Print

ခိုတွေက အမျိုးသမီးတွေရဲ့ရင်သားကင်ဆာကို ပါရဂူဆရာဝန်တွေနီးပါး တိကျစွာရော...

  26-Jul-2019
Preview Image

ခိုတွေဟာ ရင်သားကင်ဆာကို ဆရာဝန်တွေနီးပါး မှန်ကန်တိကျစွာ ရောဂါရှာပေးနိုင်ကြောင်း သုတေသန ပညာရှင်တွေက အတည်ပြုပေးပြီးနောက်၊ မကြာခင် ဆေးရုံတွေမှာ ခိုတွေကို မြင်တွေ့ရဖို ့ရှိပါတယ်။ ခိုလေးတွေဟာ အမျိုးသမီးတွေရဲ့ရင်သားကို X-ray သုံးပြီးစစ်ထားတဲ့ ဓာတ်မှန်တွေနဲ ့ကင်ဆာစစ်တဲ့အသားမျှင် နမူနာဆလိုက်တွေက ကင်ဆာတစ်သျှူးတွေကို သင်ပေးပြီး ရှာလို ့ရနိုင်ကြောင်းကို အမေရိကန်နိုင်ငံက သိပ္ပံပညာရှင်တွေ သိရှိခဲ့ရပြီးနောက် အံ့အားသင့်ခဲ့ရတယ်လို့သိရပါတယ်။ နှစ်ပေါင်းများစွာ ဆေးပညာကို လေ့လာဆည်းပူးလားတဲ့ ဆရာဝန်တွေတောင် တစ်ခါတစ်လေ ဒီစစ်ဆေးမှုရဲ့အချက်အလက်တွေကို ဖော်နိုင်ဖို့အတွက် ခက်ခဲရပေမယ့် ခိုတွေကတော့ ရက်သတ္တပတ်နှစ်ပတ်အတွင်း လူနာတွေရဲ့ ၈၅ ရာခိုင်နှုန်းကို မှန်ကန်စွာ ဖော်ထုတ်ပေးနိုင်တယ်လို့ဆိုပါတယ်။ “ အစာကျွေး၊ သင်ကြားပေးရုံနဲ့၊ ခိုတွေဟာ လူသားတွေနီးပါး ခန့်မှန်းနိုင်ပါတယ်” လို့ပရော်ဖက်ဆာ Richard Levenson က ပြောပြခဲ့ပါတယ်။“ ခိုတွေဟာ ရင်သားကင်ဆာစစ်ဆေးတဲ့ ဆလိုက်တွေမှာ ကင်ဆာဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာကို ခွဲခြားရာမှာ
တော်တော်ကျွမ်းကျင်ပါတယ်။

 

 ပထမဦးဆုံးတစ်ရက်မှာ ၅ဝ ရာခိုင်နှုန်းမှန်အောင် ခန့်မှန်းနိုင်ခဲ့ပြီး ၁၃ ရက် ၁၅ ရက်အကြာမှာတော့ ၈ဝ ရာခိုင်နှုန်းတိကျမှုရှိပါတယ်” စမ်းသပ်မှုမှာ ငှက်ရှစ်ကောင်ပါဝင်ခဲ့ပြီး ကင်ဆာမဖြစ်နိုင်တဲ့ တစ်သျူးပုံရပ်အတွက် အပြာရောင်ခလုတ်နဲ့ ကင်ဆာဖြစ်နိုင်တဲ့တစ်သျူးအတွက် အဝါရောင်ခလုတ်ကို နှုတ်သီးနဲ့ တောက်ပြဖို ့ သင်ကြားပေးခဲ့တာဖြစ်ပြီး မှန်အောင်ခန့်မှန်းနိုင်ရင်၊ ဆုအဖြစ် အစာကျွေးခဲ့တာဖြစ်ပါတယ်။ ခိုတွေဟာ ရင်သားကင်ဆာစစ်ဆေးမှု ဓာတ်မှန်တွေက မိုက်ခရိုစကုပ်နဲ့ကြည့်မှမြင်နိုင်ပြီး၊ ကင်ဆာရဲ့ကနဦးလက္ခဏာဖြစ်တဲ့ ထုံးဓာတ်အကွက်တွေ ဖြစ်ပေါ်မှုကိုလည်း သိရှိနိုင်တယ်လို့သိရပါတယ်။ ခိုတွေမှာ လူ ့လက်ညှိုးထိပ်ထက်မကြီးတဲ့ ဦးနှောက်ကလေးတွေသာ ရှိပေမယ့် လူတွေလိုပဲ အာရုံကြောလမ်းကြောင်း ကလေးတွေရှိပါတယ်။ ဒီ့အပြင် ခိုတွေဟာ စာလုံးအက္ခရာတွေကိုလည်း ခွဲခြားသိရှိနိုင်ပြီး ပန်းချီဆရာအမျိုးမျိုးရဲ့ပန်းချီကားတွေကို ခွဲပြ နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

Credit : Trend Myanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18