

ဝင်သောအရာကို မြင်ရပါက သန့်ရှင်းသော ဂွမ်းစ (သို့) သန့်ရှင်းသောလက်ကိုင်ပဝါ၏ အနားစွန်းကလေးဖြင့် ဖြည်းညင်းစွာ ထုတ်ပေးရမည်။ အခြားတနည်းအနေဖြင့် မျက်လုံးကို သန့်ရှင်းသောရေထဲတွင် ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့ ပြုလုပ်သော်လည်း မသက်သာပါက လူနာကို ဆရာဝန်ထံခေါ်၍ ပြသရပါမည်။ Glaucoma ၏ ရှေ့ပြေးလက္ခဏာတို့မှာ အမြင်အာရုံဝေသီခြင်း၊ အလင်းရောင်ပတ်ဝန်းကျင်တွင် မှုန်ဝါးနေခြင်းတို့ဖြစ်၏။ ထိုလက္ခဏာများ ပြလျှင်ဖြစ်စေ၊ မျက်လုံးအမြင်အာရုံ ရုတ်တရက်ပြောင်းလဲ သွားလျှင်ဖြစ်စေ ချက်ချင်း စုံစမ်းမှုပြုကြရမည်ဖြစ်သည်။

လူအများစုမှာ အသက် (၅ဝ) ပတ်ဝန်းကျင်တွင် မျက်မှန်တပ်ဆင်ရန် လိုအပ်ကြသည်။ မျက်လုံးအမြင် ချွတ်ယွင်းလာပါက အချိန်မဆွဲဘဲ တတ်ကျွမ်းသူတို့နှင့် ချက်ချင်းစစ်ဆေးသင့်ပြီး ၂ နှစ်တစ်ကြိမ်လည်း ထပ်မံ၍ စစ်ဆေးရန် လိုအပ်ပါသည်။ မျက်လုံးတွင် နာကျင်ခြင်း၊ မျက်ဝတ်အများအပြားထွက်ခြင်း၊ အမြင်အာရုံ လျော့နည်းခြင်း၊ မျက်လုံးနီရဲမှု ကြာရှည်စွာဖြစ်နေခြင်း၊ မျက်ရည်ကျခြင်းများ ဖြစ်နေပါကလည်း ကုသမှုခံယူရန် လိုအပ်ပါသည်။ အဝေးမှုန်ခြင်း (myopia) ဖြစ်ပါမူ လိုအပ်သော မျက်မှန်များ တပ်ဆင်ခြင်းအပြင်ခေတ်ပေါ်လေဆာ ကုထုံးသစ်များဖြင့်လည်း ကုသနိုင်ကြပြီဟု သိရ၏။

Credit : ဒေါက်တာမေမိုးနွယ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18