Print

ရေအိတ်ဘာကြောင့်ဖြစ်ရတာလဲ

  27-Jul-2019
Preview Image

ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျမပြောနိုင်ပေမဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာတာ၊ စိတ်ဖိစီးမှုများလာတာ တွေနဲ့အဓိကသက် ဆိုင်တယ်၊ ဓာတုဆိုးဆေးမကင်းတဲ့ အစားအသောက်တွေအစား များလာတယ်၊ အဲဒီဆိုးဆေး၊ ပလတ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံ ဆေးတွေထဲမှာ xenon estrogen တွေ ပါလာတယ်၊ အဲဒါတွေက အမျိုးသမီးတွေမှာသွားပြီး ဒုက္ခ ပေးတာလို့ ပြောပါတယ်။ သည်လို ရေအိတ်တည်တာက မျိုးရိုးနဲ့လည်း သက်ဆိုင်သလို ခပ်ဝဝ ဗိုက်ခေါက် ထူထူအမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုတယ်။ မမျိုးဥအိမ်မှာ အဓိကဖြစ်တာက အလုံးအကျိတ်နှစ်မျိုး ရှိပါတယ်။ ရေအိတ်တည်တာနဲ့ ကင်ဆာဖြစ်တာပါ။ သည်နေရာမှာ အရေးကြီးတာက screening test (ကြိုတင်စစ်ဆေးမှု) လည်း လုပ်လို့မရသေးဘူး။ မမျိုးဥအိမ်ကင်ဆာက လက္ခဏာမပြပါဘူး။ နောက်ကျမှ သိရတာများတာကြောင့် မမျိုးဥအိမ်ကင်ဆာက ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ မမျိုးဥအိမ်မှာ ရေအိတ်တည် တာကလည်း လက္ခဏာမပြတတ်ဘူး။ တခြားရောဂါ တစ်ခုခုကြောင့် သွားပြရင်း ဓာတ်မှန်ရိုက်မှ တွေ့တတ်တာမျိုးပါ။ ရေအိတ်တည်တာ အမျိုးမျိုးရှိပါတယ်။

Demoid cyst ခေါ်တဲ့ ရေအိတ်တည်တာက အများဆုံးဖြစ်တာ များပါတယ်။ ၉၅ ရာခိုင်နှုန်းက ကင်ဆာမဟုတ်ပါဘူး။ PCOS လို့ ခေါ်တဲ့ မမျိုးဥအိမ်မှာ အရေကြည်အိတ် ၁၂ လုံးအထက်ရှိတဲ့ရောဂါက အသက် ၃၀ ဝန်းကျင် အမျိုးသမီးတွေမှာ အဖြစ်များတယ်၊ ကလေးမရနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ PCOS ကြောင့် က ၃၀ ရာခိုင်နှုန်းလောက် သက်ဆိုင်တယ်၊ မမျိုးဥအိမ် (PCOS) မှာ ရေအိတ်တည်တာက နောက်ဆက်တွဲ ပြသနာတွေအနေနဲ့ ရေရှည်မှာ ဆီးချို၊ သွေးတိုးရောဂါ၊ သွေးတွင်း အဆီများတာ၊ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေနဲ့လဲ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ မမျိုးဥအိမ်မှာ ရေအိတ်တည် တာကသားဥကြွေတဲ့ အချိန်မှာ အဖြစ်များပါတယ်။ တချို့သူတွေမှာ ရေအိတ်ကြောင့် ပုံမှန်ရာသီမလာဘဲ နောက်ကျတာရှိသလို သွေးဆင်းများတာတွေလည်း ဖြစ်လာပါတယ်။ တချို့ကျတော့ ရေအိတ်ဖြစ် နေမှန်းကို မသိဘူး၊ ရေအိတ်က ကြီးပြီးတင်းလာမှ နာလာမှ၊ ပေါက်ထွက်သွားတာမျိုး၊ အထဲမှာ လိမ်သွားပြီးနာလာမှ အရေးပေါ်ခွဲစိတ်ကုသရတာလဲ ရှိတယ်။ ရေအိတ်တည်သူတွေမှာ ဟော်မုန်းတွေ ပုံမမှန်ဖြစ်ပြီး ရာသီမမှန်တာ၊ ဝက်ခြံထွက်တာ၊ မျက်နှာမှာ အဆီတွေထွက်လာတာ၊ အမွေး အမျှင်တွေ ထူလာတာလည်း ရှိပါတယ်။ ဟော်မုန်းပုံမမှန်ဖြစ်ရတဲ့ အကြောင်းရင်းများစွာထဲမှာ စိတ်ဝင်စားစရာက ဥပမာ- မွေးမြူရေးဝက်တွေ စားသုံးတာနဲ့လည်း ဆက်စပ်နေတယ်လို့ ယူဆတယ်။


မွေးုမြူ ရေးဝက်တွေကပုံမှန် တစ်နှစ်လောက်နဲ့ ကြီးထွားရမှာကိုအခု နောက်ပိုင်းခြောက်လနဲ့ အမြန်ကြီးထွားအာင် ဟော်မုန်းဆေးတွေ ကျွေးလာကြတယ်လို့ ဆိုတယ်။ အဲသည်ဟော်မုန်းဓာတ်တွေက အမျိုးသမီးရဲ့ မမျိုးဥအိမ်မှာ ရေအိတ်တည်ဖို့ တွန်းအားပေးသလို ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ရေအိတ်တည်တဲ့အခါ အမျိုးသမီးတွေကို အာထရာဆောင်း ရိုက်တာ၊ ဟော်မုန်း level စစ်တာတွေလုပ်ပြီး လိုအပ်ရင်သောက်ဆေးပေးတာ ပြုလုပ်ပါတယ်။ ရေအိတ်အရွယ်အစားက နှစ်စင်တီမီတာလောက်ဆို စောင့်ကြည့်တာ မျိုးရှိပေမဲ့ ငါးစင်တီမီတာအထက် ရှိနေမယ်။ တဖြည်းဖြည်းနဲ့ ကြီးလာမယ်ဆိုရင် ခွဲစိတ်ပြီး ကုသရတယ်လို့ သိရတယ်။ အခုနောက်ပိုင်း ဆေးရုံဆေးခန်းတွေမှာ ဒီလိုမျိုး လူနာတွေအတွေ့ရများလာတယ်၊ အမျိုးသမီးတွေအနေနဲ့ နေထိုင်စားသောက်မှု ပုံစံကိုပြောင်းလဲရမယ်၊ စိတ်ဖိစီးမှု နည်းအောင်နေရမယ်၊ လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်တယ်၊ ကိုယ့်မှာရှိတဲ့ ကိုယ်အလေးချိန်ရဲ့ ငါးရာခိုင်နှုန်းလောက် ချဖို့လိုတယ်၊ အဝမလွန်စေနဲ့၊ နောက်ဓာတုဆိုးဆေး၊ ပလတ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံဆေးတွေပါတဲ့ အစားအစာတွေ ကို တတ်နိုင်ရင် ရှောင်ရမယ်လို့ အ ကြံပြုပါတယ်။

Credit : Htetwaiyan68

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18